ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္အတြင္းရွိ ေနအိမ္မွ ဘိန္းမဲမ်ား ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္အတြင္းရွိ ေနအိမ္မွ ဘိန္းမဲမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ နယ္ေျမ(၉)ရွိ လူေနအိမ္တစ္အိမ္အား မူးယစ္ေဆးဝါး သတင္းအရ ၀င္ေရာက္ရွာေဖြရာမွ အမ်ဳိးသားတစ္ဦးႏွင့္အတူ ဘိန္းမဲမ်ားကို ဖမ္းဆီး သိမ္းဆည္းရမိေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္ ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြ႔ဲတို႔သည္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၈)ရက္ေန႔ နံနက္ပိုင္းက အဆိုပါ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို သိမ္းဆည္းရမိျခင္း ျဖစ္သည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ အဆိုပါ ေနအိမ္အတြင္း အသက္(၅၄)ႏွစ္အရြယ္ ေက်ာ္စိန္(ခ)အိုက္စိုင္း အား ၎၏အိပ္ခန္းအတြင္း အိပ္ယာေပၚတြင္ အသင့္ေတြ႔ရွိရၿပီး အိပ္ယာေဘးၾကမ္းခင္းေပၚမွ စီးကရက္ ဘူးခြံအတြင္း ပလတ္စတစ္အိတ္ျဖင့္ထည့္ထားသည့္ ဘိန္းမဲ ဟု ယူဆရေသာ အေလးခ်ိန္ (၁၀)ဂရမ္ပါ တစ္ထုပ္၊ အေလးခ်ိန္(၉)ဂရမ္ပါတစ္ထုပ္ႏွင့္ အေလးခ်ိန္(၁၁)ဂရမ္ပါ တစ္ထုပ္ တို႔ႏွင့္ မူးယစ္ေဆးဝါး သံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္ မူးယစ္ေဆးဝါးမ်ား သံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားႏွင့္အတူ လက္ဝယ္ထားရွိသူ ေက်ာ္စိန္(ခ)အိုက္စိုင္း အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၇/၂၀၁၇ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒပုဒ္မ(၁၅/၁၆(ဂ)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၉)ရှိ လူနေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ အမျိုးသားတစ်ဦးနှင့်အတူ ဘိန်းမဲများကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေမှုများ ပြုလုပ်ရာတွင် အဆိုပါ နေအိမ်အတွင်း အသက်(၅၄)နှစ်အရွယ် ကျော်စိန်(ခ)အိုက်စိုင်း အား၎င်း၏အိပ်ခန်းအတွင်း အိပ်ယာပေါ်တွင် အသင့်တွေ့ရှိရပြီး အိပ်ယာဘေးကြမ်းခင်းပေါ်မှ စီးကရက် ဘူးခွံအတွင်း ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းမဲ ဟု ယူဆရသော အလေးချိန် (၁၀)ဂရမ်ပါ တစ်ထုပ်၊ အလေးချိန်(၉)ဂရမ်ပါတစ်ထုပ်နှင့် အလေးချိန်(၁၁)ဂရမ်ပါ တစ်ထုပ် တို့နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးများ သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ လက်ဝယ်ထားရှိသူ ကျော်စိန်(ခ)အိုက်စိုင်း အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ(၁၅/၁၆(ဂ)အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~