တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ (၁)လမ္းထိပ္တြင္ လမ္းသြားလမ္းလာမ်ားအတြက္ အႏၱရာယ္ရွိသည့္ ေအာ္ရီဒူး၏ ယိမ္းယိုင္ဆက္သြယ္ေရးတိုင္အား MPT ျမန္မာ့ဆက္သြယ္ေရးမွ ဖယ္ရွား

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ (၁)လမ္းထိပ္တြင္ လမ္းသြားလမ္းလာမ်ားအတြက္ အႏၱရာယ္ရွိသည့္ ေအာ္ရီဒူး၏ ယိမ္းယိုင္ဆက္သြယ္ေရးတိုင္အား MPT ျမန္မာ့ဆက္သြယ္ေရးမွ ဖယ္ရွား
အောက်တိုဘာ 9, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ (၁)လမ္းထိပ္တြင္ ကာလၾကာျမင့္စြာ ယိမ္းယိုင္ၿပီး က်ဳိးက်ဟန္ ျဖစ္ေနသည့္ ေအာ္ရီဒူး ဆက္သြယ္ေရး တိုင္မွာ အမ်ားျပည္သူ ထိခိုက္မႈ ျဖစ္ေပၚႏိုင္သည့္ အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၏ ညႊန္ၾကားခ်က္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာ၀န္ရွိသူမ်ားက ေအာက္တိုဘာလ(၉)ရက္ေန႔ ညေနပိုင္းက သြားေရာက္ ဖယ္ရွားလိုက္ေၾကာင္း သိရသည္။

အဆိုပါ တိုင္မွာ ျမန္မာ့ဆက္သြယ္ေရး MPT ၏ တိုင္မဟုတ္ဘဲ ေအာ္ရီဒူး၏ တိုင္ျဖစ္ေၾကာင္းႏွင့္ ေအာ္ရီဒူးမွ တာ၀ါတစ္ခုႏွင့္ တစ္ခုသို႔ ခ်ိတ္ဆက္သည့္ အခါတြင္ အသံုးျပဳရန္ အတြက္ စိုက္ထူထားျခင္း ျဖစ္ေၾကာင္း အျပင္ ယခုလို တိုင္က်ဳိးေတာ့မည့္ အေနအထားျဖစ္ေနသည့္ အတြက္ သက္ဆိုင္ရာျဖစ္သည့္ ေအာ္ရီဒူး တာ၀န္ခံသို႔ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ သိရသည္။

"ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ဖုန္းလွမ္းဆက္ေျပာလာလို႔ရယ္၊ ေနာက္ၿပီး တိုင္လဲသြားရင္ သြားလာသူေတြ အႏၱရာယ္ျဖစ္လာမယ့္ အေနအထားျဖစ္ေနလို႔ ဒုကၡေရာက္မွာစိုးလို႔ မျဖစ္မေန သြားေရာက္ လုပ္ေပးတာပါ။ တကယ္တမ္းက ကြ်န္မတို႔ ဆက္သြယ္ေရးနဲ႔ေတာ့ မဆိုင္ပါဘူး။ ေအာ္ရီဒူးကို ဆက္သြယ္တာလည္း ဆက္သြယ္လို႔မရဘူး"ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။

ပုန္းထြန္ရပ္ကြက္ (၁)လမ္းထိပ္တြင္ အဆိုပါ တိုင္မွာ လမ္းေပၚသို႔ က်ဳိးက်ဟန္ျဖစ္ေနမႈေၾကာင့္ ရပ္ကြက္ေန ျပည္သူမ်ားမွ ေ၀ဖန္မႈမ်ား ထြက္ေပၚခဲ့ေသာ္လည္း သက္ဆိုင္ရာမွ လာေရာက္ ျပဳျပင္ျခင္းမရွိသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာ၀န္ရွိသူမ်ားက သြားေရာက္ ဖယ္ရွားေပးရျခင္း ျဖစ္ေၾကာင္း သိရသည္။

