နမ့္ဆန္ၿမိဳ႕နယ္ မန္လြယ္ေက်းရြာမွ အမ်ိဳးသမီးတစ္ဦး လက္ဖက္ၿခံမွအျပန္ မုိင္းနင္းမိ၍ ေသဆံုး

နမ့္ဆန္ၿမိဳ႕နယ္ မန္လြယ္ေက်းရြာမွ အမ်ိဳးသမီးတစ္ဦး လက္ဖက္ၿခံမွအျပန္ မုိင္းနင္းမိ၍ ေသဆံုး
အောက်တိုဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕နယ္ အထက္မန္လြယ္ေက်းရြာအနီးတြင္ ေအာက္တိုဘာလ (၂၀) ရက္ေန႔ နံနက္က လက္ဖက္စိုက္ခင္းမွအျပန္ မုိင္းနင္းမိသည့္ ေဒသခံအမ်ိဳးသမီးတစ္ဦးအား လားရိႈးေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

လက္ဖက္စိုက္ခင္းမွ ျပန္လာသည့္ အသက္ (၂၀)အရြယ္ မအီနာင္သည္ နံနက္ (၈)နာရီခြဲခန္႔တြင္ မိုင္းနင္းမိသျဖင့္ ရြာသို႔သယ္ေဆာင္လာၿပီး ေန႔လယ္ (၁၂)နာရီေက်ာ္ေက်ာ္တြင္ လားရိႈးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေနစဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီ ဒီေကာင္မေလးက လက္ဖက္ၿခံကေနျပန္လာတာ။ ရန္ကင္းေတာင္ဘုရားနားေရာက္ေတာ့ မိုင္းနင္းမိတယ္။ ေျခေထာက္ေတြ ဆိုးဆိုးဝါးဝါး ဒဏ္ရာရတယ္။ ေက်းရြာကိုသယ္လာၿပီး ေန႔လယ္ (၁၂) နာရီေလာက္မွာ လားရႈိးကိုပို႔ေနတုန္း လမ္းခုလတ္မွာ ေသဆံုးသြားတဲ့အတြက္ ေက်းရြာကို ျပန္သယ္လာခဲ့ရပါတယ္”ဟု မန္လြယ္(အထက္)ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းထိုက္ေဇာ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းနင္းမိသူအား ေက်းရြာမွသူနာျပဳအကူအညီျဖင့္ အေရးေပၚကူညီမႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး လားရိႈးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရြာမွာရိွတဲ့နာ့စ္မတစ္ေယာက္ အကူအညီနဲ႔ ပတ္တီးစည္း၊ အကိုက္အခဲေပ်ာက္ေဆးထိုးေပး၊ ေမးခိုင္ကာကြယ္ ေဆးထိုးေပးနဲ႔ေတာ့ လုပ္ေပးပါတယ္။ ကေလးမက ငယ္လည္းငယ္ေတာ့ ေၾကာက္လန္႔ေနတာေပါ့”ဟု မာန္လြယ္ေက်းရြာမွ ဆရာေတာ္ ဦးေသာဘိတက မိန္႔သည္။

မန္လြယ္ေက်းရြာအနီးတြင္ ေျမျမဳပ္မိုင္းနင္းမိမႈမ်ား မၾကာခဏျဖစ္ပြားေနၿပီး ေအာက္တိုဘာလ (၁၉) ရက္ေန႔ ညေန(၃)နာရီခန္႔ကလည္း မန္လြယ္(အထက္)ေက်းရြာအနီး လံုးေတာက္လမ္းခြဲအနီးတြင္ ႏြားတစ္ေကာင္မိုင္းထိကာ ေသဆံုးခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #MSK

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာမှ အမျိုးသမီးတစ်ဦး လက်ဖက်ခြံမှအပြန် မိုင်းနင်းမိ၍ သေဆုံး
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာအနီးတွင် အောက်တိုဘာလ (၂၀) ရက်နေ့ နံနက်က လက်ဖက်စိုက်ခင်းမှအပြန် မိုင်းနင်းမိသည့် ဒေသခံအမျိုးသမီးတစ်ဦးအား လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

လက်ဖက်စိုက်ခင်းမှ ပြန်လာသည့် အသက် (၂၀)အရွယ် မအီနာင်သည် နံနက် (၈)နာရီခွဲခန့်တွင် မိုင်းနင်းမိသဖြင့် ရွာသို့သယ်ဆောင်လာပြီး နေ့လယ် (၁၂)နာရီကျော်ကျော်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ ဒီကောင်မလေးက လက်ဖက်ခြံကနေပြန်လာတာ။ ရန်ကင်းတောင်ဘုရားနားရောက်တော့ မိုင်းနင်းမိတယ်။ ခြေထောက်တွေ ဆိုးဆိုးဝါးဝါး ဒဏ်ရာရတယ်။ ကျေးရွာကိုသယ်လာပြီး နေ့လယ် (၁၂) နာရီလောက်မှာ လားရှိုးကိုပို့နေတုန်း လမ်းခုလတ်မှာ သေဆုံးသွားတဲ့အတွက် ကျေးရွာကို ပြန်သယ်လာခဲ့ရပါတယ်”ဟု မန်လွယ်(အထက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းနင်းမိသူအား ကျေးရွာမှသူနာပြုအကူအညီဖြင့် အရေးပေါ်ကူညီမှုများ လုပ်ဆောင်ပေးခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာမှာရှိတဲ့နာ့စ်မတစ်ယောက် အကူအညီနဲ့ ပတ်တီးစည်း၊ အကိုက်အခဲပျောက်ဆေးထိုးပေး၊ မေးခိုင်ကာကွယ် ဆေးထိုးပေးနဲ့တော့ လုပ်ပေးပါတယ်။ ကလေးမက ငယ်လည်းငယ်တော့ ကြောက်လန့်နေတာပေါ့”ဟု မာန်လွယ်ကျေးရွာမှ ဆရာတော် ဦးသောဘိတက မိန့်သည်။

မန်လွယ်ကျေးရွာအနီးတွင် မြေမြုပ်မိုင်းနင်းမိမှုများ မကြာခဏဖြစ်ပွားနေပြီး အောက်တိုဘာလ (၁၉) ရက်နေ့ ညနေ(၃)နာရီခန့်ကလည်း မန်လွယ်(အထက်)ကျေးရွာအနီး လုံးတောက်လမ်းခွဲအနီးတွင် နွားတစ်ကောင်မိုင်းထိကာ သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #MSK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~