ေက်ာက္မဲၿမိဳ႕နယ္ ပင္တီးရြာအနီး လမ္းေလွ်ာက္လာသည့္အမ်ိဳးသမီးအား ကုန္တင္ယာဥ္ဝင္တုိက္

ေက်ာက္မဲၿမိဳ႕နယ္ ပင္တီးရြာအနီး လမ္းေလွ်ာက္လာသည့္အမ်ိဳးသမီးအား ကုန္တင္ယာဥ္ဝင္တုိက္
အောက်တိုဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပင္တီးေက်းရြာအနီး မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးတြင္ ေအာက္တိုဘာလ (၁၀)ရက္ေန႔ နံနက္(၉)နာရီခန္႔က ေျခာက္ဘီးယာဥ္တစ္စီးဘရိတ္ေပါက္ၿပီး လမ္းေလွ်ာက္ေနသည့္အမ်ိဳးသမီးအား ဝင္တုိက္မိေၾကာင္း သိရသည္။

“မူဆယ္ဘက္ကဆင္းလာတဲ့ ေျခာက္ဘီးယာဥ္တစ္စီးက ေတာင္ယာသြားေနတဲ့ အမ်ိဳးသမီးတစ္ဦးကို ဝင္တိုက္ တာပါ။ အမ်ိဳးသမီးကေတာ့ ပင္တီးေက်းရြာကပါ။ ဘယ္ဖက္ေပါင္ရိုးက်ိဳးသြားတဲ့အတြက္ ေနာင္ပိန္ တုိက္နယ္ ေဆးရံုကို တင္တယ္။ အဲဒီကမွတစ္ဆင့္ အခု ေက်ာက္မဲျပည္သူ႔ေဆးရံုကိုပို႔ေဆာင္ေပးေနတာ ျဖစ္ပါတယ္” ဟု ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း(ေအာင္ဓမၼာရံုေနာင္ပိန္)မွ ဦးစိုင္းေနာင့္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရသြားသည့္ အသက္ (၂၀)အရြယ္ အမ်ိဳးသမီးမွာ ပင္တီးေက်းရြာမွျဖစ္ၿပီး ေျပာင္းဖူးခ်ိဳးရန္ ေတာင္ယာသို႔ သြားစဥ္ ယာဥ္တုိက္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တုိက္မႈအား ေနာင္ပိန္ရဲစခန္းတြင္ အမႈဖြင့္လွစ္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ကမ္းလင့္လက္မ်ားလူမႈကူညီေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ် ပင်တီးရွာအနီး လမ်းလျှောက်လာသည့်အမျိုးသမီးအား ကုန်တင်ယာဉ်ဝင်တိုက်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တီးကျေးရွာအနီး မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်(၉)နာရီခန့်က ခြောက်ဘီးယာဉ်တစ်စီးဘရိတ်ပေါက်ပြီး လမ်းလျှောက်နေသည့်အမျိုးသမီးအား ဝင်တိုက်မိကြောင်း သိရသည်။

“မူဆယ်ဘက်ကဆင်းလာတဲ့ ခြောက်ဘီးယာဉ်တစ်စီးက တောင်ယာသွားနေတဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက် တာပါ။ အမျိုးသမီးကတော့ ပင်တီးကျေးရွာကပါ။ ဘယ်ဖက်ပေါင်ရိုးကျိုးသွားတဲ့အတွက် နောင်ပိန် တိုက်နယ် ဆေးရုံကို တင်တယ်။ အဲဒီကမှတစ်ဆင့် အခု ကျောက်မဲပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(အောင်ဓမ္မာရုံနောင်ပိန်)မှ ဦးစိုင်းနောင့်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသည့် အသက် (၂၀)အရွယ် အမျိုးသမီးမှာ ပင်တီးကျေးရွာမှဖြစ်ပြီး ပြောင်းဖူးချိုးရန် တောင်ယာသို့ သွားစဉ် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုအား နောင်ပိန်ရဲစခန်းတွင် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကမ်းလင့်လက်များလူမှုကူညီရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~