ဆိုင္ကယ္ခ်န္ထားၿပီး ဧရာဝတီတံတား(မေကြး)ေပၚမွ ခုန္ခ်သြားသည္ဟုယူဆရသူ ႏွစ္ရက္ၾကာ ရွာေဖြသည္အထိ မေတြ႕ေသး

ဆိုင္ကယ္ခ်န္ထားၿပီး ဧရာဝတီတံတား(မေကြး)ေပၚမွ ခုန္ခ်သြားသည္ဟုယူဆရသူ ႏွစ္ရက္ၾကာ ရွာေဖြသည္အထိ မေတြ႕ေသး
အောက်တိုဘာ 29, 2017
By 🌸
ဧရာဝတီတံတား(မေကြး) မင္းဘူးဘက္ျခမ္းမွ ေအာက္တိုဘာ(၂၈)ရက္ နံနက္ပိုင္းတြင္ လူတစ္ဦး ခုန္ခ်သြားသည္ဟု ယူဆသျဖင့္ ရွာေဖြေနေသာ္လည္း ေအာက္တိုဘာလ (၂၉)ရက္ေန႔ ညေနပိုင္းထိ အေလာင္းရွာမေတြ႔ေသး ေၾကာင္း မင္းဘူးၿမိဳ႕မရဲစခန္းမွ သိရသည္။

ေအာက္တိုဘာ(၂၈)ရက္ နံနက္(၁၀)နာရီအခ်ိန္တြင္ ဧရာဝတီတံတား(မေကြး) မင္းဘူးဘက္ျခမ္္းတြင္ ဆုိင္ကယ္တစ္စီး ရပ္တန္႕ထားၿပီး လူတစ္ဦးျမစ္အတြင္းသို႔ ခုန္ခ်ရန္ျပဳလုပ္ေနေၾကာင္း လမ္းသြားလမ္းလာတစ္ဦးမွ တံတားရဲကင္းမွဴး ဒုရဲအုပ္ေက်ာ္ေက်ာ္ထံ သတင္းေပးခ်က္အရ ခ်က္ခ်င္းသြားေရာက္စစ္ေဆးခဲ့ေသာ္လည္း ရပ္တန္႕ထားေသာ ဆိုင္ကယ္တစ္စီးနွင့္အတူ ဆိုင္ကယ္စီးဦးထုပ္တစ္လံုး၊ ဖိနပ္တစ္ရံကိုသာ ေတြ႔ခဲ့ရေၾကာင္း သိရသည္။

" တံတားေပၚက ခုန္ခ်တဲ့ျဖစ္စဥ္ ရွိခဲ့သလားဆိုတာကေတာ့ ေတြ႕ရွိရတဲ့အေထာက္အထားေတြအရ ရွိခဲ့တယ္လို႕ ေျပာရမွာျဖစ္ေပမဲ့ အေလာင္းကိုေတာ့ ရွာမေတြ႕ေသးပါဘူး။ ျမစ္ေအာက္ဘက္မွာရွိတဲ့ မင္းလွရဲစခန္းကိုေတာ့ လွမ္းၿပီးခ်ိတ္ဆက္ထားပါတယ္။ အေလာင္းလည္းမေတြ႔၊ လူေပ်ာက္လည္းတိုင္ထားတာမရွိေတာ့ စခန္းမွာ အမႈဖြင့္ထားတာမ်ိဳး မရွိေသးပါဘူး" ဟု မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္လိႈင္မ်ိဳးဝင္းက တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

ဆုိင္ကယ္အတြင္းမွေတြ႔ရွိရေသာ ပိုက္ဆံအိတ္ထဲမွ ေတြ႔ရသည့္ ဖုန္းနံပါတ္တစ္ခုကို ဆက္သြယ္ၾကည့္ရာ ၿမိဳ႕သစ္ၿမိဳ႕နယ္ ေရႊဘိုေက်းရြာေန ဦးပန္းညြန္႔၏သား ျမတ္မင္းထိုက္ စီးနင္းသြားသည့္ ဆိုင္ကယ္ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့ေၾကာင္း သိရသည္။

