က်ိဳင္းတံုတြင္ ႏွစ္လနီးပါးကာလအတြင္း လုိင္စင္မဲ့ဆုိင္ကယ္ အစီးေရ ၅၀ သာ မွတ္ပံုတင္ေလွ်ာက္ထား

က်ိဳင္းတံုတြင္ ႏွစ္လနီးပါးကာလအတြင္း လုိင္စင္မဲ့ဆုိင္ကယ္ အစီးေရ ၅၀ သာ မွတ္ပံုတင္ေလွ်ာက္ထား
အောက်တိုဘာ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ လုိင္စင္မဲ့ဆိုင္ကယ္မ်ားအား ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးတြင္ One Stop Service ျဖင့္ မွတ္ပံုတင္ျပဳလုပ္ေပးေနရာ စက္တင္ဘာလမွ ေအာက္တိုဘာလ တတိယပတ္အထိ လိုင္စင္မဲ့ဆိုင္ကယ္ျပဳလုပ္သည့္အစီးေရမွာ (၅၀) သာရိွေၾကာင္း သိရသည္။

"လက္ရိွအေျခအေနမွာ ဆိုင္ကယ္လိုင္စင္ လာလုပ္တဲ့လူကနည္းတယ္။ တစ္ရက္မွ (၂)စီး (၃)စီး အဲဒီလိုပဲ လာတယ္။ အရင္ One Stop Service စီမံခ်က္လိုေတာ့ လာလုပ္တဲ့လူ သိပ္မရိွပါဘူး။ အရင္ကေတာ့ တစ္ရက္ကို အစီး(၁၀၀)ေက်ာ္ လာတယ္ေလ။ ဒီတစ္ေခါက္မွာေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအေနနဲ ့ တာ၀န္ယူၿပီးေတာ့ ေထြ/အုပ္မွာပဲ One Stop Service အေနနဲ ့ လုပ္ေပးေနပါတယ္"ဟု က်ိဳင္းတုံခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တာ၀န္ရိွသူက တာခ်ီလိတ္သတင္း ေအဂ်င္စီသို ့ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို ယခင္က ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ One Stop Service ျဖင့္ လုပ္ေဆာင္ေပးေနရာမွ က်ိဳင္းတံုၿမိဳ႕တြင္ စက္တင္ဘာလ(၄)ရက္ေန ့မွ စတင္ကာ အပတ္စဥ္ တနလၤာေန ့နွင့္ အဂၤါေန ့မ်ားတြင္ ၿမိဳ ့နယ္အေထြအေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရုံးရိွ ျပည္သူ ့၀န္ေဆာင္မႈရုံး (OSS)တြင္ ေဒသလိုင္စင္ ထုတ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"လိုင္စင္ဒဏ္ေၾကးကို ဆိုင္ကယ္ေပါက္ေစ်းရဲ ့ ေလးပုံတစ္ပုံကို ေကာက္တယ္ဆိုေပမဲ့ အရင္တုန္းက ထုတ္ေပးတဲ့ "ယ"လိုင္စင္ထက္ေတာင္ ဒဏ္ေၾကးက မ်ားေနတယ္လို ့ သုံးသပ္မိတယ္။ ဆိုင္ကယ္ကလည္း Model နဲ ့ ထုတ္တဲ့ႏွစ္အေပၚမူတည္ၿပီး ေစ်းကမ်ားမ်ားသြားတယ္ေလ။ ေနာက္ဆုံးထုတ္တဲ့ (PCX)ဆိုရင္ေတာင္ ဒဏ္ေၾကးပဲ သိန္း(၅၀)ေလာက္ ရိွေနတယ္။ ဒါေၾကာင့္ ေဒသလိုင္စင္ စလုပ္ေပးမယ္ ေျပာတုန္းကေတာ့ လူထုက စိတ္၀င္စားမွဳမ်ားေပမဲ့ ဒဏ္ေၾကးေတြက မ်ားတဲ့အတြက္ သိပ္မလုပ္ၾကတာလို ့ ထင္ပါတယ္"ဟု ဆိုင္ကယ္လိုင္စင္ သြားေရာက္ ေလွ်ာက္ထားခဲ့သူတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို ့ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ လုိင္စင္မဲ့ဆိုင္ကယ္ မွတ္ပံုတင္ေလွ်ာက္ထားမႈမွာ စက္တင္ဘာလတြင္ (၃၄)စီးႏွင့္ ေအာက္တိုဘာလ တတိယပတ္အထိ (၁၆)စီး စုစုေပါင္း (၅၀)စီးရိွေၾကာင္း သိရသည္။

သတင္း - #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် One Stop Service ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေရာ စက်တင်ဘာလမှ အောက်တိုဘာလ တတိယပတ်အထိ လိုင်စင်မဲ့ဆိုင်ကယ်ပြုလုပ်သည့်အစီးရေမှာ (၅၀) သာရှိကြောင်း သိရသည်။

"လက်ရှိအခြေအနေမှာ ဆိုင်ကယ်လိုင်စင် လာလုပ်တဲ့လူကနည်းတယ်။ တစ်ရက်မှ (၂)စီး (၃)စီး အဲဒီလိုပဲ လာတယ်။ အရင် One Stop Service စီမံချက်လိုတော့ လာလုပ်တဲ့လူ သိပ်မရှိပါဘူး။ အရင်ကတော့ တစ်ရက်ကို အစီး(၁၀၀)ကျော် လာတယ်လေ။ ဒီတစ်ခေါက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအနေနဲ့ တာဝန်ယူပြီးတော့ ထွေ/အုပ်မှာပဲ One Stop Service အနေနဲ့ လုပ်ပေးနေပါတယ်"ဟု ကျိုင်းတုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် One Stop Service ဖြင့် လုပ်ဆောင်ပေးနေရာမှ ကျိုင်းတုံမြို့တွင် စက်တင်ဘာလ(၄)ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ဒေသလိုင်စင် ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"လိုင်စင်ဒဏ်ကြေးကို ဆိုင်ကယ်ပေါက်ဈေးရဲ့ လေးပုံတစ်ပုံကို ကောက်တယ်ဆိုပေမဲ့ အရင်တုန်းက ထုတ်ပေးတဲ့ "ယ"လိုင်စင်ထက်တောင် ဒဏ်ကြေးက များနေတယ်လို့ သုံးသပ်မိတယ်။ ဆိုင်ကယ်ကလည်း Model နဲ့ ထုတ်တဲ့နှစ်အပေါ်မူတည်ပြီး ဈေးကများများသွားတယ်လေ။ နောက်ဆုံးထုတ်တဲ့ (PCX)ဆိုရင်တောင် ဒဏ်ကြေးပဲ သိန်း(၅၀)လောက် ရှိနေတယ်။ ဒါကြောင့် ဒေသလိုင်စင် စလုပ်ပေးမယ် ပြောတုန်းကတော့ လူထုက စိတ်ဝင်စားမှုများပေမဲ့ ဒဏ်ကြေးတွေက များတဲ့အတွက် သိပ်မလုပ်ကြတာလို့ ထင်ပါတယ်"ဟု ဆိုင်ကယ်လိုင်စင် သွားရောက် လျှောက်ထားခဲ့သူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ် မှတ်ပုံတင်လျှောက်ထားမှုမှာ စက်တင်ဘာလတွင် (၃၄)စီးနှင့် အောက်တိုဘာလ တတိယပတ်အထိ (၁၆)စီး စုစုပေါင်း (၅၀)စီးရှိကြောင်း သိရသည်။

သတင်း - #ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~