ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း လုပ္ကိုင္သူမ်ား ဝင္ေငြခြန္ကင္းလြတ္ခြင့္ တင္ျပေလွ်ာက္ထားႏုိင္ေၾကာင္း ေၾကညာ

ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း လုပ္ကိုင္သူမ်ား ဝင္ေငြခြန္ကင္းလြတ္ခြင့္ တင္ျပေလွ်ာက္ထားႏုိင္ေၾကာင္း ေၾကညာ
အောက်တိုဘာ 10, 2017
By 🌸

ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒႏွင့္အညီ လုပ္ငန္းလုပ္ကိုင္ေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း လုပ္ကိုင္သူမ်ား အေနျဖင့္ ဝင္ေငြခြန္ကင္းလြတ္ခြင့္ တင္ျပေလွ်ာက္ထားႏုိင္ေၾကာင္း ျမန္မာႏုိင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ေအာက္တိုဘာလ (၁၀)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာလိုက္သည္။

အမိန္႔ေၾကာ္ျငာစာအမွတ္ (၈၄/၂၀၁၇ )ျဖင့္ အခြန္ကင္းလြတ္ခြင့္ သို႔မဟုတ္ သက္သာခြင့္မ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း ေၾကညာလိုက္ျခင္းျဖစ္ၿပီး အခြန္ကင္းလြတ္ခြင့္ (သုိ႔မဟုတ္) သက္သာခြင့္ ေလွ်ာက္ထားလႊာအား အဆုိျပဳခ်က္ (သုိ႔မဟုတ္) အတည္ျပဳေလွ်ာက္ထားလႊာႏွင့္အတူ တင္ျပေလွ်ာက္ထားႏုိင္ၿပီး ခံစားလုိသည့္ အခြန္ကင္းလြတ္ခြင့္ (သုိ႔မဟုတ္) သက္သာခြင့္ကုိ ေလွ်ာက္လႊာတြင္ တိက်စြာ ေဖာ္ျပေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ဳိးအစားမ်ား သတ္မွတ္ခြင့္ျပဳထားရာတြင္ ႏုိင္ငံေတာ္အတြက္ မဟာဗ်ဴဟာအရ အေရးပါေသာ က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာသန္း (၂၀) ေက်ာ္ျခင္း၊ အစုိးရပုိင္ေျမ (သုိ႔မဟုတ္) ပုိင္ဆုိင္မႈပစၥည္းအား အသံုးျပဳေသာ ေဒၚလာသန္း (၂၀) ေက်ာ္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၊ နယ္စပ္မ်ဥ္းတစ္ေလွ်ာက္ (သုိ႔မဟုတ္) ပဋိပကၡျဖစ္ပြားေနသည့္ ဧရိယာအတြင္း (သုိ႔မဟုတ္) ႏုိင္ငံ၏နယ္စပ္ျဖတ္ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံျခင္းတြင္ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏုိင္ငံသား ရင္းႏွီးျမႇဳပ္ႏွံသူ၏ ေဒၚလာ (၁) သန္းေက်ာ္ေသာ ရင္းႏီွးျမႇဳပ္ႏွံမႈလုပ္ငန္း၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုႏွင့္တစ္ခု ျဖတ္ေက်ာ္၍ ရင္းႏွီးျမႇဳပ္ႏွံျခင္း၊ ေျမဧက (၁၀၀၀) ထက္ပုိေသာေျမေပၚတြင္ စုိက္ပ်ဳိးေရးလုပ္ငန္းလုပ္ကုိင္ျခင္းႏွင့္ ေျမဧက (၁၀၀) ထက္ပုိေသာေျမေပၚတြင္ စုိက္ပ်ဳိးေရးမဟုတ္သည့္ အျခားလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းတုိ႔အတြက္ ခြင့္ျပဳမိန္႔ျဖင့္ လုပ္ကိုင္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳမိန္႔ရယူထားျခင္းမရိွဘဲ လုပ္ငန္းေဆာင္ရြက္ေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေနျဖင့္ ဥပေဒႏွင့္အညီ အတည္ျပဳမိန္႔ကိုလည္း ေလွ်ာက္ထားႏုိင္ၿပီး အဆိုပါလုပ္ငန္းမ်ားအေနျဖင့္ အတည္ျပဳမိန္႔ရေသာ္လည္း ဝင္ေငြခြန္ ကင္းလြတ္ခြင့္ ေလွ်ာက္ထားခြင့္ရိွမည္မဟုတ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူများ အနဖြေင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် တင်ပြလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၇ )ဖြင့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် လျှောက်ထားလွှာအား အဆိုပြုချက် (သို့မဟုတ်) အတည်ပြုလျှောက်ထားလွှာနှင့်အတူ တင်ပြလျှောက်ထားနိုင်ပြီး ခံစားလိုသည့် အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်ကို လျှောက်လွှာတွင် တိကျစွာ ဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများ သတ်မှတ်ခွင့်ပြုထားရာတွင် နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း (၂၀) ကျော်ခြင်း၊ အစိုးရပိုင်မြေ (သို့မဟုတ်) ပိုင်ဆိုင်မှုပစ္စည်းအား အသုံးပြုသော ဒေါ်လာသန်း (၂၀) ကျော်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နယ်စပ်မျဉ်းတစ်လျှောက် (သို့မဟုတ်) ပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာအတွင်း (သို့မဟုတ်) နိုင်ငံ၏နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံခြင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၏ ဒေါ်လာ (၁) သန်းကျော်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြတ်ကျော်၍ ရင်းနှီးမြှုပ်နှံခြင်း၊ မြေဧက (၁၀၀၀) ထက်ပိုသောမြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် မြေဧက (၁၀၀) ထက်ပိုသောမြေပေါ်တွင် စိုက်ပျိုးရေးမဟုတ်သည့် အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူထားခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနဖြေင့် ဥပဒေနှင့်အညီ အတည်ပြုမိန့်ကိုလည်း လျှောက်ထားနိုင်ပြီး အဆိုပါလုပ်ငန်းများအနဖြေင့် အတည်ပြုမိန့်ရသော်လည်း ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှောက်ထားခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~