ေက်ာက္မဲၿမိဳ႕ သူေဌးနန္းမြန္းေတာရေက်ာင္းတြင္ မိုင္းဖုန္းဆရာေတာ္ၾကြမည့္ သတင္းေၾကာင့္ ေဒသခံမ်ား လာေရာက္ေစာင့္ဆုိင္းေန

ေက်ာက္မဲၿမိဳ႕ သူေဌးနန္းမြန္းေတာရေက်ာင္းတြင္ မိုင္းဖုန္းဆရာေတာ္ၾကြမည့္ သတင္းေၾကာင့္ ေဒသခံမ်ား လာေရာက္ေစာင့္ဆုိင္းေန
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ကုန္းစံုေက်းရြာ ေက်ာက္မဲ-မိုင္းေငါ့သြားလမ္းအနီးရွိ သူေဌးနန္းမြန္း ေတာရေက်ာင္းတြင္ ေအာက္တိုဘာလ တတိယပတ္အတြင္း မိုင္းဖုန္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱဥာဏသံ၀ရ ၾကြေရာက္သီတင္းသံုးမည့္ သတင္းေၾကာင့္ လာေရာက္ ေစာင့္ဆိုင္းသူမ်ားရိွေနေၾကာင္း သိရသည္။

“ဆရာေတာ္က ဘယ္ရက္ၾကြလာမယ္ဆိုတာကို အတိအက် မသိဘူး။ လာမယ့္ တစ္ပတ္ေလာက္အတြင္း ၾကြလာျဖစ္မယ္လို႔ပဲ သိရတဲ့အတြက္ ဆရာေတာ္ေရာက္ရွိလာရင္ႀကိဳဆိုဖို႔ ျပင္ဆင္ေနတယ္။ တရားေဟာစင္ေတာ့ ႀကိဳေဆာက္ထားတယ္။ ဒကာ၊ ဒကာမေတြလည္း သံုးေလးရက္ေလာက္ရွိၿပီ ေန႔စဥ္ ဒီေက်ာင္းမွာလာေစာင့္ေနတာရွိတယ္”ဟု သူေဌးနန္းမြန္းေတာရေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ ဦးနႏၵာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မိန္႔သည္။

မိုင္းဖုန္းဆရာေတာ္အား ဖူးေျမာ္လိုသူမ်ားက ေတာရေက်ာင္းသို႔ ေန႔စဥ္ လာေရာက္ေစာင့္ဆုိင္း ေနလ်က္ရိွေၾကာင္း သိရသည္။

“တခ်ိဳ႕ေတြက ဆရာေတာ္ေရာက္ေနၿပီဆိုၿပီး ဖူးဖို႔ရာလာၾကတယ္။ ေန႔တိုင္း လာေစာင့္ေနသူေတြလည္း ရွိတယ္။ တစ္ခါမွ မဖူးေျမာ္ဖူးတဲ့အတြက္ ဆရာေတာ္ၾကြခ်ီလာမယ္ဆိုရင္ အရမ္းဝမ္းသာရမွာပါ”ဟု မိုင္းဖုန္းဆရာေတာ္အား ဖူးေျမာ္ရန္ ေန႔စဥ္လာေရာက္ေစာင့္ဆိုင္းေနသူတစ္ဦးျဖစ္သည့္ မနန္းဆာေအးက ေျပာသည္။

လက္ရွိတြင္ မိုင္းဖုန္းဆရာေတာ္သည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ သီတင္းသံုးလ်က္ ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ကုန်းစုံကျေးရွာ ကျောက်မဲ-မိုင်းငေါ့သွားလမ်းအနီးရှိ သူဌေးနန်းမွန်း တောရကျောင်းတွင် အောက်တိုဘာလ တတိယပတ်အတွင်း မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ ကြွရောက်သီတင်းသုံးမည့် သတင်းကြောင့် လာရောက် စောင့်ဆိုင်းသူများရှိနေကြောင်း သိရသည်။

“ဆရာတော်က ဘယ်ရက်ကြွလာမယ်ဆိုတာကို အတိအကျ မသိဘူး။ လာမယ့် တစ်ပတ်လောက်အတွင်း ကြွလာဖြစ်မယ်လို့ပဲ သိရတဲ့အတွက် ဆရာတော်ရောက်ရှိလာရင်ကြိုဆိုဖို့ ပြင်ဆင်နေတယ်။ တရားဟောစင်တော့ ကြိုဆောက်ထားတယ်။ ဒကာ၊ ဒကာမတွေလည်း သုံးလေးရက်လောက်ရှိပြီ နေ့စဉ် ဒီကျောင်းမှာလာစောင့်နေတာရှိတယ်”ဟု သူဌေးနန်းမွန်းတောရကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးနန္ဒါက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

မိုင်းဖုန်းဆရာတော်အား ဖူးမြော်လိုသူများက တောရကျောင်းသို့ နေ့စဉ် လာရောက်စောင့်ဆိုင်း နေလျက်ရှိကြောင်း သိရသည်။

“တချို့တွေက ဆရာတော်ရောက်နပြေီဆိုပြီး ဖူးဖို့ရာလာကြတယ်။ နေ့တိုင်း လာစောင့်နေသူတွေလည်း ရှိတယ်။ တစ်ခါမှ မဖူးမြော်ဖူးတဲ့အတွက် ဆရာတော်ကြွချီလာမယ်ဆိုရင် အရမ်းဝမ်းသာရမှာပါ”ဟု မိုင်းဖုန်းဆရာတော်အား ဖူးမြော်ရန် နေ့စဉ်လာရောက်စောင့်ဆိုင်းနေသူတစ်ဦးဖြစ်သည့် မနန်းဆာအေးက ပြောသည်။

လက်ရှိတွင် မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သီတင်းသုံးလျက် ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~