ရဲလုပ္ငန္းစဥ္တြင္ ပူးေပါင္းကူညီသည့္ ေက်ာက္မဲၿမိဳ႕မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ျပည္သူႏွင့္ လူမႈကူညီေရးအသင္းမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္

ရဲလုပ္ငန္းစဥ္တြင္ ပူးေပါင္းကူညီသည့္ ေက်ာက္မဲၿမိဳ႕မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ျပည္သူႏွင့္ လူမႈကူညီေရးအသင္းမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္
အောက်တိုဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕တြင္ ေအာက္တုိ္ဘာလ (၁)ရက္ေန႔ နံနက္ပိုင္းက က်င္းပသည့္ (၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔ အထိမ္းအမွတ္ အခမ္းအနား၌ ရဲတပ္ဖြဲ႔ လုပ္ငန္းစဥ္မ်ားတြင္ ရဲတပ္ဖြဲ႔ႏွင့္အတူ ပူးေပါင္းေဆာင္ရြက္ေပးခဲ့ၾကသည့္ ေက်ာက္မဲၿမိဳ႕မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး (၉)ဦး၊ ျပည္သူ(၆)ဦး၊ လူမႈကူညီေရးအသင္း(၅)ခုအား ဂုဏ္ျပဳမွတ္တမ္းမ်ား ခ်ီးျမႇင့္လိုက္သည္။

၂၀၁၇ ခုႏွစ္အတြင္း တရားမဝင္ေက်ာက္မ်က္ အမ်ားဆံုးေဖာ္ထုတ္ႏိုင္ခဲ့သည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၊ မူးယစ္ေဆးဝါး အမ်ားဆံုး ေဖာ္ထုတ္ႏိုင္ခဲ့သည့္ သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ၊ ေလာင္းကစားမႈ အမ်ားဆံုး ေဖာ္ထုတ္ႏိုင္ခဲ့သည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ေလာင္းကစားေငြအမ်ားဆံုးေဖာ္ထုတ္ ဖမ္းဆီးႏိုင္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ေျပး(၄)ေျပး ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၊ တရားမဝင္သစ္မ်ား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေနာင္ခ်ိဳၿမိဳ႕နယ္ ကုန္းသာေက်းရြာမွ အရပ္သားတစ္ဦးအား ျပန္ေပးဆြဲသတ္ျဖတ္ခံရမႈကို အခ်ိန္တိုအတြင္း ေဖာ္ထုတ္ေပးႏိုင္ခဲ့သည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ေက်ာက္မဲၿမိဳ႕ရွိ ရတနာေရႊဆိုင္တစ္ခုမွ ေရႊထည္ပစၥည္း(၂၇)မ်ိဳး ခိုးယူခံရမႈျဖစ္စဥ္အား (၂၄)နာရီအတြင္းေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔တို႔အျပင္ ရဲတပ္သားသစ္အမ်ားဆံုး စုေဆာင္းႏိုင္မႈႏွင့္ သင္တန္းထူးခၽြန္ဆုမ်ားကိုလည္း ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့သည္။

၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအား ထူးခြ်န္စြာေအာင္ျမင္ခဲ့သည့္ ရဲတပ္ဖြဲ႔မိသားစုမွ ေက်ာင္းသူေက်ာင္းသားမ်ား၊ ရဲတပ္ဖြဲ႔ဝင္မ်ား၏ မိသားစုဝင္မ်ားတြင္ ေနအိမ္လိုင္းခန္း သန္႔ရွင္းျခင္းႏွင့္ ဘက္စံုထူးခြ်န္ဆုမ်ားကိုလည္း ခ်ီးျမႇင့္ခဲ့သည္။

အခမ္းအနားသို႔ ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႔၊ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔၊ ေနာင္ခ်ိဳၿမိဳ႕မရဲတပ္ဖြဲ႔ ႏွင့္ သီေပါၿမိဳ႕မရဲတပ္ဖြဲ႔တို႔မွ ရဲတပ္ဖြဲ႔ဝင္မ်ား၊အမွတ္(၁၂၀) ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးဌာန၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေက်ာက္မဲရွိဌာနဆိုင္ရာမ်ားမွ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် အောက်တို်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား၌ ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်များတွင် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ကျောက်မဲမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၉)ဦး၊ ပြည်သူ(၆)ဦး၊ လူမှုကူညီရေးအသင်း(၅)ခုအား ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်လိုက်သည်။

၂၀၁၇ ခုနှစ်အတွင်း တရားမဝင်ကျောက်မျက် အများဆုံးဖော်ထုတ်နိုင်ခဲ့သည့် နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး အများဆုံး ဖော်ထုတ်နိုင်ခဲ့သည့် သီပေါမြို့နယ်ရဲတပ်ဖွဲ့၊ လောင်းကစားမှု အများဆုံး ဖော်ထုတ်နိုင်ခဲ့သည့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့၊ လောင်းကစားငွေအများဆုံးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့၊ ပြေး(၄)ပြေး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့၊ တရားမဝင်သစ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် သီပေါမြို့နယ်ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ် ကုန်းသာကျေးရွာမှ အရပ်သားတစ်ဦးအား ပြန်ပေးဆွဲသတ်ဖြတ်ခံရမှုကို အချိန်တိုအတွင်း ဖော်ထုတ်ပေးနိုင်ခဲ့သည့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့၊ ကျောက်မဲမြို့ရှိ ရတနာရွှေဆိုင်တစ်ခုမှ ရွှေထည်ပစ္စည်း(၂၇)မျိုး ခိုးယူခံရမှုဖြစ်စဉ်အား (၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့တို့အပြင် ရဲတပ်သားသစ်အများဆုံး စုဆောင်းနိုင်မှုနှင့် သင်တန်းထူးချွန်ဆုများကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့မိသားစုမှ ကျောင်းသူကျောင်းသားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များတွင် နေအိမ်လိုင်းခန်း သန့်ရှင်းခြင်းနှင့် ဘက်စုံထူးချွန်ဆုများကိုလည်း ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့၊ ကျောက်မဲမြို့မရဲတပ်ဖွဲ့၊ နောင်ချိုမြို့မရဲတပ်ဖွဲ့ နှင့် သီပေါမြို့မရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင်များ၊အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးဌာန၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်မဲရှိဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~