ေက်ာက္မဲခရိုင္ မန္ေခါက္ေက်းရြာမွ ပညာေရးဝန္ထမ္းမ်ားအား ေက်ာက္မဲသို႔ ေခတၱလႊဲေျပာင္းထားမည္

ေက်ာက္မဲခရိုင္ မန္ေခါက္ေက်းရြာမွ ပညာေရးဝန္ထမ္းမ်ားအား ေက်ာက္မဲသို႔ ေခတၱလႊဲေျပာင္းထားမည္
အောက်တိုဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ မိုင္းေင့ါၿမိဳ႕နယ္ မန္ေခါက္ေက်းရြာတြင္ ပညာေရး ဝန္ထမ္းမ်ား၏ လံုၿခံဳေရးအတြက္ စိတ္ခ်ရသည့္ အေျခအေနအထိ အဆိုပါ ဝန္ထမ္းမ်ားအား ေက်ာက္မဲၿမိဳ႕တြင္ လႊဲေျပာင္းထားရန္ ျပည္နယ္ပညာေရးဌာနက ညႊန္ၾကားထားေၾကာင္း သိရသည္။

“ေလာေလာဆယ္ ပညာေရးဝန္ထမ္းကိစၥကေတာ့ ပညာေရးဝန္ႀကီးဌာနကို တင္ထားပါတယ္။ လတ္တေလာမွာေတာ့ မလံုၿခံဳတဲ့အတြက္ အဲဒီေဒသက ပညာေရးဝန္ထမ္း (၁၄)ေယာက္ကို လားရိႈးမွာရိွတဲ့ ျပည္နယ္ရံုးကေန ေက်ာက္မဲကို လႊဲထားပါတယ္။ နယ္ေျမေအးခ်မ္းသြားတယ္ဆိုရင္ေတာ့ ျပန္သြားၾကမွာေပါ့။ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ကိစၥအားလံုးကေတာ့ နယ္လံုကပဲ ကိုင္တာဆိုေတာ့ အဲဒီကပဲ ဆက္လက္ေဆာင္ရြက္ပါမယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ ေျပာသည္။

မန္ေခါက္ရြာမွ ပညာေရးဝန္ထမ္းအမ်ိဳးသမီး၏ ေနအိမ္သို႔ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ (၁)နာရီခန္႔တြင္ TNLA အဖြဲ႔တံဆိပ္ပါသည့္ ဝတ္စံုဝတ္ထားသည့္ လက္နက္ကိုင္(၂)ဦးေရာက္လာၿပီး အဓမၼျပဳက်င့္ကာ ေနအိမ္တြင္း ရွာေဖြမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါေဒသမွ ပညာေရးဝန္ထမ္းမ်ား၏ လံုၿခံဳေရးအတြက္ ယင္းကဲ့သို႔ ေဆာင္ရြက္လုိက္ျခင္း ျဖစ္သည္။

“ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔အေနနဲ႔ စံုစမ္းသိရိွရသေလာက္ ျပည္နယ္အစိုးရအဖြဲ႔ကို တင္ျပထားၿပီး ျဖစ္ပါတယ္။ ဒါက လံုၿခံဳေရး ကိစၥျဖစ္ေနၿပီး တစ္ဖက္ကလည္း ၿငိမ္းခ်မ္းေရးအဖဲြဲ႕ေတြနဲ႔ ပတ္သက္လာဦးမယ္ဆိုေတာ့ အဲဒီကိစၥကိုေတာ့ ျပည္နယ္အစိုးရကပဲ ညႊန္ၾကားပါလိမ့္မယ္”ဟု ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ခ်ိဳဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လက္နက္ကိုင္ႏွစ္ဦးသည္ ပညာေရးဝန္ထမ္းအမ်ိဳးသမီး၏အိမ္မွ လက္ကိုင္ဖုန္း(၂)လံုးကို ယူေဆာင္သြားၿပီး နံနက္(၃)နာရီခန္႔တြင္ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္းသိရကာ အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနႏွင့္ ျပည္နယ္ပညာေရးဌာနမ်ားသို႔ ေက်ာက္မဲၿမိဳ႕နယ္ ပညာေရးမွဴးရံုးမွ တင္ျပခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ပညာေရးမွဴးရံုးမွ လက္ေထာက္ ပညာေရးမွဴးႏွင့္ ဝန္ထမ္းမ်ား ပါဝင္သည့္အဖြဲ႔က ေအာက္တိုဘာလ(၂၅)ရက္ေန႔ နံနက္(၁၀)နာရီခန္႔တြင္ အခင္းျဖစ္ေက်းရြာသို႔သြားေရာက္ကာ ျဖစ္စဥ္ အေသးစိတ္အား စံုစမ္းျခင္းႏွင့္ မန္ေခါက္ေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ မိဘဆရာအသင္း၊ ေက်ာင္းအက်ိဳးေတာ္ေဆာင္ အဖြဲ႔မ်ားႏွင့္ အဆိုပါရြာရိွ ပညာေရးဝန္ထမ္းမ်ား၏ လံုၿခံဳေရးအတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ် မန်ခေါက်ကျေးရွာတွင် ပညာရေး ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိတ်ချရသည့် အခြေအနေအထိ အဆိုပါ ဝန်ထမ်းများအား ကျောက်မဲမြို့တွင် လွှဲပြောင်းထားရန် ပြည်နယ်ပညာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

“လောလောဆယ် ပညာရေးဝန်ထမ်းကိစ္စကတော့ ပညာရေးဝန်ကြီးဌာနကို တင်ထားပါတယ်။ လတ်တလောမှာတော့ မလုံခြုံတဲ့အတွက် အဲဒီဒေသက ပညာရေးဝန်ထမ်း (၁၄)ယောက်ကို လားရှိုးမှာရှိတဲ့ ပြည်နယ်ရုံးကနေ ကျောက်မဲကို လွှဲထားပါတယ်။ နယ်မြေအေးချမ်းသွားတယ်ဆိုရင်တော့ ပြန်သွားကြမှာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိစ္စအားလုံးကတော့ နယ်လုံကပဲ ကိုင်တာဆိုတော့ အဲဒီကပဲ ဆက်လက်ဆောင်ရွက်ပါမယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၂၆)ရက်နေ့တွင် ပြောသည်။

မန်ခေါက်ရွာမှ ပညာရေးဝန်ထမ်းအမျိုးသမီး၏ နေအိမ်သို့ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက် (၁)နာရီခန့်တွင် TNLA အဖွဲ့တံဆိပ်ပါသည့် ဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်(၂)ဦးရောက်လာပြီး အဓမ္မပြုကျင့်ကာ နေအိမ်တွင်း ရှာဖွေမှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဒေသမှ ပညာရေးဝန်ထမ်းများ၏ လုံခြုံရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

“ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ စုံစမ်းသိရှိရသလောက် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါက လုံခြုံရေး ကိစ္စဖြစ်နပြေီး တစ်ဖက်ကလည်း ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်လာဦးမယ်ဆိုတော့ အဲဒီကိစ္စကိုတော့ ပြည်နယ်အစိုးရကပဲ ညွှန်ကြားပါလိမ့်မယ်”ဟု ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကိုင်နှစ်ဦးသည် ပညာရေးဝန်ထမ်းအမျိုးသမီး၏အိမ်မှ လက်ကိုင်ဖုန်း(၂)လုံးကို ယူဆောင်သွားပြီး နံနက်(၃)နာရီခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်းသိရကာ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်နယ်ပညာရေးဌာနများသို့ ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးမှ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူးနှင့် ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့က အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အခင်းဖြစ်ကျေးရွာသို့သွားရောက်ကာ ဖြစ်စဉ် အသေးစိတ်အား စုံစမ်းခြင်းနှင့် မန်ခေါက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် အဆိုပါရွာရှိ ပညာရေးဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~