ေနာင္ခ်ိဳၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ခရီးသည္တင္ကားမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားတစ္ေသာင္း ဖမ္းဆီးရမိ

ေနာင္ခ်ိဳၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ခရီးသည္တင္ကားမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားတစ္ေသာင္း ဖမ္းဆီးရမိ
အောက်တိုဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္အနီး မူဆယ္ - မႏၲေလး ျပည္ေထာင္စု ကားလမ္းတြင္ ေအာက္တိုဘာလ (၂၈) ရက္ေန႔ေန႔ နံနက္ (၇)နာရီအခ်ိန္က ခရီးသည္တင္ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ ခရီးသည္ထံမွ စိတ္ၾကြရူးသြပ္ေဆးျပားတစ္ေသာင္း စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ အိုရီယမ္တယ္တိုးဂိတ္အနီး မူဆယ္ - မႏၲေလး ျပည္ေထာင္စုကားလမ္းတြင္ စစ္ေဆးေနစဥ္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္တစ္စီးအား ရွာေဖြရာ ခရီးသည္ ေဘာက္မိုင္ႏွင့္ ၎၏တူျဖစ္သူ ဆိုင္းေအာင္(ခ)စိုးမိုးေက်ာ္တို႔၏ ပလတ္စတစ္ဆြဲျခင္းအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္ေသာင္းအား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေဘာက္မိုင္ႏွင့္ ဆိုင္းေအာင္(ခ)စိုးမိုးေက်ာ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။
သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခရီးသည်တင်ကားမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်း ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းတွင် အောက်တိုဘာလ (၂၈) ရက်နေ့နေ့ နံနက် (၇)နာရီအချိန်က ခရီးသည်တင်မော်တော်ယာဉ်အား ရှာဖွေရာ ခရီးသည်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ် - မန္တလေး ပြည်ထောင်စုကားလမ်းတွင် စစ်ဆေးနေစဉ် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ ခရီးသည် ဘောက်မိုင်နှင့် ၎င်း၏တူဖြစ်သူ ဆိုင်းအောင်(ခ)စိုးမိုးကျော်တို့၏ ပလတ်စတစ်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းအား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဘောက်မိုင်နှင့် ဆိုင်းအောင်(ခ)စိုးမိုးကျော်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~