မေကြးၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ဘာသာေပါင္းစံု ဆုေတာင္းပဲြက်င္းပ

မေကြးၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ဘာသာေပါင္းစံု ဆုေတာင္းပဲြက်င္းပ
အောက်တိုဘာ 18, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ဘာသာေပါင္းစံုဆုေတာင္းပြဲကို ေအာက္တိုဘာ (၁၇)ရက္ ညေန(၆)နာရီအခ်ိန္က မေကြးၿမိဳ႕ေတာ္ခန္းမ၌ က်င္းပရာ ဘာသာေပါင္းစံုမွ ဘာသာဝင္မ်ားႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔တို႔ တက္ေရာက္ေၾကာင္း သိရသည္။

" ဘာသာေပါင္းစံုက ေခါင္းေဆာင္ေတြ စုေပါင္းၿပီးေတာ့ ဆုေတာင္းပြဲဆိုေပမယ့္ ဆုေတာင္းေနရံုနဲ႔ေတာ့ မၿပီးပါဘူး။ ဆုေတာင္းတဲ့စကားလံုးတိုင္းရဲ႕ေနာက္မွာ စကားလံုးရဲ႕ ရည္ရြယ္ခ်က္အတိုင္း ကိုယ္စီကိုယ္စီ အသိအလိမၼာစိတ္နဲ႕ အားလံုးလုိက္နာက်င့္သံုးၾကမယ္ဆိုရင္ ဦးဇင္းတို႔ ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္ႀကီးနဲ႔ တစ္ကမၻာလံုး ၿငိမ္းခ်မ္းသြားမွာ ေသခ်ာၿပီးသားပါ။ ေနရာထိုင္ခင္းအေနနဲ႔ေတာ့ အားလံုးယွဥ္တြဲလုိက္လို႔သာ ဗုဒၶဘာသာေတြအေနနဲ႔ အျမင္တစ္မ်ိဳးျဖစ္တာပါ။ ဘာသာတုိင္း ဘာသာတိုင္းမွာ သူ႔ယံုၾကည္ခ်က္နဲ႕သူ ထိပ္ဆံုးမွာတင္ထားတဲ့ ေခါင္းေဆာင္ေတြခ်ည္းပါပဲ။ အခုလိုစံုစံုညီညီလုပ္တဲ႔ပြဲမွာ ဦးဇင္းတို႔နဲ႔ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ တန္းတူရည္တူထိုင္တဲ႔ေနရာမွာ နားလည္ခြင့္လႊတ္တတ္တဲ့ စိတ္ထားေလးေတြနဲ႔ ၾကည့္ေစခ်င္တယ္ ျမင္ေစခ်င္တယ္ေပါ့"ဟု ဆရာေတာ္ဦးေခမာက မိန္႔သည္။

အဆိုပါအခမ္းအနားတြင္ သံဃာရာမေက်ာင္းတိုက္ဆရာေတာ္ႀကီး ဦးစိႏၱာက ေမတၱာတရားအေၾကာင္း ေဟာၾကားကာ သက္ေတာ္ရွည္မဟာေထရ္ဆရာေတာ္ႀကီး (၉) ပါးမွ ဦးေဆာင္၍ သံဃာေတာ္အားလံုးတို႔က ေမတၱာသုတ္ရြတ္ဖတ္ပူေဇာ္ျခင္း၊ ဘာသာေရးေခါင္းေဆာင္အသီးသီးက ဆုေတာင္းေမတၱာပို႔သျခင္းႏွင့္ တက္ေရာက္လာသူမ်ားက ဆုေတာင္းျခင္းမ်ားျပဳလုပ္ၾကေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔အစိုးရလက္ထက္မွာ ျပည္ေထာင္စုႀကီးေအးခ်မ္းသာယာဖို႔၊ ဖံြ႔ၿဖိဳးတိုးတက္ဖို႔၊ တရားဥပေဒစိုးမိုးဖို႔ ဆိုတာ ျပည္ေထာင္စုႀကီးၿငိမ္းခ်မ္းသာယာမႈမရိွဘဲနဲ႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင္႔ ႏိုင္ငံေတာ္အႀကီးအကဲမ်ားက ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းဖို႔ ဘာသာေပါင္းစံု ဆုေတာင္းပဲြႀကီးဆိုၿပီးေတာ႔ ဆုေတာင္းပဲြေတြ က်င္းပရျခင္းျဖစ္ပါတယ္"ဟု တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

