က်ိဳင္းတံု လူငယ္စင္တာ ရန္ပံုေငြရွာေဖြေရး သီခ်င္းဆိုၿပိဳင္ပြဲႏွင့္ MISS KTYC 2018 ေရြးခ်ယ္ပြဲ က်ိဳင္းတံုတြင္ သံုးရက္ၾကာ က်င္းပမည္

က်ိဳင္းတံု လူငယ္စင္တာ ရန္ပံုေငြရွာေဖြေရး သီခ်င္းဆိုၿပိဳင္ပြဲႏွင့္ MISS KTYC 2018 ေရြးခ်ယ္ပြဲ က်ိဳင္းတံုတြင္ သံုးရက္ၾကာ က်င္းပမည္
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံလူငယ္ကြန္ရက္မွ ဦးစီး၍ က်ိဳင္းတုံလူငယ္စင္တာ ရန္ပုံေငြရွာေဖြေရး သီခ်င္းဆိုၿပိဳင္ပြဲႏွင့္ အလွမယ္ေရြးခ်ယ္ပြဲတို႔ကို က်ိဳင္းတံုၿမိဳ႕နယ္အားကစားကြင္းတြင္ ေအာက္တိုဘာလ (၂၇)ရက္ ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ပြဲက်င္းပျခင္းရဲ့ ရည္ရြယ္ခ်က္ကေတာ့ ဒီပြဲကေနရရိွတဲ့ အက်ိဳးအျမတ္ေတြနဲ ့ က်ိဳင္းတုံလူငယ္စင္တာကို ဆက္ၿပီးေတာ့ လည္ပတ္ႏိုင္ဖို႔အတြက္ ရန္ပုံေငြရွာျခင္းပဲ ျဖစ္ပါတယ္။ ပြဲမွာ သီခ်င္းဆိုၿပိဳင္ပြဲနဲ ့ အလွမယ္ေရြးခ်ယ္ပြဲ ထည့္သြင္းၿပီးေတာ့ သံုးရက္က်င္းပသြားမွာျဖစ္ပါတယ္"ဟု က်ိဳင္းတုံလူငယ္ကြန္ရက္မွ ကိုထင္စည္ဆန္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

သီခ်င္းဆိုၿပိဳင္ပြဲကို ေအာက္တိုဘာလ (၂၇)ရက္ေန႔တြင္ က်င္းပကာ ဆန္ခါတင္(၆)ဦးကို ေရြးခ်ယ္၍ ေအာက္တိုဘာလ (၂၈)ရက္ေန႔တြင္ MISS KTYC 2018 အား တိုင္းရင္းသား၀တ္စုံျဖင့္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ေအာက္တိုဘာလ (၂၉)ရက္ေန႔တြင္ သီခ်င္းဆိုၿပိဳင္ပြဲႏွင့္ MISS KTYC 2018 ေရြးခ်ယ္ပြဲ၏ ေနာက္ဆုံးေန ့ပြဲစဥ္မ်ား ယွဥ္ၿပိဳင္ျခင္းႏွင့္ ဆုခ်ီးျမႇင့္ျခင္းတို႔ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီပြဲမွာ ထူးျခားခ်က္ တစ္ခုအေနနဲ ့က မယ္ၿပိဳင္ပြဲကေန ေနာက္ဆံုးေရြးခ်ယ္လိုက္တဲ့ (၅)ေယာက္ကို ၿပိဳင္ပြဲၿပီးသြားတဲ့ေနာက္ပိုင္းမွာ က်ိဳင္းတုံလူငယ္စင္တာနဲ ့ လက္တြဲၿပီးေတာ့ လူငယ္ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္သြားမယ္ဆိုတဲ့ ကတိတစ္ခုကို ေတာင္းသြားမွာျဖစ္ပါတယ္။ အဲဒီငါးေယာက္လုံးက လူငယ္စင္တာရဲ႕ လုပ္ေဆာင္မႈတိုင္းကို ၀င္ကူေပးရမယ္လို ့ မဆိုလိုပါဘူး။ အားတဲ့လူက ကိုယ္အားတဲ့အခ်ိန္ ၀င္ကူေပးရုံပါ”ဟု က်ိဳင္းတုံလူငယ္ကြန္ရက္မွ ကိုထင္စည္ဆန္းႏိုင္က ေျပာသည္။

ၿပိဳင္ပြဲလက္မွတ္မ်ားအား က်ပ္တစ္ေထာင္ႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ပြဲက်င္းပသည့္ေနရာတြင္ ေလာင္းကစားဆိုင္မ်ား ဖြင့္လွစ္ခြင့္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

