က်ိဳင္းတံုတြင္ အသက္ (၁၁)ႏွစ္အရြယ္ေက်ာင္းသူအား အဓမၼျပဳက်င့္မႈျဖင့္ အမႈဖြင့္ခံထားရသူ လြတ္ေျမာက္ေနဆဲ

က်ိဳင္းတံုတြင္ အသက္ (၁၁)ႏွစ္အရြယ္ေက်ာင္းသူအား အဓမၼျပဳက်င့္မႈျဖင့္ အမႈဖြင့္ခံထားရသူ လြတ္ေျမာက္ေနဆဲ
အောက်တိုဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ အသက္(၁၁)ႏွစ္အရြယ္ ေလးတန္းေက်ာင္းသူအား အဓမၼျပဳက်င့္မႈျဖင့္ စက္တင္ဘာလ (၂၀)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ခံထားရသူမွာ ေအာက္တိုဘာလ (၆)ရက္ေန႔အထိ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

"တရားခံက လက္ရိွအခ်ိန္ထိ တိမ္းေရွာင္ေနဆဲျဖစ္ပါတယ္။ ဖမ္းဆီးရရိွမႈ မရိွေသးပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ စံုစမ္းရွာေဖြေနဆဲျဖစ္ပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သန္းထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

အသက္ (၄၀)ႏွစ္အရြယ္ စိုင္းဖူးဝီလွ်ံဆိုသူက ေက်ာင္းတက္ေနသည့္ကေလးငယ္အား ေက်ာင္းမွ (၃)ႀကိမ္သြားေရာက္ေခၚေဆာင္ကာ အဓမၼျပဳက်င့္ခဲ့ၿပီး အျခားသူမ်ားအား ေျပာျပပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ထားခဲ့ေၾကာင္း စက္တင္ဘာလ (၂၀)ရက္ေန႔တြင္ အဆိုပါကေလး၏ မိခင္ကသိရိွသြားသျဖင့္ အမႈဖြင့္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ ယန္းေလာအုပ္စု၊ ေဝၚခုတ္ၿမိဳ႕သစ္တြင္ ေနထိုင္ၿပီး ဆိုင္ကယ္တကၠစီေမာင္းသူတစ္ဦးျဖစ္သည့္ စိုင္းဖူး၀ီလွ်ံအား အမႈဖြင့္သည့္ေန႔မွာပင္ က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔ဝင္မ်ားက ၎၏ေနအိမ္တြင္ သြားေရာက္ဖမ္းဆီးရာ ေနအိမ္တြင္မေတြ႔ရဘဲ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ လိုအပ္သည့္ ေဆးစစ္ေဆးခ်က္မ်ားကိုလည္း ေဆာင္ရြက္ထားၿပီး က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆၊ အမႈႀကီးအမွတ္စဥ္ (၈/၂၀၁၇) အရ အမႈဖြင့္ထားကာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ စိုင္းဖူး၀ီလွ်ံအား ဖမ္းဆီးရမိေရးအတြက္ နယ္ထိန္းတပ္ဖြဲ ့၀င္မ်ား၊ ခရိုင္မႈခင္းႏွိမ္နင္းေရးအဖြဲ ့မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအဖြဲ ့မ်ားျဖင့္ ပူးေပါင္းရွာေဖြေနေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် အသက် (၁၁)နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံထားရသူ လွတ်မြောက်နေဆဲ
**********
ရှမ်းပြည်နယ် (အရှေ ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက်(၁၁)နှစ်အရွယ် လေးတန်းကျောင်းသူအား အဓမ္မပြုကျင့်မှုဖြင့် စက်တင်ဘာလ (၂၀)ရက်နေ့က ကျိုင်းတုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသူမှာ အောက်တိုဘာလ (၆)ရက်နေ့အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

"တရားခံက လက်ရှိအချိန်ထိ တိမ်းရှောင်နေဆဲဖြစ်ပါတယ်။ ဖမ်းဆီးရရှိမှု မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စုံစမ်းရှာဖွေနေဆဲဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို ့ ပြောသည်။

အသက် (၄၀)နှစ်အရွယ် စိုင်းဖူးဝီလျှံဆိုသူက ကျောင်းတက်နေသည့်ကလေးငယ်အား ကျောင်းမှ (၃)ကြိမ်သွားရောက်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ပြီး အခြားသူများအား ပြောပြပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခဲ့ကြောင်း စက်တင်ဘာလ (၂၀)ရက်နေ့တွင် အဆိုပါကလေး၏ မိခင်ကသိရှိသွားသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ဝေါ်ခုတ်မြို့သစ်တွင် နေထိုင်ပြီး ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးဖြစ်သည့် စိုင်းဖူးဝီလျှံအား အမှုဖွင့်သည့်နေ့မှာပင် ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်တွင် သွားရောက်ဖမ်းဆီးရာ နေအိမ်တွင်မတွေ့ရဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ လိုအပ်သည့် ဆေးစစ်ဆေးချက်များကိုလည်း ဆောင်ရွက်ထားပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၇၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီးအမှတ်စဉ် (၈/၂၀၁၇) အရ အမှုဖွင့်ထားကာ ထွက်ပြေးတိမ်းရှောင်နေသည့် စိုင်းဖူးဝီလျှံအား ဖမ်းဆီးရမိရေးအတွက် နယ်ထိန်းတပ်ဖွဲ ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ ့များဖြင့် ပူးပေါင်းရှာဖွေနေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ကျိုင်းတုံမြို့မရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~