၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ကယားျပည္နယ္ရန္ပံုေငြ က်ပ္ ၁၀၈.၂၉၉ ဘီလီယံျဖင့္ လုပ္ငန္းေပါင္း ၂၁၂၀ လုပ္ေဆာင္ရန္ အဆိုျပဳထား

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ကယားျပည္နယ္ရန္ပံုေငြ က်ပ္ ၁၀၈.၂၉၉ ဘီလီယံျဖင့္ လုပ္ငန္းေပါင္း ၂၁၂၀ လုပ္ေဆာင္ရန္ အဆိုျပဳထား
အောက်တိုဘာ 28, 2017
By 🌸
ကယားျပည္နယ္အတြင္း ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ ျပည္နယ္ရန္ပံုေငြျဖင့္ေဆာင္ရြက္ရန္ စီမံကိန္း အဆုိျပဳထားသည့္ လုပ္ငန္းအေရအတြက္ စုစုေပါင္း (၂၁၂၀)ရိွၿပီး ျပည္နယ္ရန္ပံုေငြစုစုေပါင္း က်ပ္ (၁၀၈.၂၉၉) ဘီလီယံရိွေၾကာင္း သိရသည္။

အဆုိပါ စီမံကိန္းအဆိုျပဳခ်က္မ်ားကို အသစ္သတ္မွတ္လုိက္သည့္ ဘ႑ာႏွစ္အတိုင္း ပထမ(၆)လကို အပိုင္း (၁)အျဖစ္လည္းေကာင္း၊ ဒုတိယ(၁၂)လကို အပိုင္း(၂)အျဖစ္လည္းေကာင္း ႏွစ္ပိုင္းခြဲျခားၿပီး စုစုေပါင္း (၁၈)လ အခ်ိန္ကာလျဖင့္ အဆိုျပဳေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိ အဆိုျပဳေရးဆြဲထားေသာ စီမံကိန္းအဆိုျပဳခ်က္ အပိုင္း(၁)ျဖစ္သည့္ ပထမ (၆)လ အတြက္ က်ပ္(၃၁.၆၄၁) ဘီလီယံသံုးစြဲမည့္ လုပ္ငန္းအေရအတြက္ (၉၀၂)ခုကို လည္းေကာင္း၊ အပိုင္း(၂)ျဖစ္သည့္ ဒုတိယ (၁၂)လအတြက္ က်ပ္ (၇၆.၆၅၈) ဘီလီယံသံုးစြဲမည့္ လုပ္ငန္းအေရအတြက္(၁၂၁၈)ခုျဖင့္ လည္းေကာင္း အဆိုျပဳထားေၾကာင္း သိရသည္။

သက္ဆိုင္ရာ ဌာနအသီးသီးမွ အဆိုျပဳေရးဆြဲလ်ာထားသည့္ အဆိုပါစီမံကိန္းမ်ားမွာ ကယားျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၏ လူထုေတြ႕ဆုံပြဲ၊ ခရီးစဥ္မ်ားတြင္ ျပည္သူလူထုတင္ျပခ်က္မ်ားအား ဦးစားေပးအဆင့္ခြဲျခား သတ္မွတ္ ထည့္သြင္းေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။
ဘ႑ာေရးႏွစ္စတင္ကာလကို ကာလ႐ွည္ပိတ္ရက္မ်ား ကင္းလြတ္လိုျခင္းႏွင့္ အေကာင္အထည္ေဖာ္မည့္ကာလ တစ္ဆက္တစ္စပ္တည္း ရွည္လ်ားစြာ ရရွိေရးအတြက္ ႏိုင္ငံေတာ္ ဘ႑ာေရးႏွစ္သတ္မွတ္ျခင္းအား ယခင္ ဧၿပီလမွ မတ္လအစား ဘ႑ာေရးႏွစ္ကို ေအာက္တိုဘာလမွ စက္တင္ဘာလသို႔ ေျပာင္းလဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈-၂၀၁၉ ခု၊ ဘ႑ာေရးႏွစ္ စီမံကိန္းအဆုိျပဳခ်က္ ႐ွင္းလင္းတင္ျပျခင္း အစည္းအေဝးအား ေအာက္တိုဘာလ (၂၄)ရက္ေန႔က ကယားျပည္နယ္အစုိးရအဖြဲ႔႐ုံး၊ အစည္းအေဝးခန္းမ၌ က်င္းပရာ ကယားျပည္နယ္အစုိးရအဖြဲ႔၊ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႔ အတြင္းေရးမွဴးတုိ႔ တက္ေရာက္ခဲ့ၾကၿပီး ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္နယ္မီးသတ္ဦးစီးဌာန၊ ျပည္နယ္ေဒသဖြံ႔ၿဖိဳးမႈႀကီးၾကပ္ေရး႐ုံး၊ ျပည္နယ္လမ္းဦးစီးဌာန၊ ျပည္နယ္ေက်းလက္လမ္းဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ျပည္နယ္ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ျပည္နယ္လွ်ပ္စစ္ဓာတ္အား ျဖန္ျဖဴးေရးလုပ္ငန္း၊ ျပည္နယ္ဆည္ေျမာင္းႏွင့္ေရအသုံးခ်ေရးစီမံခန္႔ခြဲမႈဦးစီးဌာန၊ ျပည္နယ္စည္ပင္သာယာေရးအဖြဲ႔၊ ျပည္နယ္အားကစားႏွင့္ကာယပညာ ဦးစီးဌာန၊ ျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနတုိ႔က စီမံကိန္းအဆုိျပဳခ်က္ ပထမ(၆)လႏွင့္ ဒုတိယ(၁၂)လအတြက္ အဆိုျပဳေရးဆြဲလ်ာထားမႈမ်ားအား ရွင္းလင္းတင္ျပခဲ့ၾကေၾကာင္း သိရသည္။