 ေအာက္တိုဘာလ (၂၈)ရက္ေန႔ နံနက္ (၆) နာရီခြဲအခ်ိန္ခန္႔က ဦးပန္းညြန္႔သည္ သားျဖစ္သူ ျမတ္မင္းထိုက္အား မေကြးေဆးရံုတြင္ျပသရန္ သားအဖနွစ္ဦး ဆိုင္ကယ္ျဖင့္ထြက္လာခဲ့ရာ နံနက္(၉)နာရီခန္႔တြင္ ျမတ္မင္းထိုက္က ကြမ္းသြားဝယ္မည္ဟုဆိုကာ ဆိုင္ကယ္ျဖင့္ တစ္ဦးတည္း ထြက္သြားခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။
ဧရာဝတီျမစ္အတြင္း ခုန္ခ်ခဲ့သည္ဟု ယူဆရသည့္ ျမတ္မင္းထိုက္အား ရွာေဖြေတြ႕ရွိနိုင္ေရးအတြက္ ဧရာဝတီတံတားရဲကင္းမႈး ဒုရဲအုပ္ေက်ာ္ေက်ာ္နွင့္ ၎၏မိသားစုမ်ားက စက္ေလွတစ္စီးျဖင့္ ျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ ရွာေဖြမႈမ်ားျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းဘူးၿမိဳ႕မရဲစခန္းက မင္းလွရဲစခန္းသို႔လည္း ဆက္သြယ္အေၾကာင္းၾကားထားၿပီး ရွာေဖြေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ႏြယ္ႏြယ္

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်ချန်ထားပြီး  ဧရာဝတီတံတား(မကွေး)ပေါ်မှ ခုန်ချသွားသည်ဟုယူဆရသူ နှစ်ရက်ကြာ ရှာဖွေသည်အထိ မတွေ့သေး
***********a
ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်းမှ အောက်တိုဘာ(၂၈)ရက် နံနက်ပိုင်းတွင် လူတစ်ဦး ခုန်ချသွားသည်ဟု ယူဆသဖြင့် ရှာဖွေနေသော်လည်း အောက်တိုဘာလ (၂၉)ရက်နေ့ ညနေပိုင်းထိ အလောင်းရှာမတွေ့သေး ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

အောက်တိုဘာ(၂၈)ရက် နံနက်(၁၀)နာရီအချိန်တွင် ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ််းတွင် ဆိုင်ကယ်တစ်စီး ရပ်တန့်ထားပြီး လူတစ်ဦးမြစ်အတွင်းသို့ ခုန်ချရန်ပြုလုပ်နေကြောင်း လမ်းသွားလမ်းလာတစ်ဦးမှ တံတားရဲကင်းမှူး ဒုရဲအုပ်ကျော်ကျော်ထံ သတင်းပေးချက်အရ ချက်ချင်းသွားရောက်စစ်ဆေးခဲ့သော်လည်း ရပ်တန့်ထားသော ဆိုင်ကယ်တစ်စီးနှင့်အတူ ဆိုင်ကယ်စီးဦးထုပ်တစ်လုံး၊ ဖိနပ်တစ်ရံကိုသာ တွေ့ခဲ့ရကြောင်း သိရသည်။

" တံတားပေါ်က ခုန်ချတဲ့ဖြစ်စဉ် ရှိခဲ့သလားဆိုတာကတော့ တွေ့ရှိရတဲ့အထောက်အထားတွေအရ ရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပေမဲ့ အလောင်းကိုတော့ ရှာမတွေ့သေးပါဘူး။ မြစ်အောက်ဘက်မှာရှိတဲ့ မင်းလှရဲစခန်းကိုတော့ လှမ်းပြီးချိတ်ဆက်ထားပါတယ်။ အလောင်းလည်းမတွေ့၊ လူပျောက်လည်းတိုင်ထားတာမရှိတော့ စခန်းမှာ အမှုဖွင့်ထားတာမျိုး မရှိသေးပါဘူး" ဟု မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်လှိုင်မျိုးဝင်းက တာချီလိတ်အေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်အတွင်းမှတွေ့ရှိရသော ပိုက်ဆံအိတ်ထဲမှ တွေ့ရသည့် ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ကြည့်ရာ မြို့သစ်မြို့နယ် ရွှေဘိုကျေးရွာနေ ဦးပန်းညွန့်၏သား မြတ်မင်းထိုက် စီးနင်းသွားသည့် ဆိုင်ကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

 အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ဦးပန်းညွန့်သည် သားဖြစ်သူ မြတ်မင်းထိုက်အား မကွေးဆေးရုံတွင်ပြသရန် သားအဖနှစ်ဦး ဆိုင်ကယ်ဖြင့်ထွက်လာခဲ့ရာ နံနက်(၉)နာရီခန့်တွင် မြတ်မင်းထိုက်က ကွမ်းသွားဝယ်မည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့သည်ဟု ယူဆရသည့် မြတ်မင်းထိုက်အား ရှာဖွေတွေ့ရှိနိုင်ရေးအတွက် ဧရာဝတီတံတားရဲကင်းမှုး ဒုရဲအုပ်ကျော်ကျော်နှင့် ၎င်း၏မိသားစုများက စက်လှေတစ်စီးဖြင့် မြစ်ကြောင်းတစ်လျှောက်တွင် ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့မရဲစခန်းက မင်းလှရဲစခန်းသို့လည်း ဆက်သွယ်အကြောင်းကြားထားပြီး ရှာဖွေနေကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #နွယ်နွယ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~