နမ့္ဆန္ၿမိဳ႕နယ္တြင္ တစ္ရက္အတြင္း ဒုတိယေျမာက္ ေျမျမဳပ္မိုင္းနင္းမိသူ ထပ္မံေသဆံုး

နမ့္ဆန္ၿမိဳ႕နယ္တြင္ တစ္ရက္အတြင္း ဒုတိယေျမာက္ ေျမျမဳပ္မိုင္းနင္းမိသူ ထပ္မံေသဆံုး
အောက်တိုဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပုိင္း) နမ့္ဆန္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ(၂၀)ရက္ေန႔က ဒုတိယေျမာက္ မိုင္းနင္းမိသူမွာ လံုေတာက္ - မန္ပိန္ေက်းရြာခ်င္းဆက္လမ္းမွ အခင္းျဖစ္ေနရာတြင္ ညေန (၆)နာရီခန္႔က ေသဆံုးသြားေၾကာင္း သိရသည္။

“မန္လြယ္ရြာနားကပဲ လံုေတာက္ရြာမွာ တစ္ေယာက္ မုိင္းထိတယ္ဆိုလို႔ ေရွာ္လဲတုိက္နယ္ လူမႈကူညီေရးအဖြဲ႕က သြားသယ္ၾကပါတယ္။ လံုေတာက္နဲ႔ မန္ပိန္ေက်းရြာခ်င္းဆက္လမ္းမွာပဲ မိုင္းနင္းမိတာ။ ဒီက သြားသယ္တဲ့သူေတြေရာက္ေတာ့ အသက္ရွင္ေနေသးတယ္။ ဒဏ္ရာက အေတာ္ကိုျပင္းတယ္လို႔ သိရတယ္။ သူတို႔ သယ္ဖို႔ႀကိဳးစားရင္း ေနရာမွာတင္ ဆံုးသြားတယ္လို႔ သိရတယ္။ အဲဒီနားမွာကို တစ္နာရီေလာက္ ၾကာတယ္လို႔ သိရတယ္။ နာမည္ကေတာ့ မိုင္းလွစိုင္းလို႔ သိရတယ္”ဟု ေဒသတြင္း ေျမျမဳပ္မုိင္းအႏၱရာယ္ အသိေပးလုပ္ငန္းမ်ားတြင္လည္း ကူညီေဆာင္ရြက္ေနသည့္ တအာင္း ဥပေဒ အေထာက္အကူျပဳအဖြဲ႔မွ မိုင္မ်ိဳးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နမ့္ဆန္ၿမိဳ႕နယ္ အေရွ႕လံုေတာက္ရြာမွ အမ်ိဳးသားတစ္ဦး ေအာက္တိုဘာလ (၂၀)ရက္ေန႔ ညေန (၄)နာရီခြဲခန္႔တြင္ ေက်းရြာခ်င္းဆက္လမ္းေပၚတြင္ ေျမျမဳပ္မိုင္းနင္းမိခဲ့ျခင္းျဖစ္ၿပီး နံနက္ (၈)နာရီခြဲခန္႔ကလည္း နမ့္ဆန္ၿမိဳ႕နယ္ အထက္မန္လြယ္ေက်းရြာအနီး ေက်းရြာလမ္းတြင္ လက္ဖက္ၿခံမွ ျပန္လာသည့္ အမ်ိဳးသမီးငယ္တစ္ဦး ေျမျမဳပ္မိုင္းနင္းသျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

အထက္မန္လြယ္ေက်းရြာအနီးတြင္ ေအာက္တိုဘာလ (၁၉)ရက္ေန႔ကလည္း ေျမျမဳပ္မိုင္းနင္းမိ၍ ႏြားတစ္ေကာင္ေသဆံုးခဲ့ေၾကာင္း သိရသည္။

နမ့္ဆန္ၿမိဳ႕နယ္အတြင္း ေျမျမဳပ္မိုင္းမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္၊ေသဆံုးမႈ မၾကာခဏျဖစ္ပြားေနသျဖင့္ ေျမျမဳပ္မိုင္းအႏၱရာယ္ပညာေပးျခင္းကို အရပ္ဖက္အဖြဲ႕အစည္းမ်ားက အဆိုပါေဒသတြင္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ်တွင် တစ်ရက်အတွင်း ဒုတိယမြောက် မြေမြုပ်မိုင်းနင်းမိသူ ထပ်မံသေဆုံး
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်အတွင်း အောက်တိုဘာလ(၂၀)ရက်နေ့က ဒုတိယမြောက် မိုင်းနင်းမိသူမှာ လုံတောက် - မန်ပိန်ကျေးရွာချင်းဆက်လမ်းမှ အခင်းဖြစ်နေရာတွင် ညနေ (၆)နာရီခန့်က သေဆုံးသွားကြောင်း သိရသည်။

“မန်လွယ်ရွာနားကပဲ လုံတောက်ရွာမှာ တစ်ယောက် မိုင်းထိတယ်ဆိုလို့ ရှော်လဲတိုက်နယ် လူမှုကူညီရေးအဖွဲ့က သွားသယ်ကြပါတယ်။ လုံတောက်နဲ့ မန်ပိန်ကျေးရွာချင်းဆက်လမ်းမှာပဲ မိုင်းနင်းမိတာ။ ဒီက သွားသယ်တဲ့သူတွေရောက်တော့ အသက်ရှင်နေသေးတယ်။ ဒဏ်ရာက အတော်ကိုပြင်းတယ်လို့ သိရတယ်။ သူတို့ သယ်ဖို့ကြိုးစားရင်း နေရာမှာတင် ဆုံးသွားတယ်လို့ သိရတယ်။ အဲဒီနားမှာကို တစ်နာရီလောက် ကြာတယ်လို့ သိရတယ်။ နာမည်ကတော့ မိုင်းလှစိုင်းလို့ သိရတယ်”ဟု ဒေသတွင်း မြေမြုပ်မိုင်းအန္တရာယ် အသိပေးလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်နေသည့် တအာင်း ဥပဒေ အထောက်အကူပြုအဖွဲ့မှ မိုင်မျိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ့်ဆန်မြို့နယ် အရှေ့လုံတောက်ရွာမှ အမျိုးသားတစ်ဦး အောက်တိုဘာလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး နံနက် (၈)နာရီခွဲခန့်ကလည်း နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာအနီး ကျေးရွာလမ်းတွင် လက်ဖက်ခြံမှ ပြန်လာသည့် အမျိုးသမီးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်မန်လွယ်ကျေးရွာအနီးတွင် အောက်တိုဘာလ (၁၉)ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိ၍ နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်အတွင်း မြေမြုပ်မိုင်းများကြောင့် ဒေသခံများ ထိခိုက်၊သေဆုံးမှု မကြာခဏဖြစ်ပွားနေသဖြင့် မြေမြုပ်မိုင်းအန္တရာယ်ပညာပေးခြင်းကို အရပ်ဖက်အဖွဲ့အစည်းများက အဆိုပါဒေသတွင် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~