သတင္း #အင္မုိင္ခ
ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်ရန်ပုံငွေ ကျပ် ၁၀၈.၂၉၉ ဘီလီယံဖြင့် လုပ်ငန်းပေါင်း ၂၁၂၀ လုပ်ဆောင်ရန် အဆိုပြုထား
**********
ကယားပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်ရန် စီမံကိန်း အဆိုပြုထားသည့် လုပ်ငန်းအရေအတွက် စုစုပေါင်း (၂၁၂၀)ရှိပြီး ပြည်နယ်ရန်ပုံငွေစုစုပေါင်း ကျပ် (၁၀၈.၂၉၉) ဘီလီယံရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအဆိုပြုချက်များကို အသစ်သတ်မှတ်လိုက်သည့် ဘဏ္ဍာနှစ်အတိုင်း ပထမ(၆)လကို အပိုင်း (၁)အဖြစ်လည်းကောင်း၊ ဒုတိယ(၁၂)လကို အပိုင်း(၂)အဖြစ်လည်းကောင်း နှစ်ပိုင်းခွဲခြားပြီး စုစုပေါင်း (၁၈)လ အချိန်ကာလဖြင့် အဆိုပြုရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အဆိုပြုရေးဆွဲထားသော စီမံကိန်းအဆိုပြုချက် အပိုင်း(၁)ဖြစ်သည့် ပထမ (၆)လ အတွက် ကျပ်(၃၁.၆၄၁) ဘီလီယံသုံးစွဲမည့် လုပ်ငန်းအရေအတွက် (၉၀၂)ခုကို လည်းကောင်း၊ အပိုင်း(၂)ဖြစ်သည့် ဒုတိယ (၁၂)လအတွက် ကျပ် (၇၆.၆၅၈) ဘီလီယံသုံးစွဲမည့် လုပ်ငန်းအရေအတွက်(၁၂၁၈)ခုဖြင့် လည်းကောင်း အဆိုပြုထားကြောင်း သိရသည်။

သက်ဆိုင်ရာ ဌာနအသီးသီးမှ အဆိုပြုရေးဆွဲလျာထားသည့် အဆိုပါစီမံကိန်းများမှာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၏ လူထုတွေ့ဆုံပွဲ၊ ခရီးစဉ်များတွင် ပြည်သူလူထုတင်ပြချက်များအား ဦးစားပေးအဆင့်ခွဲခြား သတ်မှတ် ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးနှစ်စတင်ကာလကို ကာလရှည်ပိတ်ရက်များ ကင်းလွတ်လိုခြင်းနှင့် အကောင်အထည်ဖော်မည့်ကာလ တစ်ဆက်တစ်စပ်တည်း ရှည်လျားစွာ ရရှိရေးအတွက် နိုင်ငံတော် ဘဏ္ဍာရေးနှစ်သတ်မှတ်ခြင်းအား ယခင် ဧပြီလမှ မတ်လအစား ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလမှ စက်တင်ဘာလသို့ ပြောင်းလဲထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းအဆိုပြုချက် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား အောက်တိုဘာလ (၂၄)ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့က စီမံကိန်းအဆိုပြုချက် ပထမ(၆)လနှင့် ဒုတိယ(၁၂)လအတွက် အဆိုပြုရေးဆွဲလျာထားမှုများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~