"လမ္းေပၚ က်ဳိးက်ေတာ့မယ့္ အဲ့ဒီတိုင္ကို ဒီညေနက ဖယ္ရွားေနတာေတြ႕ခ့ဲတယ္။ ျဖစ္ေနတာၾကာၿပီဗ်၊ တကယ္လို႔မ်ား အဲ့ဒီတိုင္က်ဳိးက်တဲ့အခ်ိန္နဲ႔ အဲ့နား ေက်ာင္းသားေတြ ျဖတ္သြားတဲ့အခ်ိန္နဲ႔ဆိုရင္ေတာ့ အခက္ေတြ႕မွာပဲ။ ေက်ာင္းနဲ႔ကလည္း နီးေတာ့ေလ၊"ဟု ပုန္းထြန္ရပ္ကြက္ေန ကိုအာကာ က ေျပာသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၁)လမ်းထိပ်တွင် ကာလကြာမြင့်စွာ ယိမ်းယိုင်ပြီး ကျိုးကျဟန် ဖြစ်နေသည့် အော်ရီဒူး ဆက်သွယ်ရေး တိုင်မှာ အများပြည်သူ ထိခိုက်မှု ဖြစ်ပေါ်နိုင်သည့် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် တာချီလိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက အောက်တိုဘာလ(၉)ရက်နေ့ ညနေပိုင်းက သွားရောက် ဖယ်ရှားလိုက်ကြောင်း သိရသည်။

အဆိုပါ တိုင်မှာ မြန်မာ့ဆက်သွယ်ရေး MPT၏ တိုင်မဟုတ်ဘဲ အော်ရီဒူး၏ တိုင်ဖြစ်ကြောင်းနှင့် အော်ရီဒူးမှ တာဝါတစ်ခုနှင့် တစ်ခုသို့ ချိတ်ဆက်သည့် အခါတွင် အသုံးပြုရန် အတွက် စိုက်ထူထားခြင်း ဖြစ်ကြောင်း အပြင် ယခုလို တိုင်ကျိုးတော့မည့် အနေအထားဖြစ်နေသည့် အတွက် သက်ဆိုင်ရာဖြစ်သည့် အော်ရီဒူး တာဝန်ခံသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရကြောင်း တာချီလိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

"မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ဖုန်းလှမ်းဆက်ပြောလာလို့ရယ်၊ နောက်ပြီး တိုင်လဲသွားရင် သွားလာသူတွေ အန္တရာယ်ဖြစ်လာမယ့် အနေအထားဖြစ်နေလို့ ဒုက္ခရောက်မှာစိုးလို့ မဖြစ်မနေ သွားရောက် လုပ်ပေးတာပါ။ တကယ်တမ်းက ကျွန်မတို့ ဆက်သွယ်ရေးနဲ့တော့ မဆိုင်ပါဘူး။ အော်ရီဒူးကို ဆက်သွယ်တာလည်း ဆက်သွယ်လို့မရဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

ပုန်းထွန်ရပ်ကွက် (၁)လမ်းထိပ်တွင် အဆိုပါ တိုင်မှာ လမ်းပေါ်သို့ ကျိုးကျဟန်ဖြစ်နေမှုကြောင့် ရပ်ကွက်နေ ပြည်သူများမှေဝဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာမှ လာရောက် ပြုပြင်ခြင်းမရှိသည့်အတွက် တာချီလိတ်မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက သွားရောက် ဖယ်ရှားပေးရခြင်း ဖြစ်ကြောင်း သိရသည်။

"လမ်းပေါ် ကျိုးကျတော့မယ့် အဲ့ဒီတိုင်ကို ဒီညနေက ဖယ်ရှားနေတာတွေ့ခဲ့တယ်။ ဖြစ်နေတာကြာပြီဗျ၊ တကယ်လို့များ အဲ့ဒီတိုင်ကျိုးကျတဲ့အချိန်နဲ့ အဲ့နား ကျောင်းသားတွေ ဖြတ်သွားတဲ့အချိန်နဲ့ဆိုရင်တော့ အခက်တွေ့မှာပဲ။ ကျောင်းနဲ့ကလည်း နီးတော့လေ၊"ဟု ပုန်းထွန်ရပ်ကွက်နေ ကိုအာကာ က ပြောသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~