မေကြးၿမိဳ႕တြင္ ဘာသာေပါင္းစံုဆုေတာင္းပြဲမ်ားကို ေအာက္တိုဘာလ (၁၀) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ အဂၤါေန႔တိုင္း က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီလိုပြဲမိ်ဳး တစ္နိုင္ငံလံုးလုပ္ေနတဲ့အေပၚမွာ အစၥလာမ္ဘာသာဝင္ေတြအားလံုးရဲ႕ ကိုယ္စား ဝမ္းလည္းဝမ္းသာတယ္။ ေက်းဇူးလည္းတင္ပါတယ္။ ကၽြန္ေတာ္တို႔ ဘာသာဝင္ေတြကို အျမင္ေစာင္းေနတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ရွင္းျပခြင့္ရတဲ့အတြက္ပါ။ အစၥလာမ္ဘာသာဝင္ေတြဟာ အၾကမ္းဖက္မဟုတ္သလို အၾကမ္းဖက္သူတုိင္းဟာလည္း အစၥလာမ္ဘာသာဝင္ေတြမဟုတ္ဘူးလို႔ ကၽြန္ေတာ္တို႔ခံယူထားပါတယ္"ဟု တိုင္းဘာသာေပါင္းစံု ခ်စ္ၾကည္ေရးအဖြဲ႔ အစၥလာမ္ဘာသာအစုအဖြဲ႔ အတြင္းေရးမွဴး ဟာဂ်ီ ဦးခင္ေမာင္သန္းက ေျပာသည္။

မေကြးၿမိဳ႕တြင္ က်င္းပသည့္ ဘာသာေပါင္းစံုဆုေတာင္းပြဲမ်ားတြင္ လူထုပါဝင္လာမႈတိုးလာေနေၾကာင္း သိရသည္။

" အရမ္းေတြ႔ရခဲတဲ့ျမင္ကြင္းပါ။ ဒီလိုပြဲမ်ိဳးျဖစ္ေျမာက္ေအာင္လုပ္ေပးတာ ေက်းဇူးလည္း တင္တယ္။ ဝမ္းလည္း သာပါတယ္။ ဘာသာေပါင္းစံုကလည္း နွစ္နွစ္ကာကာပါဝင္လာတယ္။ ေနာက္ပိုင္း တိုင္းက်ိဳးျပည္ျပဳကိစၥေတြက္ို ဒီထက္ပိုၿပီး ဘာသာေပါင္းစံုက ေလးေလးနက္နက္ လုပ္ေဆာင္သြားနုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"ဟု မေကြးနွစ္ျခင္းအသင္းေတာ္၏ သင္းအုပ္ဆရာ သိကၡာေတာ္ဆရာ ဦးမ်ိဳးထြန္းက ေျပာသည္။

ႏိုင္ငံအတြင္း ဘာသာေပါင္းစံုဆုေတာင္းပြဲမ်ားအား က်င္းပေနၾကျခင္းျဖစ္ၿပီး မေကြးၿမိဳ႕တြင္ အပတ္စဥ္ က်င္းပေနျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဒုတိယအကြိမ်မြောက် ဘာသာပေါင်းစုံဆုတောင်းပွဲကို အောက်တိုဘာ (၁၇)ရက် ညနေ(၆)နာရီအချိန်က မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ ဘာသာပေါင်းစုံမှ ဘာသာဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တက်ရောက်ကြောင်း သိရသည်။

" ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ စုပေါင်းပြီးတော့ ဆုတောင်းပွဲဆိုပေမယ့် ဆုတောင်းနေရုံနဲ့တော့ မပြီးပါဘူး။ ဆုတောင်းတဲ့စကားလုံးတိုင်းရဲ့နောက်မှာ စကားလုံးရဲ့ ရည်ရွယ်ချက်အတိုင်း ကိုယ်စီကိုယ်စီ အသိအလိမ္မာစိတ်နဲ့ အားလုံးလိုက်နာကျင့်သုံးကြမယ်ဆိုရင် ဦးဇင်းတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနဲ့ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားမှာ သေချာပြီးသားပါ။ နေရာထိုင်ခင်းအနေနဲ့တော့ အားလုံးယှဉ်တွဲလိုက်လို့သာ ဗုဒ္ဓဘာသာတွေအနေနဲ့ အမြင်တစ်မျိုးဖြစ်တာပါ။ ဘာသာတိုင်း ဘာသာတိုင်းမှာ သူ့ယုံကြည်ချက်နဲ့သူ ထိပ်ဆုံးမှာတင်ထားတဲ့ ခေါင်းဆောင်တွေချည်းပါပဲ။ အခုလိုစုံစုံညီညီလုပ်တဲ့ပွဲမှာ ဦးဇင်းတို့နဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တန်းတူရည်တူထိုင်တဲ့နေရာမှာ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေးတွေနဲ့ ကြည့်စေချင်တယ် မြင်စေချင်တယ်ပေါ့"ဟု ဆရာတော်ဦးခေမာက မိန့်သည်။

အဆိုပါအခမ်းအနားတွင် သံဃာရာမကျောင်းတိုက်ဆရာတော်ကြီး ဦးစိန္တာက မေတ္တာတရားအကြောင်း ဟောကြားကာ သက်တော်ရှည်မဟာထေရ်ဆရာတော်ကြီး (၉) ပါးမှ ဦးဆောင်၍ သံဃာတော်အားလုံးတို့က မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဘာသာရေးခေါင်းဆောင်အသီးသီးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် တက်ရောက်လာသူများက ဆုတောင်းခြင်းများပြုလုပ်ကြကြောင်း သိရသည်။

"ကျွန်တော်တို့အစိုးရလက်ထက်မှာ ပြည်ထောင်စုကြီးအေးချမ်းသာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေစိုးမိုးဖို့ ဆိုတာ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာမှုမရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲများက ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကြီးဆိုပြီးတော့ ဆုတောင်းပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ်"ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးမြို့တွင် ဘာသာပေါင်းစုံဆုတောင်းပွဲများကို အောက်တိုဘာလ (၁၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ အင်္ဂါနေ့တိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ဒီလိုပွဲမျိုး တစ်နိုင်ငံလုံးလုပ်နေတဲ့အပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေအားလုံးရဲ့ ကိုယ်စား ဝမ်းလည်းဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်တို့ ဘာသာဝင်တွေကို အမြင်စောင်းနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြခွင့်ရတဲ့အတွက်ပါ။ အစ္စလာမ်ဘာသာဝင်တွေဟာ အကြမ်းဖက်မဟုတ်သလို အကြမ်းဖက်သူတိုင်းဟာလည်း အစ္စလာမ်ဘာသာဝင်တွေမဟုတ်ဘူးလို့ ကျွန်တော်တို့ခံယူထားပါတယ်"ဟု တိုင်းဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ အစ္စလာမ်ဘာသာအစုအဖွဲ့ အတွင်းရေးမှူး ဟာဂျီ ဦးခင်မောင်သန်းက ပြောသည်။

မကွေးမြို့တွင် ကျင်းပသည့် ဘာသာပေါင်းစုံဆုတောင်းပွဲများတွင် လူထုပါဝင်လာမှုတိုးလာနေကြောင်း သိရသည်။

" အရမ်းတွေ့ရခဲတဲ့မြင်ကွင်းပါ။ ဒီလိုပွဲမျိုးဖြစ်မြောက်အောင်လုပ်ပေးတာ ကျေးဇူးလည်း တင်တယ်။ ဝမ်းလည်း သာပါတယ်။ ဘာသာပေါင်းစုံကလည်း နှစ်နှစ်ကာကာပါဝင်လာတယ်။ နောက်ပိုင်း တိုင်းကျိုးပြည်ပြုကိစ္စတွေကို် ဒီထက်ပိုပြီး ဘာသာပေါင်းစုံက လေးလေးနက်နက် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု မကွေးနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာ သိက္ခါတော်ဆရာ ဦးမျိုးထွန်းက ပြောသည်။

နိုင်ငံအတွင်း ဘာသာပေါင်းစုံဆုတောင်းပွဲများအား ကျင်းပနကြခြေင်းဖြစ်ပြီး မကွေးမြို့တွင် အပတ်စဉ် ကျင်းပနခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~