မင္းတုန္းၿမိဳ႕နယ္တြင္ ခင္ပြန္းျဖစ္သူက ရိုက္ႏွက္သျဖင့္ ဇနီးျဖစ္သူ ေသြးထြက္လြန္ေသဆံုး

မင္းတုန္းၿမိဳ႕နယ္တြင္ ခင္ပြန္းျဖစ္သူက ရိုက္ႏွက္သျဖင့္ ဇနီးျဖစ္သူ ေသြးထြက္လြန္ေသဆံုး
အောက်တိုဘာ 20, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕နယ္ ႀကိဳ႕ကုန္းေက်းရြာတြင္ ခင္ပြန္းျဖစ္သူက ရိုက္သျဖင့္ ဇနီးျဖစ္သူ ေသဆံုးသြားေသာေၾကာင့္ လူသတ္မႈျဖင့္ မင္းတုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

မင္းတုန္းၿမိဳ႕နယ္ ႀကိဳ႕ကုန္းေက်းရြာေန ကြန္းေဇာ္ဆိုသူက ေအာက္တိုဘာ(၁၈)ရက္၊ ေန႔ လည္ (၁၂)နာရီခြဲခန္႔တြင္ ဇနီးျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ရာမွ ဝါးတုတ္ျဖင့္ ရိုက္နွက္ၿပီး ငါးၾကင္းဖန္ခြက္ျဖင့္ ပစ္ေပါက္သျဖင့္ ဇနီးျဖစ္သူ မသူဇာေထြး၏ ဝဲဘက္ဦးေခါင္း၊ နားရြက္၊ ယာေပါင္နွင့္ ဝဲလက္ဖ်ံတို႔တြင္ ဒဏ္ရာအသီးသိီးရရွိသြားရာ မသူဇာေထြးက ေယာင္းမေတာ္စပ္သူ၏ ေနအိမ္သို႔ သြားေရာက္ အကူအညီေတာင္းစဥ္ ေနအိမ္ၿခံဝင္းအတြင္း ေသြးထြက္လြန္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

"သူတို႔လင္မယားက ဒီလိုပဲ မၾကာခဏ စကားမ်ားရန္ျဖစ္ၾကေလ့ရွိတာေၾကာင့္ ပတ္ဝန္းက်င္ကလည္း ဒီလိုနဲ႔ ၿပီးသြားၾကမွာပါေလဆိုၿပီး ေနေနၾကတာ။ ဒီတစ္ခါမွာေတာ့ လက္လြန္ေျခလြန္ေတြျဖစ္ၿပီး လူေသတဲ့ထိ ျဖစ္သြားရတာပါ။ ကၽြန္ေတာ္ တရားလိုလုပ္ၿပီး စခန္းမွာ အမႈဖြင့္ထားပါတယ္" ဟု ႀကိဳ႕ကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

အဆိုပါျဖစ္စဥ္နွင့္ ပတ္သက္၍  ကြန္းေဇာ္အား မင္းတုန္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမွဳဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓါတ္ပံု #ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းတုန်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူက ရိုက်နှက်သဖြင့် ဇနီးဖြစ်သူ သွေးထွက်လွန်သေဆုံး
**************
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ခင်ပွန်းဖြစ်သူက ရိုက်သဖြင့် ဇနီးဖြစ်သူ သေဆုံးသွားသောကြောင့် လူသတ်မှုဖြင့် မင်းတုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတုန်းမြို့နယ် ကြို့ကုန်းကျေးရွာနေ ကွန်းဇော်ဆိုသူက အောက်တိုဘာ(၁၈)ရက်၊ နေ့ လည် (၁၂)နာရီခွဲခန့်တွင် ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဝါးတုတ်ဖြင့် ရိုက်နှက်ပြီး ငါးကြင်းဖန်ခွက်ဖြင့် ပစ်ပေါက်သဖြင့် ဇနီးဖြစ်သူ မသူဇာထွေး၏ ဝဲဘက်ဦးခေါင်း၊ နားရွက်၊ ယာပေါင်နှင့် ဝဲလက်ဖျံတို့တွင် ဒဏ်ရာအသီးသိီးရရှိသွားရာ မသူဇာထွေးက ယောင်းမတော်စပ်သူ၏ နေအိမ်သို့ သွားရောက် အကူအညီတောင်းစဉ် နေအိမ်ခြံဝင်းအတွင်း သွေးထွက်လွန် သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

"သူတို့လင်မယားက ဒီလိုပဲ မကြာခဏ စကားများရန်ဖြစ်ကြလေ့ရှိတာကြောင့် ပတ်ဝန်းကျင်ကလည်း ဒီလိုနဲ့ ပြီးသွားကြမှာပါလေဆိုပြီး နေနေကြတာ။ ဒီတစ်ခါမှာတော့ လက်လွန်ခြေလွန်တွေဖြစ်ပြီး လူသေတဲ့ထိ ဖြစ်သွားရတာပါ။ ကျွန်တော် တရားလိုလုပ်ပြီး စခန်းမှာ အမှုဖွင့်ထားပါတယ်" ဟု ကြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  ကွန်းဇော်အား မင်းတုန်းမြို့မရဲစခန်းတွင် (ပ)၁၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓါတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~