ကယားျပည္နယ္အတြင္း ခရီးသြားေဒသအခ်ိဳ႕တြင္ ႏိုင္ငံျခားသားခရီးသြားမ်ားသြားလာခြင့္ ႀကိဳတင္ခြင့္ျပဳခ်က္ ေတာင္းခံရမည္

ကယားျပည္နယ္အတြင္း ခရီးသြားေဒသအခ်ိဳ႕တြင္ ႏိုင္ငံျခားသားခရီးသြားမ်ားသြားလာခြင့္ ႀကိဳတင္ခြင့္ျပဳခ်က္ ေတာင္းခံရမည္
အောက်တိုဘာ 1, 2017
By Tachileik News Agency

ကယားျပည္နယ္အတြင္း လိြဳင္ေကာ္၊ ဖရူဆိုႏွင့္ ဒီးေမာ့ဆိုၿမိဳ႕မ်ားမွလြဲ၍ အျခားေဒသမ်ားတြင္ ႏုိင္ငံျခားသား ခရီးသြားမ်ား သြားလာ လည္ပတ္လိုပါက သက္ဆိုင္ရာဌာနမ်ားတြင္ ႀကိဳတင္ခြင့္ျပဳခ်က္ ေတာင္းခံရန္ လိုအပ္ေၾကာင္း သိရသည္။

"ပိတ္တာေတာ့ မပိတ္ထားဘူး။ ႏိုင္ငံျခားသားေတြသြားလာႏိုင္တဲ့ဧရိယာေတြမွာ သူတို႔သြားလာႏိုင္တယ္။ ၿပီးရင္ အခုခရီးသြားလုပ္ငန္းေတြလုပ္ေနတဲ့ေဒသေတြက ျပည္ထဲေရးက ကန္႔သတ္ထားတဲ့ ကန္႔သတ္ ဧရိယာထဲမွာရွိတယ္။ ဒီလိုေနရာေတြသြားရင္ေတာ့ သုံးရက္ ဒါမွမဟုတ္ ငါးရက္ ႀကိဳၿပီးခြင့္ျပဳခ်က္ ေတာင္းရမယ္။ ခ်က္ခ်င္းလုပ္ေပးပါတယ္။ အခုျဖစ္ေနတာက ဒီေဒသတြင္းခရီးသြားတဲ့ေနရာျဖစ္တဲ့ ပန္ပက္ မေရာက္ခင္ ေဒါတဝီရြာမွာ ဂိတ္တစ္ခု အသစ္ဖြင့္ထားတယ္။ အဲဒီကိုလာတဲ႔ ႏိုင္ငံျခားသားခရီးသြားေတြက ခြင့္ျပဳခ်က္ ပါမလာတာေတြမ်ားတယ္။ ရန္ကုန္ကလာတဲ့ ခရီးသြားကုမၸဏီေတြက မသိေသးတာလည္း ျဖစ္မွာေပါ့။ ခရီးသြားလုပ္ငန္းလုပ္တဲ့သူေတြ အဲဒီလို ခြင့္ျပဳခ်က္မပါဘဲ ေခၚလာရင္ေတာ့ လဝက ကခြင့္မျပဳဘူး ျပန္လွည့္ခိုင္းတာေပါ့ "ဟု ကယားျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလင္းေဇာ္ထြဋ္က တာခ်ီလိတ္သတင္းေအေဂ်စီသို႔ ေျပာသည္။

ကယားျပည္နယ္၏ တိုင္းရင္းသားရုိးရာယဥ္ေက်းမႈမ်ား၊ ေနထိုင္မႈပုံစံမ်ားျဖင့္ ႏိုင္ငံျခားသား ခရီးသြားမ်ားအား အဓိကဆြဲေဆာင္ႏုိင္ေသာေနရာမ်ားျဖစ္သည့္ ပန္ပက္၊ တနီးလာလဲ၊ ေဒါတမႀကီး၊ ေထခို စသည့္ ေက်းရြာမ်ားအား ျပည္ထဲေရးမွ ကန္႔သတ္ထားသျဖင့္ ႀကိဳတင္ ခြင့္ျပဳခ်က္ေတာင္းခံရန္ လိုအပ္ေၾကာင္း သိရသည္။

"အရင္ကေတာ့ ခြင့္ျပဳခ်က္မယူဘဲ သြားတာေတြရွိမွာေပါ့။ ခုက ဂိတ္ဖြင့္ၿပီး လဝက က စစ္ေဆးမႈေတြ စလုပ္ေတာ့ ခြင့္ျပဳခ်က္မပါတဲ့သူေတြဆို ျပန္လွည့္ခိုင္းရတာေပါ့။ အဲဒါေလး အခုျဖစ္ေနတာေပါ့။ ျပည္ထဲေရးကိုတင္ရင္ေတာ့ ျပည္နယ္အစိုးရက ခြင့္ျပဳေပးပါတယ္။ ယာဥ္ေတြဆိုရင္လည္း ႏိုင္ငံျခားသားခရီးသြားေတြအတြက္ သတ္မွတ္ေပးထားတဲ့ နံပါတ္အျပာလို႔ေခၚတဲ့ႏိုင္ငံျခားသား တင္ေဆာင္ ပို႔ေဆာင္ေရးလိုင္စင္ရွိမွ ႏိုင္ငံျခားသားခရီးသြားေတြကို တင္လို႔ရတာေပါ့။ လိုင္စင္မဲ႔ မေျပာနဲ႔ နံပါတ္အနက္နဲ႕ေတာင္ တင္လို႔မရဘူးေပါ့။ နံပါတ္အနီေတာင္ ျပည္ထဲေရးကခြင့္ျပဳခ်က္ပါမွ သြားလို႔ရတာေပါ့။ အဲဒါေၾကာင့္ ခြင့္ျပဳခ်က္ယူတာနဲ႕ ဒါေတြပါ တစ္ခါတည္း စိစစ္တာေပါ့"ဟု ကယားျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလင္းေဇာ္ထြဋ္က ေျပာသည္။

