မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မယ်ဆိုင် - မယ်ဟောက်ချောင်း ပူးတွဲစစ်ဆေးရန်နှင့် နယ်နိမိတ်မှတ်တိုင်များ ထပ်တိုးစိုက်ထူရန် ဆွေးနွေး

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မယ်ဆိုင် - မယ်ဟောက်ချောင်း ပူးတွဲစစ်ဆေးရန်နှင့် နယ်နိမိတ်မှတ်တိုင်များ ထပ်တိုးစိုက်ထူရန် ဆွေးနွေး
အောကျတိုဘာ 30, 2017
By Tachileik News Agency

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မယ်ဆိုင် - မယ်ဟောက်ချောင်း ပူးတွဲစစ်ဆေးရန်နှင့် နယ်နိမိတ်မှတ်တိုင်များ ထပ်တိုး စိုက်ထူနိုင်ရေးအတွက် နှစ်နိုင်ငံမှ မယ်ဆိုင် - မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာပူးတွဲစီမံကိန်း ညွှန်ကြားရေးမှူးများ အောက်တိုဘာလ (၃၀)ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆွေးနွေးနေကြောင်း သိရသည်။

မယ်ဆိုင် - မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲစစ်ဆေးရန်နှင့် ထပ်တိုးနယ်နိမိတ် မှတ်တိုင် (၁၈) တိုင် စိုက်ထူရေး ကွင်းဆင်းဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံမှ မယ်ဆိုင်-မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲစီမံကိန်း ညွှန်ကြားရေးမှူးများဆွေးနွေးနေကြခြင်းဖြစ်သည်။

အဆိုပါ နယ်နိမိတ်ချောင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း မယ်ဆိုင်-မယ်ဟောက် ချောင်းရေတိုက်စားခြင်းနှင့် နှစ်နိုင်ငံ ချောင်းရေခွဲဝေအသုံးချခြင်းများအတွက်လည်း မယ်ဆိုင် - မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီဖြင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ဆပ်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ် မယ်ဆိုင် - မယ်ဟောက်ချောင်း ပူးတွဲစစ်ဆေးရန်နှင့် နယ်နိမိတ်မှတ်တို်င်များ ထပ်တိုး စိုက်ထူနိုင်ရေးအတွက် နှစ်နိုင်ငံမှ မယ်ဆိုင် - မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာပူးတွဲစီမံကိန်း ညွှန်ကြားရေးမှူးများ အောက်တိုဘာလ (၃၀)ရက်နေ့က နပြေည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆွေးနွေးနေကြောင်း သိရသည်။

မယ်ဆိုင် - မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲစစ်ဆေးရန်နှင့် ထပ်တိုးနယ်နိမိတ် မှတ်တိုင် (၁၈) တိုင် စိုက်ထူရေး ကွင်းဆင်းဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံမှ မယ်ဆိုင်-မယ်ဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲစီမံကိန်း ညွှန်ကြားရေးမှူးများဆွေးနွေးနကြခြေင်းဖြစ်သည်။

အဆိုပါ နယ်နိမိတ်ချောင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း မယ်ဆိုင်-မယ်ဟောက် ချောင်းရေတိုက်စားခြင်းနှင့် နှစ်နိုင်ငံ ချောင်းရေခွဲဝေအသုံးချခြင်းများအတွက်လည်း မယ်ဆိုင် - မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီဖြင့် ညှိနှိုင်းဆောင်ရွက်နခြေင်းဖြစ်ပြီး အဆိုပါ ဆပ်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာဝန်ယူဆောင်ရွက်နခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မြန်မာ - လာအို ချစ်ကြည်ရေးတံတားပေါ်တွင် မြန်မာ - လာအို နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်နှင့်အညီ ရေပုံပါအတိုင်း နယ်နိမိတ်ကြေးပြား တပ်ဆင်ရေးအတွက်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။

ဓာတ်ပုံ - ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~