လိြဳင္ေကာ္တကၠသိုလ္ အာစရိယပူေဇာ္ပြဲမွ အစာအဆိပ္သင့္သူ ၁၀၀ နီးပါးႏွင့္ ပတ္သက္၍ က်န္းမာေရးမွ ဓာတ္ခြဲစစ္ေဆး

လိြဳင္ေကာ္တကၠသိုလ္ အာစရိယပူေဇာ္ပြဲမွ အစာအဆိပ္သင့္သူ ၁၀၀ နီးပါးႏွင့္ ပတ္သက္၍ က်န္းမာေရးမွ ဓာတ္ခြဲစစ္ေဆး
အောက်တိုဘာ 25, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕အေဝးသင္တကၠသိုလ္ လိြဳင္ေကာ္ဌာနခြဲ အဂၤလိပ္စာမိသားစု၏ အာစရိယပူေဇာ္ပြဲႏွင့္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲတြင္ ဧည့္ခံေကၽြးေမြးသည့္ ၾကက္ဆီထမင္းေၾကာင့္ အစာအဆိပ္သင့္ခဲ့သူ (၁၀၀)နီးပါးရိွခဲ့ၿပီး ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ လူနာတစ္ဦးသာ ေဆးရံုတြင္ ဆက္လက္ကုသမႈခံယူေနရေၾကာင္း ကယားျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

လိြဳင္ေကာ္ၿမိဳ႕အေဝးသင္တကၠသိုလ္တြင္ ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေနပိုင္းကျပဳလုပ္ေသာ အာစရိယပူေဇာ္ပြဲတြင္ ေကြ်းေမြးသည့္ ၾကက္ဆီထမင္းစားမိရာမွ အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့သျဖင့္ ေအာက္တိုဘာလ (၂၄)ရက္ေန႔တြင္ ျပည္နယ္က်န္းမာေရးအဖြဲ႔က လိြဳင္ေကာ္တကၠသိုလ္ႏွင့္ အစားအေသာက္ မွာယူခဲ့သည့္ဆိုင္၊ ခ်က္ျပဳတ္သည့္ေနရာတို႔အား ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္ၿပီး ဓာတ္ခဲြခန္းအေျဖအား ေစာင့္ဆုိင္းဆဲျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္ကေတာ့ (၂၃) ရက္ေန႔မွာ လိြဳင္ေကာ္တကၠသိုလ္ E ေမဂ်ာဌာနရဲ႕ အာစရိယပူေဇာ္ပြဲနဲ႔ ေမာင္မယ္သစ္လြင္ ႀကိဳဆိုပြဲမွာ ျဖစ္တာ။ ညေန (၃) နာရီေလာက္မွာ ဧည့္ခံေကြ်းေမြးတာေပါ့။ အဲဒီမွာ သူကမွာတာကေတာ့ ၾကက္ဆီထမင္းမွာတာ လူ (၃၂၀)စာ ေလာက္မွာတာ။ စားၿပီးေတာ့ ညေန (၆ ) နာရီေလာက္မွာ ေတာ္ေတာ္မ်ားမ်ား ပ်ိဳ႕တယ္၊ အန္တယ္၊ ဝမ္းသြားတယ္။ အဲဒီလိုျဖစ္ၾကၿပီးေတာ့ လူ (၃၀) ေလာက္ျပင္ပလူနာဌာနမွာျပၿပီး လူေျခာက္ေယာက္ေလာက္ ေဆးရုံတင္ရတယ္။ အဲဒီသတင္းၾကားေတာ့ ဆရာတို႔ ျပည္နယ္က်န္းမာေရးအဖြဲ႕က မေန႔က (ေအာက္တိုဘာလ ၂၄ရက္ေန႔) သြားၿပီးေတာ့ စစ္တယ္ေပါ့။ အဲဒီမွာ စာရင္းေကာက္လိုက္ေတာ့ ျပင္ပလူနာေရာ ေဆးခန္းမွာျပတာေရာက (၈၀) ေလာက္ရွိမယ္ဆိုေတာ့ စုစုေပါင္းဆိုရင္ လူ(၁၀၀)ေလာက္ ျဖစ္သြားတာေပါ့။ ျပင္ပ ေဆးခန္းေတြမွာလည္း ျပၾကေသးတယ္။ တခ်ိဳ႕က်ေတာ့လည္း ျဖစ္ေပမယ့္ မျပဘဲ မဟာေျဖေဆးေလာက္ ေသာက္ၿပီး ေပ်ာက္သြားတဲ့ လူေတြလည္း ရွိတယ္ေလ။ ဆရာတို႔ စာရင္းေကာက္တာ အဲဒီေလာက္စာရင္းေတာ့ ရတာေပါ့”ဟု ကယားျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေဒသဆိုင္ရာ ေရာဂါေစာင့္ၾကည့္ေလ့လာေရး အရာရွိ ေဒါက္တာ ဝင္းထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အစာအဆိပ္သင့္ၿပီး ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ ေဆးရံုေရာက္လာသည့္ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ဆရာမအခ်ိဳ႕က အဆိုပါပြဲ အတြက္ အစားအေသာက္မ်ားမွာေပးသည့္ EC အဖြဲ႔ဝင္ တစ္ဦး၏ စားေသာက္ဆုိင္ျဖစ္သည့္ Blue Berry စားေသာက္ဆိုင္မွ ၾကက္ဆီထမင္းမွာယူသည္ဟု နားလည္မႈလြဲ၍ ေျပာၾကားခဲ့မႈမ်ား ရိွခဲ့ေသာ္လည္း ၾကက္ဆီထမင္းမ်ားမွာ အျခားစားေသာက္ဆုိင္မွ မွာယူေပးခဲ့ျခင္းျဖစ္ေၾကာင္း ပြဲစီစဥ္သည့္ EC အဖြဲ႔ဝင္မ်ားက ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

“ ကၽြန္ေတာ္တုိ႔ေမဂ်ာက EC တစ္ေယာက္ျဖစ္တဲ့သူက Blue Berry စားေသာက္ဆိုင္ကပါ။ သူက အစားအေသာက္မွာေပးဖို႔ တာဝန္ယူေပးတာပါ။ သူက တျခားဆုိင္ကေန မွာေပးတာျဖစ္ေပမဲ့ ေက်ာင္းမွာက သူ႔ကို Blue Berry ဆိုင္ကပဲဆိုတာ သိထားေတာ့ သူ႔ဆိုင္ကလို႔ပဲ နားလည္မႈလြဲၿပီး ေျပာၾကတာပါ။ တကယ္ေတာ့ သူ႔ဆိုင္နဲ႔ မဆိုင္ပါဘူး။ တကယ္မွာယူေပးတဲ့ ဆုိင္နဲ႔ တကယ္ခ်က္တဲ့ သူေတြကိုေတာ့ မေန႔ကပဲ က်န္းမာေရးအဖြဲ႔က စစ္ေဆးေနပါတယ္။ မစားျဖစ္ဘဲ က်န္ေနတဲ့အထဲက အထုပ္ေတြကိုလည္း ဓာတ္ခြဲခန္းပို႔ဖို႔ ယူသြားပါတယ္။ အစားအေသာက္မွာေပးတဲ့ EC ရဲ႕ဆိုင္က မေန႔က သူတို႔က ဘုရားဖူးလည္းသြားေတာ့ ဆိုင္ပိတ္ထားခ်ိန္နဲ႔ အခုလို ျဖစ္သြားခ်ိန္က တိုက္ဆိုင္သြားေတာ့ လူေတြက နားလည္မႈလြဲသြားၾကပါတယ္”ဟု ပြဲစီစဥ္ရာတြင္ ပါဝင္သည့္ EC တစ္ဦးျဖစ္သူ လိြဳင္ေကာ္တကၠသိုလ္ အဂၤလိပ္စာဌာန စတုတၳႏွစ္ေက်ာင္းသား ကိုေအးေက်ာ္ဦးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာင္းသားမ်ား အစာအဆိပ္သင့္၍ ေဆးရံုေရာက္သည့္ သတင္းေၾကာင့္ ျပည္နယ္က်န္းမာေရးအဖြဲ႔က ေအာက္တိုဘာလ (၂၄)ရက္ေန႔တြင္ လိြဳင္ေကာ္တကၠသိုလ္ႏွင့္ အစားအေသာက္မွာယူခဲ့သည့္ဆိုင္အား ကြင္းဆင္းစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႕ကသြားၿပီးေတာ့ ျဖစ္တဲ့ကေလးေတြကို ေဆးေတြဘာေတြ တိုက္တယ္ေပ့ါ။ ၿပီးေတာ့ ဟင္းခ်က္တဲ့ သူေတြကို သြားေခၚတယ္။ ခ်က္တာကေတာ့ မာစတာ စားေသာက္ဆိုင္ကလို႔ ေျပာပါတယ္။ တကၠသိုလ္ဝန္းထဲမွာ သူက ကန္ထရုိက္နဲ႔ ဖြင့္တဲ႔ဆိုင္။ ဆိုင္ရွင္နဲ႔လည္း ေတြ႕တယ္။ ခ်က္တဲ့သူ ႏွစ္ေယာက္ ေတြ႔ပါတယ္။ သူတို႔ ဘယ္လိုခ်က္တယ္ ေမးတာေပ့ါ။ သူတို႔ကေတာ့ ထမင္းက မနက္မွခ်က္တာတဲ့။ ေအာက္တိုဘာ (၂၃) မနက္မွ ခ်က္တာ။ ၾကက္သားကေတာ့ တစ္ရက္ေတာ့ ႀကိဳခ်က္တယ္။ ေအာက္တိုဘာ (၂၂) ရက္ေန႕ ေန႕ခင္းေလာက္ ကတည္းက ခ်က္ထားၿပီးသား အဲဒါက္ို အုပ္ထားတာ။ ေနာက္တစ္ေန႔ နံနက္(၁၀) နာရီေလာက္မွ ပါကင္ဘူးထည့္ၿပီးေတာ့ ေန႕ခင္း (၁၁) နာရီေလာက္မွာ ပို႔တယ္။ ေကြ်းတာက ညေန သုံးနာရီေလာက္ ျဖစ္သြားေတာ့ ဆရာတို႔ထင္တာက ေဆးပညာအရ (ေရာဂါပိုး) အေကာင္ေပါက္သြားတယ္ေပါ့။ အဲဒါေၾကာင့္ ကေလးေတြ အစာအဆိပ္သင့္တာလို႔ ယူဆတာေပါ့ ။ လုပ္ေဆာင္ခ်က္အေနနဲ႔ ျဖစ္တဲ႔ကေလးေတြ ၾကည့္ေပးတယ္။ ၿပီးေတာ့ ဓာတ္ခြဲခန္းပို႔တယ္။ ဒီခ်က္ျပဳတ္တဲ့ သူေတြရဲ႕ လက္ၾကားထဲမွာရွိတဲ့ ေရာဂါပိုး သူတို႔ဆီက သြားတာလား။ ၾကက္ကိုက အူၿပီးျဖစ္တာလား ဆရာတို႔ ခြဲျခားဖို႔လိုတယ္။ အဲဒီအစားအေသာက္ နမူနာယူတယ္။ ေနာက္သူတို႔ဆီက ႏွာေခါင္းကေနၿပီးမွ ေရာဂါရွာတယ္။ ေနာက္တစ္ကိုယ္ရည္ သန္႕ရွင္းေရးကိုၾကည့္တယ္။ အဲဒီအေျဖကိုေတာ့ ဆရာတို႔က ရန္ကုန္မွာရွိတဲ့ အမ်ိဳးသားဓာတ္ခြဲခန္း ကိုပို႕ထားတယ္။ အဲဒီကအေျဖကိုေတာ့ ဆရာတို႔ အခုမရေသးဘူးေပ႔ါ ။ ပုံမွန္ေယဘုယ် သုံးသပ္ခ်က္ ကေတာ့ ၾကက္သားသိုးၿပီးျဖစ္သြားတယ္ေပါ့။ ေရာဂါျဖစ္တာ မစိုးရိမ္ရ ေသာ္ျငားလည္း ျဖစ္တဲ့ အေရအတြက္က မ်ားေနတယ္ေပ့ါ။ လူရာဂဏန္းႀကီး ျဖစ္သြားတာေတာ့ ဒါက အေလးထားရမယ့္ကိစၥတစ္ခု ျဖစ္တာေပါ့။ ဆရာတို႔စာရင္းရတာ လူ (၁၀၀)နီးပါး ရွိတယ္။ ဒါကို စားတာက (၃၂၀) နီးပါးရွိတယ္။ တစ္ခ်ိဳ႕ ဝန္ထမ္းေတြဆို ပါဆယ္ဘူးနဲ႕အိမ္ယူသြားတယ္။ သူကမစားဘူး။ ကေလး သုံးေယာက္ကို ေကြ်းတယ္။ ကေလး သုံးေယာက္လုံးက ျဖစ္တယ္။ တခ်ိဳ႕က်ေတာ့လည္း သုံးပြဲစားၿပီး မျဖစ္တဲ့သူလည္း ရွိတယ္ေပါ့။ စားတဲ့သူ ေတာ္ေတာ္မ်ားမ်ား ျဖစ္တယ္။ ဒီမွာတင္ (၁၀၀)ဆို အျပင္မွာလည္း နည္းနည္း ျဖစ္ၿပီးေတာ့ အျပင္ေဆးခန္းေတြမွာလည္း ေရာက္တယ္။ GP ထဲေရာက္တယ္။ GP ထဲေရာက္တဲ႕ စာရင္းက်ေတာ့ ကၽြန္ေတာ္တို႔ ေကာက္ဖို႔ ခက္တယ္ေလ။ သူတို႔ (အစားအေသာက္ ခ်က္ျပဳတ္သူ) အိမ္ထိလိုက္သြားတယ္။ ခ်က္ျပဳတ္တဲ့ေနရာေတြၾကည့္တယ္။ ခ်က္ျပဳတ္ေတာ့ ေရဘယ္ကသုံးလဲေပါ့။ ခ်က္တဲ့ေနရာနဲ႔ အိမ္သာဘယ္ေလာက္ေဝးလဲ။ ေနာက္သူတို႔ တစ္ကိုယ္ရည္ သန္႕ရွင္းေရး၊ ခ်က္ျပဳတ္တဲ႔နည္းစနစ္ေပါ့။ မေန႔ကေတာ့ အဲဒါေလး ေျပာခဲ႕တယ္။ ေနာက္ဆို သန္႔ေအာင္ခ်က္ဖို႔၊ အသားစိမ္းနဲ႕အက်က္ မေရာဖို႔၊ လက္သည္းညႇပ္ဖို႔ ပညာေပးခဲ႕တယ္။ ထမင္းခ်က္ ဟင္းခ်က္ကေတာ့ ေရတြင္းရွိတယ္။ အဲဒီကပဲသုံးတာ။ ခ်က္တာက ဧက ၅၀၀ ရပ္ကြက္ေပါ့။ အဲဒီနားတစ္ေလွ်ာက္ေတာ့ ေရေတြေတြ႕တယ္။ သူက ေရျမဳပ္တဲ႔ေနရာ ျဖစ္ေနတာ။ အိမ္ေလးကေတာ့ ေသေသသပ္သပ္ပါပဲ”ဟု ကယားျပည္နယ္၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ေဒသဆိုင္ရာ ေရာဂါေစာင့္ၾကည့္ ေလ့လာေရး အရာရွိ ေဒါက္တာ ဝင္းထက္က ကြင္းဆင္းစစ္ေဆးမႈအေျခအေနအား တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ၾကက္ဆီထမင္းခ်က္ေပးသည့္ ဧက (၅၀၀)ရပ္ကြက္မွေနအိမ္အား သြားေရာက္စစ္ေဆးၿပီး အစားအေသာက္ခ်က္ျပဳတ္သူမ်ား တစ္ကိုယ္ေရသန္႔ရွင္းေရး ဂရုစိုက္ရန္၊ ခ်က္ျပဳတ္နည္းစနစ္ လမ္းညႊန္ျခင္းႏွင့္ ေသာက္သံုးေရတြင္းတြင္ ေဆးခတ္ေပးျခင္းကိုလည္း က်န္းမာေရးဌာနက ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

အဆိုပါပြဲတြင္ ၾကက္ဆီထမင္းႏွင့္ အခ်ိဳရည္တို႔ကို ေကၽြးခဲ့ျခင္းျဖစ္ၿပီး အစာအဆိပ္သင့္ရျခင္း အေၾကာင္းရင္းကို ဓာတ္ခြဲခန္းအေျဖေစာင့္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့အဝေးသင်တက္ကသိုလ် လွိုင်ကော်ဌာနခွဲ အင်္ဂလိပ်စာမိသားစု၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ဧည့်ခံကျွေးမွေးသည့် ကြက်ဆီထမင်းကြောင့် အစာအဆိပ်သင့်ခဲ့သူ (၁၀၀)နီးပါးရှိခဲ့ပြီး အောက်တိုဘာလ (၂၅)ရက်နေ့တွင် လူနာတစ်ဦးသာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေရကြောင်း ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လွိုင်ကော်မြို့အဝေးသင်တက္ကသိုလ်တွင် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းကပြုလုပ်သော အာစရိယပူဇော်ပွဲတွင် ကျွေးမွေးသည့် ကြက်ဆီထမင်းစားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ပြည်နယ်ကျန်းမာရေးအဖွဲ့က လွိုင်ကော်တက္ကသိုလ်နှင့် အစားအသောက် မှာယူခဲ့သည့်ဆိုင်၊ ချက်ပြုတ်သည့်နေရာတို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေအား စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ (၂၃) ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ် E မေဂျာဌာနရဲ့ အာစရိယပူဇော်ပွဲနဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ဖြစ်တာ။ ညနေ (၃) နာရီလောက်မှာ ဧည့်ခံကျွေးမွေးတာပေါ့။ အဲဒီမှာ သူကမှာတာကတော့ ကြက်ဆီထမင်းမှာတာ လူ (၃၂၀)စာ လောက်မှာတာ။ စားပြီးတော့ ညနေ (၆ ) နာရီလောက်မှာ တော်တော်များများ ပျို့တယ်၊ အန်တယ်၊ ဝမ်းသွားတယ်။ အဲဒီလိုဖြစ်ကြပြီးတော့ လူ (၃၀) လောက်ပြင်ပလူနာဌာနမှာပြပြီး လူခြောက်ယောက်လောက် ဆေးရုံတင်ရတယ်။ အဲဒီသတင်းကြားတော့ ဆရာတို့ ပြည်နယ်ကျန်းမာရေးအဖွဲ့က မနေ့က (အောက်တိုဘာလ ၂၄ရက်နေ့) သွားပြီးတော့ စစ်တယ်ပေါ့။ အဲဒီမှာ စာရင်းကောက်လိုက်တော့ ပြင်ပလူနာရော ဆေးခန်းမှာပြတာရောက (၈၀) လောက်ရှိမယ်ဆိုတော့ စုစုပေါင်းဆိုရင် လူ(၁၀၀)လောက် ဖြစ်သွားတာပေါ့။ ပြင်ပ ဆေးခန်းတွေမှာလည်း ပြကြသေးတယ်။ တချို့ကျတော့လည်း ဖြစ်ပေမယ့် မပြဘဲ မဟာဖြေဆေးလောက် သောက်ပြီး ပျောက်သွားတဲ့ လူတွေလည်း ရှိတယ်လေ။ ဆရာတို့ စာရင်းကောက်တာ အဲဒီလောက်စာရင်းတော့ ရတာပေါ့”ဟု ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေသဆိုင်ရာ ရောဂါစောင့်ကြည့်လေ့လာရေး အရာရှိ ဒေါက်တာ ဝင်းထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစာအဆိပ်သင့်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် ဆေးရုံရောက်လာသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာမအချို့က အဆိုပါပွဲ အတွက် အစားအသောက်များမှာပေးသည့် EC အဖွဲ့ဝင် တစ်ဦး၏ စားသောက်ဆိုင်ဖြစ်သည့် Blue Berry စားသောက်ဆိုင်မှ ကြက်ဆီထမင်းမှာယူသည်ဟု နားလည်မှုလွဲ၍ ပြောကြားခဲ့မှုများ ရှိခဲ့သော်လည်း ကြက်ဆီထမင်းများမှာ အခြားစားသောက်ဆိုင်မှ မှာယူပေးခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သည့် EC အဖွဲ့ဝင်များက အောက်တိုဘာလ (၂၅)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

“ ကျွန်တော်တို့မေဂျာက EC တစ်ယောက်ဖြစ်တဲ့သူက Blue Berry စားသောက်ဆိုင်ကပါ။ သူက အစားအသောက်မှာပေးဖို့ တာဝန်ယူပေးတာပါ။ သူက တခြားဆိုင်ကနေ မှာပေးတာဖြစ်ပေမဲ့ ကျောင်းမှာက သူ့ကို Blue Berry ဆိုင်ကပဲဆိုတာ သိထားတော့ သူ့ဆိုင်ကလို့ပဲ နားလည်မှုလွဲပြီး ပြောကြတာပါ။ တကယ်တော့ သူ့ဆိုင်နဲ့ မဆိုင်ပါဘူး။ တကယ်မှာယူပေးတဲ့ ဆိုင်နဲ့ တကယ်ချက်တဲ့ သူတွေကိုတော့ မနေ့ကပဲ ကျန်းမာရေးအဖွဲ့က စစ်ဆေးနေပါတယ်။ မစားဖြစ်ဘဲ ကျန်နေတဲ့အထဲက အထုပ်တွေကိုလည်း ဓာတ်ခွဲခန်းပို့ဖို့ ယူသွားပါတယ်။ အစားအသောက်မှာပေးတဲ့ EC ရဲ့ဆိုင်က မနေ့က သူတို့က ဘုရားဖူးလည်းသွားတော့ ဆိုင်ပိတ်ထားချိန်နဲ့ အခုလို ဖြစ်သွားချိန်က တိုက်ဆိုင်သွားတော့ လူတွေက နားလည်မှုလွဲသွားကြပါတယ်”ဟု ပွဲစီစဉ်ရာတွင် ပါဝင်သည့် EC တစ်ဦးဖြစ်သူ လွိုင်ကော်တက္ကသိုလ် အင်္ဂလိပ်စာဌာန စတုတ္ထနှစ်ကျောင်းသား ကိုအေးကျော်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသားများ အစာအဆိပ်သင့်၍ ဆေးရုံရောက်သည့် သတင်းကြောင့် ပြည်နယ်ကျန်းမာရေးအဖွဲ့က အောက်တိုဘာလ (၂၄)ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်နှင့် အစားအသောက်မှာယူခဲ့သည့်ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကသွားပြီးတော့ ဖြစ်တဲ့ကလေးတွေကို ဆေးတွေဘာတွေ တိုက်တယ်ပေါ့။ ပြီးတော့ ဟင်းချက်တဲ့ သူတွေကို သွားခေါ်တယ်။ ချက်တာကတော့ မာစတာ စားသောက်ဆိုင်ကလို့ ပြောပါတယ်။ တက္ကသိုလ်ဝန်းထဲမှာ သူက ကန်ထရိုက်နဲ့ ဖွင့်တဲ့ဆိုင်။ ဆိုင်ရှင်နဲ့လည်း တွေ့တယ်။ ချက်တဲ့သူ နှစ်ယောက် တွေ့ပါတယ်။ သူတို့ ဘယ်လိုချက်တယ် မေးတာပေါ့။ သူတို့ကတော့ ထမင်းက မနက်မှချက်တာတဲ့။ အောက်တိုဘာ (၂၃) မနက်မှ ချက်တာ။ ကြက်သားကတော့ တစ်ရက်တော့ ကြိုချက်တယ်။ အောက်တိုဘာ (၂၂) ရက်နေ့ နေ့ခင်းလောက် ကတည်းက ချက်ထားပြီးသား အဲဒါကို် အုပ်ထားတာ။ နောက်တစ်နေ့ နံနက်(၁၀) နာရီလောက်မှ ပါကင်ဘူးထည့်ပြီးတော့ နေ့ခင်း (၁၁) နာရီလောက်မှာ ပို့တယ်။ ကျွေးတာက ညနေ သုံးနာရီလောက် ဖြစ်သွားတော့ ဆရာတို့ထင်တာက ဆေးပညာအရ (ရောဂါပိုး) အကောင်ပေါက်သွားတယ်ပေါ့။ အဲဒါကြောင့် ကလေးတွေ အစာအဆိပ်သင့်တာလို့ ယူဆတာပေါ့။ လုပ်ဆောင်ချက်အနေနဲ့ ဖြစ်တဲ့ကလေးတွေ ကြည့်ပေးတယ်။ ပြီးတော့ ဓာတ်ခွဲခန်းပို့တယ်။ ဒီချက်ပြုတ်တဲ့ သူတွေရဲ့ လက်ကြားထဲမှာရှိတဲ့ ရောဂါပိုး သူတို့ဆီက သွားတာလား။ ကြက်ကိုက အူပြီးဖြစ်တာလား ဆရာတို့ ခွဲခြားဖို့လိုတယ်။ အဲဒီအစားအသောက် နမူနာယူတယ်။ နောက်သူတို့ဆီက နှာခေါင်းကနပြေီးမှ ရောဂါရှာတယ်။ နောက်တစ်ကိုယ်ရည် သန့်ရှင်းရေးကိုကြည့်တယ်။ အဲဒီအဖြေကိုတော့ ဆရာတို့က ရန်ကုန်မှာရှိတဲ့ အမျိုးသားဓာတ်ခွဲခန်း ကိုပို့ထားတယ်။ အဲဒီကအဖြေကိုတော့ ဆရာတို့ အခုမရသေးဘူးပေါ့။ ပုံမှန်ယေဘုယျ သုံးသပ်ချက် ကတော့ ကြက်သားသိုးပြီးဖြစ်သွားတယ်ပေါ့။ ရောဂါဖြစ်တာ မစိုးရိမ်ရ သော်ငြားလည်း ဖြစ်တဲ့ အရေအတွက်က များနေတယ်ပေါ့။ လူရာဂဏန်းကြီး ဖြစ်သွားတာတော့ ဒါက အလေးထားရမယ့်ကိစ္စတစ်ခု ဖြစ်တာပေါ့။ ဆရာတို့စာရင်းရတာ လူ (၁၀၀)နီးပါး ရှိတယ်။ ဒါကို စားတာက (၃၂၀) နီးပါးရှိတယ်။ တစ်ချို့ ဝန်ထမ်းတွေဆို ပါဆယ်ဘူးနဲ့အိမ်ယူသွားတယ်။ သူကမစားဘူး။ ကလေး သုံးယောက်ကို ကျွေးတယ်။ ကလေး သုံးယောက်လုံးက ဖြစ်တယ်။ တချို့ကျတော့လည်း သုံးပွဲစားပြီး မဖြစ်တဲ့သူလည်း ရှိတယ်ပေါ့။ စားတဲ့သူ တော်တော်များများ ဖြစ်တယ်။ ဒီမှာတင် (၁၀၀)ဆို အပြင်မှာလည်း နည်းနည်း ဖြစ်ပြီးတော့ အပြင်ဆေးခန်းတွေမှာလည်း ရောက်တယ်။ GP ထဲရောက်တယ်။ GP ထဲရောက်တဲ့ စာရင်းကျတော့ ကျွန်တော်တို့ ကောက်ဖို့ ခက်တယ်လေ။ သူတို့ (အစားအသောက် ချက်ပြုတ်သူ) အိမ်ထိလိုက်သွားတယ်။ ချက်ပြုတ်တဲ့နေရာတွကြေည့်တယ်။ ချက်ပြုတ်တော့ ရေဘယ်ကသုံးလဲပေါ့။ ချက်တဲ့နေရာနဲ့ အိမ်သာဘယ်လောက်ဝေးလဲ။ နောက်သူတို့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ချက်ပြုတ်တဲ့နည်းစနစ်ပေါ့။ မနေ့ကတော့ အဲဒါလေး ပြောခဲ့တယ်။ နောက်ဆို သန့်အောင်ချက်ဖို့၊ အသားစိမ်းနဲ့အကျက် မရောဖို့၊ လက်သည်းညှပ်ဖို့ ပညာပေးခဲ့တယ်။ ထမင်းချက် ဟင်းချက်ကတော့ ရေတွင်းရှိတယ်။ အဲဒီကပဲသုံးတာ။ ချက်တာက ဧက ၅၀၀ ရပ်ကွက်ပေါ့။ အဲဒီနားတစ်လျှောက်တော့ ရေတွေတွေ့တယ်။ သူက ရမြေုပ်တဲ့နေရာ ဖြစ်နေတာ။ အိမ်လေးကတော့ သေသေသပ်သပ်ပါပဲ”ဟု ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေသဆိုင်ရာ ရောဂါစောင့်ကြည့် လေ့လာရေး အရာရှိ ဒေါက်တာ ဝင်းထက်က ကွင်းဆင်းစစ်ဆေးမှုအခြေအနေအား တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကြက်ဆီထမင်းချက်ပေးသည့် ဧက (၅၀၀)ရပ်ကွက်မှနေအိမ်အား သွားရောက်စစ်ဆေးပြီး အစားအသောက်ချက်ပြုတ်သူများ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရန်၊ ချက်ပြုတ်နည်းစနစ် လမ်းညွှန်ခြင်းနှင့် သောက်သုံးရေတွင်းတွင် ဆေးခတ်ပေးခြင်းကိုလည်း ကျန်းမာရေးဌာနက ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အဆိုပါပွဲတွင် ကြက်ဆီထမင်းနှင့် အချိုရည်တို့ကို ကျွေးခဲ့ခြင်းဖြစ်ပြီး အစာအဆိပ်သင့်ရခြင်း အကြောင်းရင်းကို ဓာတ်ခွဲခန်းအဖြေစောင့်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~