လားရိႈးရိွ ေရကူးကန္အေဟာင္းတြင္ ပုပ္ပြေနသည့္အမ်ိဳးသမီးအေလာင္းေတြ႔ရိွ

လားရိႈးရိွ ေရကူးကန္အေဟာင္းတြင္ ပုပ္ပြေနသည့္အမ်ိဳးသမီးအေလာင္းေတြ႔ရိွ
အောက်တိုဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရွိ ျမကန္သာေရကန္ ကန္အမွတ္(၉)တြင္ ပုပ္ပြေနသည့္ အမ်ိဳးသမီးအေလာင္းကို ေအာက္တိုဘာလ (၃)ရက္ေန႔ ေန႔လယ္ပိုင္းက ေတြ႔ရေၾကာင္း သိရသည္။

“အဲဒီေရကန္က အရင္တုန္းက ေရကူးကန္ျဖစ္ခဲ့ဖူးေပမယ့္ အခုေနာက္ပိုင္း လူအသြားအလာ ျပတ္တဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ အဲဒီကေန ကေမၻာဇလူမႈကူညီေရးအသင္းနဲ႔ ကၽြန္ေတာ္တို႔ ေပးေသာလက္လူငယ္အဖြဲ႔ သြားေရာက္သယ္ေဆာင္ၿပီး ျပည္သူ႔ေဆးရံု အေရးေပၚဌာနကို ပို႔ေပးထားပါတယ္။ အဲဒီကေနတစ္ဆင့္ ရင္ခြဲရံုကို ပို႔ေဆာင္ေပးထားပါတယ္”ဟု လားရိႈးၿမိဳ႕မွ ေပးေသာလက္ပရဟိတလူငယ္အဖြဲ႔မွ ဦးျမင့္ေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရကန္အတြင္း အေလာင္းေတြ႔ရေၾကာင္း အနီးရိွ တပ္ရင္းမွ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ေသဆံုးသူအား အတည္ျပဳႏုိင္ေရးနွင့္ ေသဆံုးမႈအေၾကာင္းရင္းတို႔အား ရဲတပ္ဖြဲ႔က စံုစမ္းေဖာ္ထုတ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ အမွတ္(၂)နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းဖြင့္လွစ္ၿပီး စစ္ေဆးမႈမ်ား ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြကန်သာရေကန် ကန်အမှတ်(၉)တွင် ပုပ်ပွနေသည့် အမျိုးသမီးအလောင်းကို အောက်တိုဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရကြောင်း သိရသည်။

“အဲဒီရေကန်က အရင်တုန်းက ရေကူးကန်ဖြစ်ခဲ့ဖူးပေမယ့် အခုနောက်ပိုင်း လူအသွားအလာ ပြတ်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ကမ္ဘောဇလူမှုကူညီရေးအသင်းနဲ့ ကျွန်တော်တို့ ပေးသောလက်လူငယ်အဖွဲ့ သွားရောက်သယ်ဆောင်ပြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနကို ပို့ပေးထားပါတယ်။ အဲဒီကနေတစ်ဆင့် ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု လားရှိုးမြို့မှ ပေးသောလက်ပရဟိတလူငယ်အဖွဲ့မှ ဦးမြင့်မော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေကန်အတွင်း အလောင်းတွေ့ရကြောင်း အနီးရှိ တပ်ရင်းမှ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး သေဆုံးသူအား အတည်ပြုနိုင်ရေးနှင့် သေဆုံးမှုအကြောင်းရင်းတို့အား ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~