
အောကျတိုဘာ 19, 2017
By 🌸



သတင်း #နန်းဟွမ်ခမ်း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
**************
ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကျောက်ကြီး(မြောက်ပိုင်း) ကျေးရွာအနီး ကားလမ်းတွင် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေ (၃)နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀၀) ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် စစ်ဆေးနေစဉ် မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ဆန်း(ခ)ကုလားအား ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရသည့် မောင်ဆန်း(ခ)ကုလားအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~