မိုင္းယုၿမိဳ႕နယ္ ေကာ္ဆမ္မိန္းရြာမွ ငွက္ေပ်ာျခံလုပ္သားႏွစ္ဦး အရက္ေသာက္ရင္း ဓါးခုတ္မႈျဖစ္ပြား

မိုင္းယုၿမိဳ႕နယ္ ေကာ္ဆမ္မိန္းရြာမွ ငွက္ေပ်ာျခံလုပ္သားႏွစ္ဦး အရက္ေသာက္ရင္း ဓါးခုတ္မႈျဖစ္ပြား
အောက်တိုဘာ 21, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕နယ္ ဝမ္တာၾကန္႔ေက်းရြာအုပ္စု၊ ေကာ္ဆမ္မိန္းေက်းရြာအနီး  ငွက္ေပ်ာျခံအလုပ္သမားတဲ၌ ေအာက္တိုဘာလ (၂၁) ရက္ေန႔ နံနက္ (၅) နာရီေက်ာ္ခန္႔တြင္ ျခံလုပ္သားႏွစ္ဦး အရက္အတူေသာက္ရင္းရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

မိုင္းယုျပည္သူ႕ေဆး႐ုံသို႔ နံနက္ (၇) နာရီေက်ာ္ခန္႔က လူနာတစ္ဦး ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေရာက္ရိွလာေၾကာင္း အေၾကာင္းၾကားလာသျဖင့္ မိုင္းယုနယ္ေျမရဲစခန္းမွ တာဝန္မွဴး ရဲအုပ္ စိုးျမင့္သူႏွင့္ တာဝန္က်တပ္ဖြဲ႔မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ  ဝမ္တာၾကန္႔ေက်းရြာအုပ္စု၊ ေကာ္ဆမ္မိန္းေက်းရြာအနီး  ငွက္ေပ်ာျခံလုပ္သား အသက္ (၂၅)ႏွစ္အရြယ္ ရန္စိမ့္ႏွင့္ အသက္ (၁၇)ႏွစ္အရြယ္ ဟူလီစန္႔တို႔ အရက္ေသာက္ရင္း စကားမ်ားရန္ျဖစ္ရာမွ ဟူလီစန္႔အား ဓါးျဖင့္ခုတ္လိုက္သျဖင့္ ဝဲဘက္လည္ပင္းတြင္ ငါးလက္မခန္႔ ျပတ္ရွဒဏ္ရာတစ္ခ်က္ႏွင့္ ဝဲဘက္လက္ဖ်ံတြင္ ႏွစ္လက္မခန္႔ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းယုနယ္ေျမရဲစခန္းတြင္ (ပ)၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ-၃၂၆ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #ကိုနိုင္(MYu)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမြို့နယ် ကော်ဆမ်မိန်းရွာမှ ငှက်ပျောခြံလုပ်သားနှစ်ဦး အရက်သောက်ရင်း ဓါးခုတ်မှုဖြစ်ပွား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာအနီး  ငှက်ပျောခြံအလုပ်သမားတဲ၌ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၅) နာရီကျော်ခန့်တွင် ခြံလုပ်သားနှစ်ဦး အရက်အတူသောက်ရင်းရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်ပွားကြောင်း သိရသည်။

မိုင်းယုပြည်သူ့ဆေးရုံသို့ နံနက် (၇) နာရီကျော်ခန့်က လူနာတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ရောက်ရှိလာကြောင်း အကြောင်းကြားလာသဖြင့် မိုင်းယုနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ် စိုးမြင့်သူနှင့် တာဝန်ကျတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ  ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာအနီး  ငှက်ပျောခြံလုပ်သား အသက် (၂၅)နှစ်အရွယ် ရန်စိမ့်နှင့် အသက် (၁၇)နှစ်အရွယ် ဟူလီစန့်တို့ အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ ဟူလီစန့်အား ဓါးဖြင့်ခုတ်လိုက်သဖြင့် ဝဲဘက်လည်ပင်းတွင် ငါးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဝဲဘက်လက်ဖျံတွင် နှစ်လက်မခန့်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYu)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~