နမ့္ဆန္ၿမိဳ႕နယ္အတြင္း မိုင္းအႏၱရာယ္ေလ်ာ့က်ေရးအတြက္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႔မ်ားထံ ေက်းရြာမ်ားစုေပါင္းေတာင္းဆိုမည္

နမ့္ဆန္ၿမိဳ႕နယ္အတြင္း မိုင္းအႏၱရာယ္ေလ်ာ့က်ေရးအတြက္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႔မ်ားထံ ေက်းရြာမ်ားစုေပါင္းေတာင္းဆိုမည္
အောက်တိုဘာ 21, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕နယ္တြင္ မိုင္းအႏၱရာယ္ ေလ်ာ့က်ေစေရးအတြက္ တပ္မေတာ္ႏွင့့္ TNLA တို႔ထံ ေက်းရြာေပါင္း (၂၀)မွ ပထမဆံုးအႀကိမ္ စာတင္ျပ၍ စုေပါင္းေတာင္းဆိုသြားၾကရန္ ေဒသခံမ်ား ေဆြးေႏြးေနေၾကာင္း သိရသည္။

“ဒီဘက္မွာ ရြာေပါင္း(၂၀)ေလာက္ပါဝင္ဖြဲ႔ထားတဲ့ လူမႈကူညီေရးအသင္း (ေရွာ္လဲတုိက္နယ္ လူမႈကူညီေရးအသင္း) ရွိတယ္။ အသင္းအေနနဲ႔ကေတာ့ အရင္က ေမတၱာရပ္ခံဖူးတယ္။ မုိင္းေထာင္တာက ဘယ္အဖြဲ႔က လုပ္တာလဲဆိုတာေတာ့ ဦးဇင္းတို႔က မသိဘူးေပါ့။ အခုက လူသြားလမ္းမွာကို မိုင္းေထာင္တာ။ ေအာက္တိုဘာ(၂၀)က အသက္(၂၀) အရြယ္ မိန္းကေလးမိုင္းနင္းမိတဲ့ေနရာဆိုရင္ လူသြားလမ္း အလယ္ေခါင္တည့္တည့္မွာပဲ။ ဒီလိုအခ်ိန္မွာ မ်ွစ္ခ်ိဳေတြလည္း ထြက္တာျဖစ္တဲ့အတြက္ မသိနားမလည္တဲ့ ေဒသခံေတြက မွ်စ္ရွာထြက္ရင္ ဒီလိုပဲမိုင္းနင္းမိတာေတြ ထပ္ျဖစ္လာမွာပဲ။ အခုလို စာတင္ျပတာမ်ိဳး မလုပ္ဘူးဆိုရင္ ေနာက္ေန႔ေတြလည္း ေနာက္ထပ္မိုင္းနင္းမိတာေတြ ၾကားရဦးမွာပဲ။ အခုက လက္နက္ကိုင္တပ္ဖြဲ႔ေတြ တိုက္ခိုက္ၾကတဲ့ၾကားမွာ လူထုကေျမစာပင္ ျဖစ္ေနရတယ္”ဟု မန္လြယ္ (အထက္) ေက်းရြာ ရန္ကင္းေတာင္တြင္ သီတင္းသံုးေနသည့္ ဆရာေတာ္ ဦးေသာဘိတက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ မိန္႔သည္။

နမ့္ဆန္ၿမိဳ႕နယ္အတြင္း ေဒသခံမ်ား၊ ကၽြဲႏြားတိရစၦာန္မ်ားမွာ မၾကာခဏ မိုင္းနင္းမိ၍ ထိခိုက္ဒဏ္ရာရျခင္း၊ ေသဆံုးျခင္းမ်ား ျဖစ္ေနသျဖင့္ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ ေရွာ္လယ္တိုက္နယ္အတြင္းရွိ ေက်းရြာမ်ားမွ ဘုန္းႀကီးေက်ာင္း(၁၉)ေက်ာင္းမွ ဆရာေတာ္မ်ား၊ ေက်းရြာမ်ားစုဖြဲ႔ထားသည့္ လူမႈကူညီေရးအသင္း၏ နာယကမ်ားျဖစ္ၾကသည့္အတြက္ ေက်းရြာသူ/သားမ်ား၊ ေက်းရြာဥကၠဌမ်ားက ေဒသတြင္း လက္နက္ကိုင္အဖြဲ႕မ်ားထံ ေတာင္းဆိုရန္ ေဆြးေႏြးေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီဖက္မွာက ျမန္မာ့တပ္မေတာ္နဲ႔ TNLA တို႔ပဲ ရွိမယ္ခင္ဗ်။ တစ္ျခားလက္နက္ကိုင္အဖြဲ႔ေတြေတာ့ ဝင္ေရာက္တာ မရွိပါဘူး။ ေအာက္တိုဘာလ(၂၀)ရက္ေန႔မွာ ဒီအနီးနားေက်းရြာ(၂၀)က ေက်းရြာလူႀကီးေတြ၊ သံဃာေတာ္ေတြ နဲ႔ စုေပါင္းထားတဲ့ ေရွာ္လဲတိုက္နယ္ လူမႈကူညီေရးအဖြဲ႔မွာ ပါတဲ့သူေတြစုေဝးၿပီး အစည္းအေဝးလုပ္ပါတယ္။ အစည္းအေဝးအရေတာ့ ဘယ္အဖြဲ႔အစည္းမဆို ေက်းရြာေတြအနီးမွာ လက္လုပ္မိုင္း၊ တိုက္မိုင္း၊ ႀကိဳးဆြဲမိုင္း စတာေတြကို လာမထားဖို႔ မရွိေအာင္လုိ႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေတာင္းဆိုတဲ့အေနနဲ႔ ႏွစ္ဖက္စလံုးကို စာတင္ဖို႔ လုပ္ေဆာင္မွာပါ” ဟု မန္လြယ္(အထက္)ေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းထိုက္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း ေက်းရြာမ်ားမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမ်ား၊ ေဒသခံမ်ားႏွင့္ ဆရာေတာ္မ်ား ပါဝင္ဖြဲ႔စည္းထားသည့္ ေရွာ္လဲတုိက္နယ္လူမႈကူညီေရးအသင္းအေနျဖင့္ ေဒသအတြင္း မိုင္းအႏၱရာယ္အသိပညာေပးလုပ္ငန္းမ်ား၊ ႏိုင္ငံသားအခြင့္အေရး၊ လူ႔အခြင့္အေရးဆိုင္ရာ အသိပညာေပးမ်ားကိုလည္း ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ်အတွင်း မိုင်းအန္တရာယ်လျော့ကျရေးအတွက် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များထံ ကျေးရွာများစုပေါင်းတောင်းဆိုမည်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မိုင်းအန္တရာယ် လျော့ကျစေရေးအတွက် တပ်မတော်နှင့့် TNLA တို့ထံ ကျေးရွာပေါင်း (၂၀)မှ ပထမဆုံးအကြိမ် စာတင်ပြ၍ စုပေါင်းတောင်းဆိုသွားကြရန် ဒေသခံများ ဆွေးနွေးနေကြောင်း သိရသည်။

