ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဝေးလံခက်ခဲနေရာများနှင့် ရွေ့လျားနေထိုင်သူများအထိ လွှမ်းခြုံနိုင်ရေး ပူးပေါင်းကူညီကြရန် ကယားပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဝေးလံခက်ခဲနေရာများနှင့် ရွေ့လျားနေထိုင်သူများအထိ လွှမ်းခြုံနိုင်ရေး ပူးပေါင်းကူညီကြရန် ကယားပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း
အောကျတိုဘာ 30, 2017
By Tachileik News Agency





ကယားပြည်နယ်အတွင်း နိုဝင်ဘာလ (၁၅) ရက်မှ (၂၃) ရက်အတွင်း ကျောင်းအခြေပြုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ ကလေး (၆၄၁၄၅) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၁) ရက်မှ (၂၀) ရက်အတွင်း ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကလေး (၃၁၇၆၈)ဦးအား ထိုးနှံပေးမည်ဖြစ်ကာ အဖွဲ့ဝင်(၃၁၉)ဦး ကာကွယ်ဆေးထိုးအဖွဲ့သည် ဒေသအခြေပြုအဖွဲ့များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ ဒေသခံများနှင့် ချိတ်ဆက်၍ ဝေးလံခေါင်ဖျားနေရာများအထိ လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် အသက် (၉) လမှ (၁၅)နှစ်အရွယ် ကလေး (၁၄) သန်းခန့်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်မှ (၂၃) ရက်အတွင်း ကျောင်းအခြေပြုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်မှ (၂၀) ရက်အတွင်း ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တို့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူများအနက် (၂ဝ)ရာခိုင်နှုန်းမှ (၃ဝ)ရာခိုင်နှုန်းအထိ သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း ကိုယ်လက်မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတက်ခြင်း၊ စကားမပြောနိုင်တော့ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပွားကျန်ခဲ့ကြောင်းသိရပြီး ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချရန် တစ်ခုတည်းသောနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၏ ပထဝီအနေအထားအရ ဝေးလံ ခက်ခဲသောနေရာများ၊ ရွေ့လျားနေထိုင်သော လူအုပ်စုများပါ မကျန် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးရောက်ရှိထိုးနှံနိုင်ရန် အမျိုးသားရေး အသွင်ဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို က တိုက်တွန်း လိုက်သည်။

ကယားပြည်နယ်တွင် ယခုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူနှစ်ဦးတွေ့ခဲ့သည့်အတွက် ပြည်နယ်တွင်းမှ အသက် (၉) လမှ (၁၅) နှစ်အောက် ကလေး (၉၇၀၀၀)ကျော်အား ကာကွယ်ဆေးထိုး အစီအစဉ်တွင် အားလုံးထိုးနှံပေးနိုင်ရေး အတွက် ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း ကြိုးပမ်းဆာင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြီးခဲ့တဲ့ တစ်ပတ်က အားလုံး စာရင်းကောက်ချက်အရ တစ်ပြည်နယ်လုံး ကိုးလမှ တစ်ဆယ့်ငါးနှစ်ထိ ကလေး (၉၇၀၁၃)ယောက်ရှိပါတယ်။ အားလုံးလွှမ်းခြုံမှု အများဆုံးရအောင် ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်" ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က ပြောသည်။

ကယားပြည်နယ်တွင် ယခင်က ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားဖူးခြင်း မရှိသော်လည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက လွိုင်ကော်မြို့မှ တစ်ဦး၊ ဒီးမော့ဆိုမြို့မှ နှစ်ဦးနှင့် ဘောလခဲမြို့မှ တစ်ဦး စုစုပေါင်း ရောဂါသံသယလူနာ (၄)ဦးတွေ့ခဲ့ရသည့်အနက် နှစ်ဦးမှာ အတည်ပြုလူနာဖြစ်သဖြင့် ကုသမှုပေးခဲ့ရကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း နိုဝင်ဘာလ (၁၅) ရက်မှ (၂၃) ရက်အတွင်း ကျောင်းအခြပြေုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ ကလေး (၆၄၁၄၅) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၁) ရက်မှ (၂၀) ရက်အတွင်း ပြည်သူလူထုအခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကလေး (၃၁၇၆၈)ဦးအား ထိုးနှံပေးမည်ဖြစ်ကာ အဖွဲ့ဝင်(၃၁၉)ဦး ကာကွယ်ဆေးထိုးအဖွဲ့သည် ဒေသအခြပြေုအဖွဲ့များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ ဒေသခံများနှင့် ချိတ်ဆက်၍ ဝေးလံခေါင်ဖျားနေရာများအထိ လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် အသက် (၉) လမှ (၁၅)နှစ်အရွယ် ကလေး (၁၄) သန်းခန့်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်မှ (၂၃) ရက်အတွင်း ကျောင်းအခြပြေုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်မှ (၂၀) ရက်အတွင်း ပြည်သူလူထုအခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်တို့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူများအနက် (၂ဝ)ရာခို်င်နှုန်းမှ (၃ဝ)ရာခို်င်နှုန်းအထိ သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း ကိုယ်လက်မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတက်ခြင်း၊ စကားမပြောနိုင်တော့ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပို်င်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပွားကျန်ခဲ့ကြောင်းသိရပြီး ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချရန် တစ်ခုတည်းသောနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~