မိုင္းယုၿမိဳ႕တြင္ ျပည္နယ္အစိုးရရန္ပံုေငြ က်ပ္ (၁၅၃)သန္းေက်ာ္ျဖင့္ ေထြအုပ္ဝန္ထမ္းအိမ္ယာ တည္ေဆာက္ေန

မိုင္းယုၿမိဳ႕တြင္ ျပည္နယ္အစိုးရရန္ပံုေငြ က်ပ္ (၁၅၃)သန္းေက်ာ္ျဖင့္ ေထြအုပ္ဝန္ထမ္းအိမ္ယာ တည္ေဆာက္ေန
အောက်တိုဘာ 31, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)  တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕တြင္ ျပည္နယ္အစိုးရ ရန္ပံုေငြ က်ပ္ (၁၅၃ ဒႆမ ၃) သန္းျဖင့္ စိုင္းရွဲန္ရြက္ကုမၸဏီလိမီတက္က တာဝန္ယူေဆာက္လုပ္ေနသည့္ မိုင္းယုအေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံး၏ ဝန္ထမ္းအိမ္ယာအား ၂၀၁၈ ခုနွစ္ မတ္လ တတိယပတ္တြင္ အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ျပည္နယ္အစိုးရ၏ ခြင့္ျပဳရန္ပုံေငြ က်ပ္ (၁၅၃ ဒႆမ ၃) သန္းျဖင့္ မိုင္းယုအေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံး၏ ဝန္ထမ္းအိမ္ယာ ေလးခန္းတြဲ RC ႏွစ္ထပ္ေဆာင္ အျမင့္ (၂၃) ေပ၊ အလ်ား  (၉၆) ေပ၊ အနံ ၃၆ ေပအေဆာက္အဦအား စိုင္းရွဲန္ရြက္ကုမၸဏီလိမီတက္က ေအာက္တိုဘာလ ဒုတိယပတ္တြင္ စတင္ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဆာက္လုပ္မႈအား က႑အလိုက္ သတ္မွတ္စံခ်ိန္စံညႊန္းႏွင့္ ကိုက္ညီေစေရး၊ အေဆာက္အဦ အရည္အေသြးျပည့္မီေစေရးတို႔အတြက္ ၿမိဳ႕နယ္တည္ေဆာက္ေရး လုပ္ငန္းစိစစ္ေရးေကာ္မတီအဖြဲ႕မ်ားက အဆင့္ဆင့္္ စစ္ေဆးမႈမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုနိုင္(MYu)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမြို့တွင် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ် (၁၅၃)သန်းကျော်ဖြင့် ထွေအုပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်နေ
*************
ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ် (၁၅၃ ဒဿမ ၃) သန်းဖြင့် စိုင်းရှဲန်ရွက်ကုမ္ပဏီလိမီတက်က တာဝန်ယူဆောက်လုပ်နေသည့် မိုင်းယုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၏ ဝန်ထမ်းအိမ်ယာအား ၂၀၁၈ ခုနှစ် မတ်လ တတိယပတ်တွင် အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၅၃ ဒဿမ ၃) သန်းဖြင့် မိုင်းယုအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဝန်ထမ်းအိမ်ယာ လေးခန်းတွဲ RC နှစ်ထပ်ဆောင် အမြင့် (၂၃) ပေ၊ အလျား  (၉၆) ပေ၊ အနံ ၃၆ ပေအဆောက်အဦအား စိုင်းရှဲန်ရွက်ကုမ္ပဏီလိမီတက်က အောက်တိုဘာလ ဒုတိယပတ်တွင် စတင်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆောက်လုပ်မှုအား ကဏ္ဍအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး၊ အဆောက်အဦ အရည်အသွေးပြည့်မီစေရေးတို့အတွက် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့များက အဆင့်ဆင့်် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~