လာအိုနိုင်ငံ ရွှေတြိဂံဒေသတွင် ရွှေတြိဂံဆရာတော် Ph.D ဒေါက်တာဘွဲ့ရခြင်း အထိမ်းအမှတ်အဖြစ် (၃)ညတိုင်တိုင် တရားပွဲ စတင်ကျင်းပ

လာအိုနိုင်ငံ ရွှေတြိဂံဒေသတွင် ရွှေတြိဂံဆရာတော် Ph.D ဒေါက်တာဘွဲ့ရခြင်း အထိမ်းအမှတ်အဖြစ် (၃)ညတိုင်တိုင် တရားပွဲ စတင်ကျင်းပ
အောကျတိုဘာ 10, 2017
By Tachileik News Agency

လာအိုနိုင်ငံ ရွှေတြိဂံဒေသရှိ  မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်သည် သာသနာ့ တက္ကသီလဓမ္မာစရိယ Ph.D ဒေါက်တာဘွဲ့ရရှိခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် (၃)ညတိုင်တိုင် တရားပွဲအား၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် စတင်ရာ လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများ တရားနာ လာရောက်ကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံဒေသ မြန်မာရွာရှိ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် သာသနာ့ တက္ကသီလဓမ္မာစရိယ B.A(Buddhism), M.A(Buddhist studies)ရွှေတြိဂံဆရာတော် အရှင်စန္ဒကုမာရသည် Ph.D(Philosophy) ဒေါက်တာဘွဲ့  ရရှိခြင်း အထိမ်းအမှတ်အဖြစ် ဂုဏာပူဇာဓမ္မသဘင်အား အဆိုပါ ကျောင်းတိုက်အနီး ရွာထိပ်တွင် (၃)ညတိုင်တိုင် ကျင်းပနေလျက်ရှိရာ ပထမည ဖြစ်သည့် အောက်တိုဘာလ(၁၀)ရက်နေ့ ညတွင် ရွှေတြိဂံဆရာတော် ဒေါက်တာ အရှင်စန္ဒကုမာရမှ တရားတော်ဟောကြားတော်မူကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယညဖြစ်သည့် အောက်တိုဘာလ(၁၁)ရက်နေ့ ညတွင် မကွေးမြို့ ရတနာသိဒ္ဓိ စာသင်တိုက်မှ ပဓာနနာယက သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေသ၀မှ လည်းကောင်း၊ တတိယညဖြစ်သည့် အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကိုရီးယားဆရာတော် မနာပဒါယီ အရှင်ဝီစိတ္တမှလည်းကောင်း ဟောကြားတော်မူမှာဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၁၃)ရက်နေ့ ညပိုင်းတွင် လာအိုနိုင်ငံ ရွှေတြိဂံဒေသ၊ မြန်မာဘုန်းတော်ကြီးကျောင်းတိုက် အနီးတွင် Ph.D ဒေါက်တာဘွဲ့ ရွှေတြိဂံဆရာတော်အား ဂုဏ်ပြုပူဇော်သည့် အနေဖြင့် အဆိုတော် ခင်ပိုးပန်းချီ၏ သီဆိုဖျော်ဖြေပွဲအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရွှေပြည်ကျော်(ဓါတ်ပုံ/ဗီဒီယို)



~~~~~~~~⊰❂ unicode ~~~~~~~~

လာအိုနိုင်ငံ ရွှတြေိဂံဒေသရှိ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်သည် သာသနာ့ တက္ကသီလဓမ္မာစရိယ Ph.D ဒေါက်တာဘွဲ့ရရှိခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် (၃)ညတိုင်တိုင် တရားပွဲအား၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် စတင်ရာ လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများ တရားနာ လာရောက်ကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှတြေိဂံဒေသ မြန်မာရွာရှိ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် သာသနာ့ တက္ကသီလဓမ္မာစရိယ B.A(Buddhism), M.A(Buddhist studies)ရွှတြေိဂံဆရာတော် အရှင်စန္ဒကုမာရသည် Ph.D(Philosophy) ဒေါက်တာဘွဲ့ ရရှိခြင်း အထိမ်းအမှတ်အဖြစ် ဂုဏာပူဇာဓမ္မသဘင်အား အဆိုပါ ကျောင်းတိုက်အနီး ရွာထိပ်တွင် (၃)ညတိုင်တိုင် ကျင်းပနေလျက်ရှိရာ ပထမည ဖြစ်သည့် အောက်တိုဘာလ(၁၀)ရက်နေ့ ညတွင် ရွှတြေိဂံဆရာတော် ဒေါက်တာ အရှင်စန္ဒကုမာရမှ တရားတော်ဟောကြားတော်မူကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယညဖြစ်သည့် အောက်တိုဘာလ(၁၁)ရက်နေ့ ညတွင် မကွေးမြို့ ရတနာသိဒိ္ဓ စာသင်တိုက်မှ ပဓာနနာယက သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တကေသဝမှ လည်းကောင်း၊ တတိယညဖြစ်သည့် အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကိုရီးယားဆရာတော် မနာပဒါယီ အရှင်ဝီစိတ္တမှလည်းကောင်း ဟောကြားတော်မူမှာဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၁၃)ရက်နေ့ ညပိုင်းတွင် လာအိုနိုင်ငံ ရွှတြေိဂံဒေသ၊ မြန်မာဘုန်းတော်ကြီးကျောင်းတိုက် အနီးတွင် Ph.D ဒေါက်တာဘွဲ့ ရွှတြေိဂံဆရာတော်အား ဂုဏ်ပြုပူဇော်သည့် အနဖြေင့် အဆိုတော် ခင်ပိုးပန်းချီ၏ သီဆိုဖျော်ဖြေပွဲအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရွှပြေည်ကျော်(ဓာတ်ပုံ/ဗီဒီယို)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~