ခရီးသြားလုပ္ငန္းအခ်ိဳ႕သည္ ခြင့္ျပဳခ်က္ေပးမထားသည့္ ကန္႔သတ္ေနရာမ်ားသို႔ ပို႔ေဆာင္ေနျခင္း၊ လိုင္စင္မဲ့ယာဥ္မ်ားျဖင့္ ႏိုင္ငံျခားသား ခရီးသည္မ်ားအား အခေၾကးေငြယူကာ ပို႔ေဆာင္ေနျခင္းမ်ား ရိွေနသျဖင့္ စစ္ေဆးေရးဂိတ္ဖြင့္လွစ္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့များမှလွဲ၍ အခြားဒေသများတွင် နိုင်ငံခြားသား ခရီးသွားများ သွားလာ လည်ပတ်လိုပါက သက်ဆိုင်ရာဌာနများတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း သိရသည်။

"ပိတ်တာတော့ မပိတ်ထားဘူး။ နိုင်ငံခြားသားတွေသွားလာနိုင်တဲ့ဧရိယာတွေမှာ သူတို့သွားလာနိုင်တယ်။ ပြီးရင် အခုခရီးသွားလုပ်ငန်းတွေလုပ်နေတဲ့ဒေသတွေက ပြည်ထဲရေးက ကန့်သတ်ထားတဲ့ ကန့်သတ် ဧရိယာထဲမှာရှိတယ်။ ဒီလိုနေရာတွေသွားရင်တော့ သုံးရက် ဒါမှမဟုတ် ငါးရက် ကြိုပြီးခွင့်ပြုချက် တောင်းရမယ်။ ချက်ချင်းလုပ်ပေးပါတယ်။ အခုဖြစ်နေတာက ဒီဒေသတွင်းခရီးသွားတဲ့နေရာဖြစ်တဲ့ ပန်ပက် မရောက်ခင် ဒေါတဝီရွာမှာ ဂိတ်တစ်ခု အသစ်ဖွင့်ထားတယ်။ အဲဒီကိုလာတဲ့ နိုင်ငံခြားသားခရီးသွားတွေက ခွင့်ပြုချက် ပါမလာတာတွေများတယ်။ ရန်ကုန်ကလာတဲ့ ခရီးသွားကုမ္ပဏီတွေက မသိသေးတာလည်း ဖြစ်မှာပေါ့။ ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေ အဲဒီလို ခွင့်ပြုချက်မပါဘဲ ခေါ်လာရင်တော့ လဝက ကခွင့်မပြုဘူး ပြန်လှည့်ခိုင်းတာပေါ့ "ဟု ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က တာချီလိတ်သတင်းအေဂျေစီသို့ ပြောသည်။

ကယားပြည်နယ်၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ၊ နေထိုင်မှုပုံစံများဖြင့် နိုင်ငံခြားသား ခရီးသွားများအား အဓိကဆွဲဆောင်နိုင်သောနေရာများဖြစ်သည့် ပန်ပက်၊ တနီးလာလဲ၊ ဒေါတမကြီး၊ ထေခို စသည့် ကျေးရွာများအား ပြည်ထဲရေးမှ ကန့်သတ်ထားသဖြင့် ကြိုတင် ခွင့်ပြုချက်တောင်းခံရန် လိုအပ်ကြောင်း သိရသည်။

"အရင်ကတော့ ခွင့်ပြုချက်မယူဘဲ သွားတာတွေရှိမှာပေါ့။ ခုက ဂိတ်ဖွင့်ပြီး လဝက က စစ်ဆေးမှုတွေ စလုပ်တော့ ခွင့်ပြုချက်မပါတဲ့သူတွေဆို ပြန်လှည့်ခိုင်းရတာပေါ့။ အဲဒါလေး အခုဖြစ်နေတာပေါ့။ ပြည်ထဲရေးကိုတင်ရင်တော့ ပြည်နယ်အစိုးရက ခွင့်ပြုပေးပါတယ်။ ယာဉ်တွေဆိုရင်လည်း နိုင်ငံခြားသားခရီးသွားတွေအတွက် သတ်မှတ်ပေးထားတဲ့ နံပါတ်အပြာလို့ခေါ်တဲ့နိုင်ငံခြားသား တင်ဆောင် ပို့ဆောင်ရေးလိုင်စင်ရှိမှ နိုင်ငံခြားသားခရီးသွားတွေကို တင်လို့ရတာပေါ့။ လိုင်စင်မဲ့ မပြောနဲ့ နံပါတ်အနက်နဲ့တောင် တင်လို့မရဘူးပေါ့။ နံပါတ်အနီတောင် ပြည်ထဲရေးကခွင့်ပြုချက်ပါမှ သွားလို့ရတာပေါ့။ အဲဒါကြောင့် ခွင့်ပြုချက်ယူတာနဲ့ ဒါတွေပါ တစ်ခါတည်း စိစစ်တာပေါ့"ဟု ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

ခရီးသွားလုပ်ငန်းအချို့သည် ခွင့်ပြုချက်ပေးမထားသည့် ကန့်သတ်နေရာများသို့ ပို့ဆောင်နခြေင်း၊ လိုင်စင်မဲ့ယာဉ်များဖြင့် နိုင်ငံခြားသား ခရီးသည်များအား အခကြေးငွေယူကာ ပို့ဆောင်နခြေင်းများ ရှိနေသဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~