“ဒီဘက်မှာ ရွာပေါင်း(၂၀)လောက်ပါဝင်ဖွဲ့ထားတဲ့ လူမှုကူညီရေးအသင်း (ရှော်လဲတိုက်နယ် လူမှုကူညီရေးအသင်း) ရှိတယ်။ အသင်းအနေနဲ့ကတော့ အရင်က မေတ္တာရပ်ခံဖူးတယ်။ မိုင်းထောင်တာက ဘယ်အဖွဲ့က လုပ်တာလဲဆိုတာတော့ ဦးဇင်းတို့က မသိဘူးပေါ့။ အခုက လူသွားလမ်းမှာကို မိုင်းထောင်တာ။ အောက်တိုဘာ(၂၀)က အသက်(၂၀) အရွယ် မိန်းကလေးမိုင်းနင်းမိတဲ့နေရာဆိုရင် လူသွားလမ်း အလယ်ခေါင်တည့်တည့်မှာပဲ။ ဒီလိုအချိန်မှာ မျှစ်ချိုတွေလည်း ထွက်တာဖြစ်တဲ့အတွက် မသိနားမလည်တဲ့ ဒေသခံတွေက မျှစ်ရှာထွက်ရင် ဒီလိုပဲမိုင်းနင်းမိတာတွေ ထပ်ဖြစ်လာမှာပဲ။ အခုလို စာတင်ပြတာမျိုး မလုပ်ဘူးဆိုရင် နောက်နေ့တွေလည်း နောက်ထပ်မိုင်းနင်းမိတာတွေ ကြားရဦးမှာပဲ။ အခုက လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ခိုက်ကြတဲ့ကြားမှာ လူထုကမြေစာပင် ဖြစ်နေရတယ်”ဟု မန်လွယ် (အထက်) ကျေးရွာ ရန်ကင်းတောင်တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးသောဘိတက တာချီလိတ်သတင်းအေဂျင်စီ သို့ မိန့်သည်။

နမ့်ဆန်မြို့နယ်အတွင်း ဒေသခံများ၊ ကျွဲနွားတိရစ္ဆာန်များမှာ မကြာခဏ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်နေသဖြင့် အောက်တိုဘာလ (၂၀)ရက်နေ့တွင် ရှော်လယ်တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဘုန်းကြီးကျောင်း(၁၉)ကျောင်းမှ ဆရာတော်များ၊ ကျေးရွာများစုဖွဲ့ထားသည့် လူမှုကူညီရေးအသင်း၏ နာယကများဖြစ်ကြသည့်အတွက် ကျေးရွာသူ/သားများ၊ ကျေးရွာဥက္ကဌများက ဒေသတွင်း လက်နက်ကိုင်အဖွဲ့များထံ တောင်းဆိုရန် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖက်မှာက မြန်မာ့တပ်မတော်နဲ့ TNLA တို့ပဲ ရှိမယ်ခင်ဗျ။ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေတော့ ဝင်ရောက်တာ မရှိပါဘူး။ အောက်တိုဘာလ(၂၀)ရက်နေ့မှာ ဒီအနီးနားကျေးရွာ(၂၀)က ကျေးရွာလူကြီးတွေ၊ သံဃာတော်တွေ နဲ့ စုပေါင်းထားတဲ့ ရှော်လဲတိုက်နယ် လူမှုကူညီရေးအဖွဲ့မှာ ပါတဲ့သူတွေစုဝေးပြီး အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေးအရတော့ ဘယ်အဖွဲ့အစည်းမဆို ကျေးရွာတွေအနီးမှာ လက်လုပ်မိုင်း၊ တိုက်မိုင်း၊ ကြိုးဆွဲမိုင်း စတာတွေကို လာမထားဖို့ မရှိအောင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တောင်းဆိုတဲ့အနေနဲ့ နှစ်ဖက်စလုံးကို စာတင်ဖို့ လုပ်ဆောင်မှာပါ” ဟု မန်လွယ်(အထက်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း ကျေးရွာများမှ ရပ်/ကျေးအုပ်ချုပ်ရေးများ၊ ဒေသခံများနှင့် ဆရာတော်များ ပါဝင်ဖွဲ့စည်းထားသည့် ရှော်လဲတိုက်နယ်လူမှုကူညီရေးအသင်းအနေဖြင့် ဒေသအတွင်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~