သီခ်င္းဆိုၿပိဳင္ပြဲတြင္ ပထမဆုအား က်ပ္တစ္သိန္း၊ Miss KTYC 2018 အား က်ပ္ ငါးသိန္း၊ First Runner Up အား က်ပ္ သံုးသိန္း၊ Second Runner Up အား က်ပ္ ႏွစ္သိန္းႏွင့္ အျခား Title ဆု (၅)ဆုအား တစ္ဆုလွ်င္ က်ပ္ ႏွစ္သိန္းႏွဳန္းျဖင့္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ သီခ်င္းဆိုၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းထားသည့္ဦးေရ (၂၀)ဝန္းက်င္ႏွင့္ MISS KTYC 2018 ၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းထားသူဦးေရ (၁၀)ဦးဝန္းက်င္ရိွေနၿပီး ေအာက္တိုဘာလ (၂၀)ရက္ေန ့အထိ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံလူငယ်ကွန်ရက်မှ ဦးစီး၍ ကျိုင်းတုံလူငယ်စင်တာ ရန်ပုံငွေရှာဖွေရေး သီချင်းဆိုပြိုင်ပွဲနှင့် အလှမယ်ရွေးချယ်ပွဲတို့ကို ကျိုင်းတုံမြို့နယ်အားကစားကွင်းတွင် အောက်တိုဘာလ (၂၇)ရက် နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီပွဲကနေရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ကျိုင်းတုံလူငယ်စင်တာကို ဆက်ပြီးတော့ လည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာခြင်းပဲ ဖြစ်ပါတယ်။ ပွဲမှာ သီချင်းဆိုပြိုင်ပွဲနဲ့ အလှမယ်ရွေးချယ်ပွဲ ထည့်သွင်းပြီးတော့ သုံးရက်ကျင်းပသွားမှာဖြစ်ပါတယ်"ဟု ကျိုင်းတုံလူငယ်ကွန်ရက်မှ ကိုထင်စည်ဆန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီချင်းဆိုပြိုင်ပွဲကို အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပကာ ဆန်ခါတင်(၆)ဦးကို ရွေးချယ်၍ အောက်တိုဘာလ (၂၈)ရက်နေ့တွင် MISS KTYC 2018 အား တိုင်းရင်းသားဝတ်စုံဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာလ (၂၉)ရက်နေ့တွင် သီချင်းဆိုပြိုင်ပွဲနှင့် MISS KTYC 2018 ရွေးချယ်ပွဲ၏ နောက်ဆုံးနေ့ပွဲစဉ်များ ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ဒီပွဲမှာ ထူးခြားချက် တစ်ခုအနေနဲ့က မယ်ပြိုင်ပွဲကနေ နောက်ဆုံးရွေးချယ်လိုက်တဲ့ (၅)ယောက်ကို ပြိုင်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာ ကျိုင်းတုံလူငယ်စင်တာနဲ့ လက်တွဲပြီးတော့ လူငယ်ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိတစ်ခုကို တောင်းသွားမှာဖြစ်ပါတယ်။ အဲဒီငါးယောက်လုံးက လူငယ်စင်တာရဲ့ လုပ်ဆောင်မှုတိုင်းကို ဝင်ကူပေးရမယ်လို့ မဆိုလိုပါဘူး။ အားတဲ့လူက ကိုယ်အားတဲ့အချိန် ဝင်ကူပေးရုံပါ”ဟု ကျိုင်းတုံလူငယ်ကွန်ရက်မှ ကိုထင်စည်ဆန်းနိုင်က ပြောသည်။

ပြိုင်ပွဲလက်မှတ်များအား ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပွဲကျင်းပသည့်နေရာတွင် လောင်းကစားဆိုင်များ ဖွင့်လှစ်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။

သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုအား ကျပ်တစ်သိန်း၊ Miss KTYC 2018 အား ကျပ် ငါးသိန်း၊ First Runner Up အား ကျပ် သုံးသိန်း၊ Second Runner Up အား ကျပ် နှစ်သိန်းနှင့် အခြား Title ဆု (၅)ဆုအား တစ်ဆုလျှင် ကျပ် နှစ်သိန်းနှုန်းဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သီချင်းဆိုပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားသည့်ဦးရေ (၂၀)ဝန်းကျင်နှင့် MISS KTYC 2018 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားသူဦးရေ (၁၀)ဦးဝန်းကျင်ရှိနပြေီး အောက်တိုဘာလ (၂၀)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~