မေကြးၿမိဳ႕မအခ်ဳပ္ခန္းေဖာက္ထြက္ေျပးသူ(၆)ဦးအနက္မွ တစ္ဦးကို မိခင္ေနအိမ္ျပန္လာစဥ္ ဖမ္းဆီးရမိ

မေကြးၿမိဳ႕မအခ်ဳပ္ခန္းေဖာက္ထြက္ေျပးသူ(၆)ဦးအနက္မွ တစ္ဦးကို မိခင္ေနအိမ္ျပန္လာစဥ္ ဖမ္းဆီးရမိ
အောက်တိုဘာ 12, 2017
By 🌸
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ အခ်ဳပ္ေဖာက္ထြက္ေျပးသူ(၆)ဦးအနက္ တစ္ဦးကို ေအာက္တိုဘာ (၁၁)ရက္ေန႔ ည(၈)နာရီခန္႔အခ်ိန္တြင္ ျပန္လည္ဖမ္းဆီးရမိေၾကာင္း မေကြးၿမိဳ႕မရဲစခန္းမွ သိရသည္။

“အခ်ဳပ္ေဖာက္ထြက္ေျပးတဲ့ တရားခံေတြကို ျပန္လည္ဖမ္းဆီးရမိႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႔ဝင္ေတြ အပူတျပင္း ႀကိဳးစားေနၾကပါတယ္။ ဒီတစ္ေယာက္ကိုလည္း သူ႔မိခင္အိမ္ကို ျပန္လည္ေရာက္ရွိေနေၾကာင္း သတင္းအရ ကၽြန္ေတာ္တို႔အဖြဲ႔ သြားေရာက္ ဖမ္းဆီးနိုင္ခဲ့တာပါ” ဟု မေကြးၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ထက္သူက တာခ်ီိလိတ္ေအဂ်င္စီသို႔ေျပာသည္။

ျပန္လည္ဖမ္းဆီးရမိသူမွာ မေကြးနယ္ေျမရဲစခန္းတြင္ (ပ) ၃၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၃၆/ ၁၁၄ အမႈျဖင့္တရားရင္ဆိုင္ေနရသူ သိန္းမင္းထိုက္ျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားမွာ မူး/စိတ္ ပုဒ္မ ၁၅/၁၉ (က)/၂၁ ျဖင္႔ အမႈရင္ဆုိင္ေနသည့္ ဘိုဘိုထက္၊ ပုဒ္မ ၃၆၃/၃၇၆ ျဖင္႔ အမႈရင္ဆိုင္ေနသည့္ စိုင္းသီဟ၊ပုဒ္မ ၃၇၆ ျဖင္႔ အမႈရင္ဆုိင္ေနသည့္ ခ်စ္ကိုကို၊ ပုဒ္မ ၃၇၆/၃၆၃/၁၁၄ တို႔ျဖင္႔ အမႈရင္ဆုိင္ေနသည့္ ေအာင္ေဇာ္လင္း၊ ပုဒ္မ ၃၈၀ ျဖင္႔ အမႈရင္ဆုိင္ေနသည့္ ခိုင္စိုးတို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၆)ဦးသည္ ေအာက္တိုဘာ(၁၁)ရက္ နံနက္(၃)နာရီေက်ာ္ အခ်ိန္ခန္႔တြင္ မေကြးၿမိဳ႕မရဲ အခ်ဳပ္ခန္း အမွတ္(၆) ၌ အခ်ဳပ္သား(၉)ဦးႏွင္႔အတူ ဖမ္းဆီးခ်ဳပ္ေနွာင္ထားရာမွ အခ်ဳပ္ခန္းေဖာက္၍ ထြက္ ေျပးလြတ္ေျမာက္သြား ၾကျခင္း ျဖစ္သည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့မအချုပ်ခန်းဖောက်ထွက်ပြေးသူ(၆)ဦးအနက်မှ တစ်ဦးကို မိခင်နေအိမ်ပြန်လာစဉ် ဖမ်းဆီးရမိ
**********
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့မရဲစခန်းမှ အချုပ်ဖောက်ထွက်ပြေးသူ(၆)ဦးအနက် တစ်ဦးကို အောက်တိုဘာ (၁၁)ရက်နေ့ ည(၈)နာရီခန့်အချိန်တွင် ပြန်လည်ဖမ်းဆီးရမိကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

“အချုပ်ဖောက်ထွက်ပြေးတဲ့ တရားခံတွေကို ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ အပူတပြင်း ကြိုးစားနေကြပါတယ်။ ဒီတစ်ယောက်ကိုလည်း သူ့မိခင်အိမ်ကို ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ ကျွန်တော်တို့အဖွဲ့ သွားရောက် ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု မကွေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ထက်သူက တာချီိလိတ်အေဂျင်စီသို့ပြောသည်။

ပြန်လည်ဖမ်းဆီးရမိသူမှာ မကွေးနယ်မြေရဲစခန်းတွင် (ပ) ၃၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၃၆/ ၁၁၄ အမှုဖြင့်တရားရင်ဆိုင်နေရသူ သိန်းမင်းထိုက်ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသူများမှာ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုရင်ဆိုင်နေသည့် ဘိုဘိုထက်၊ ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုရင်ဆိုင်နေသည့် စိုင်းသီဟ၊ပုဒ်မ ၃၇၆ ဖြင့် အမှုရင်ဆိုင်နေသည့် ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေသည့် အောင်ဇော်လင်း၊ ပုဒ်မ ၃၈၀ ဖြင့် အမှုရင်ဆိုင်နေသည့် ခိုင်စိုးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၆)ဦးသည် အောက်တိုဘာ(၁၁)ရက် နံနက်(၃)နာရီကျော် အချိန်ခန့်တွင် မကွေးမြို့မရဲ အချုပ်ခန်း အမှတ်(၆) ၌ အချုပ်သား(၉)ဦးနှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားရာမှ အချုပ်ခန်းဖောက်၍ ထွက် ပြေးလွတ်မြောက်သွား ကြခြင်း ဖြစ်သည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~