တာခ်ီလိတ္သို႔ လာအိုႏုိင္ငံမွ တရားမဝင္ ဝင္လာၿပီး ရန္ကုန္တြင္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားသည့္ အေနာက္အာဖရိက ႏုိင္ငံသားအား အမႈဖြင့္စစ္ေဆးေန

တာခ်ီလိတ္သို႔ လာအိုႏုိင္ငံမွ တရားမဝင္ ဝင္လာၿပီး ရန္ကုန္တြင္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားသည့္ အေနာက္အာဖရိက ႏုိင္ငံသားအား အမႈဖြင့္စစ္ေဆးေန
အောက်တိုဘာ 20, 2017
By 🌸
တာခ်ီလိတ္သို႔ လာအိုႏုိင္ငံမွ တရားမဝင္ ဝင္လာၿပီး ရန္ကုန္တြင္ ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားသည့္ ႏုိင္ငံျခားသားအား အမႈဖြင့္စစ္ေဆးေန
**************
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ လာအိုႏုိင္ငံမွေန၍ တရားမဝင္လမ္းေၾကာင္းျဖင့္ ဝင္ေရာက္လာၿပီး ႏုိင္ငံသားစိစစ္ေရးကဒ္အတုႏွင့္အတူ ရန္ကုန္ၿမိဳ႕ ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ရံုးတြင္ လာေရာက္ ေလွ်ာက္ထားသည့္ ႏုိင္ငံျခားသားတစ္ဦးအား ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ႏုိင္ငံသားကို GUINEENSE  ဟုေဖၚျပထားသည့္ Zheng Zuchao သည္ လာအိုႏုိင္ငံမွေန၍ စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္လာခဲ့ၿပီး PP No. 2082 ျဖင့္ တာခ်ီလိတ္ေလဆိပ္မွ ရန္ကုန္ၿမိဳ႕သို႔ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ စက္တင္ဘာလ (၂၅) ရက္ေန႔တြင္ ဗဟန္းၿမိဳ႕နယ္ ျမန္မာနိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးအဖြဲ႕႐ုံး (ရန္ကုန္)သို႔ က်ိဳင္းက်ဴးေက်ာ္အမည္ျဖင့္ နိုင္ငံသားစိစစ္ေရးကဒ္၊ အိမ္ေထာင္စု လူဦးေရစာရင္းအတုတို႔ျဖင့္ ႏုိင္ငံကူးလက္မွတ္ လာေရာက္ေလၽွာက္ထားစဥ္ ဖမ္းဆီးခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား စက္တင္ဘာလ (၂၆) ရက္ေန႔တြင္ ဗဟန္းၿမိဳ႕မရဲစခန္းတြင္  (ပ)၄၁၉/၂၀၁၇ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅) ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့ၿပီးေနာက္ ေအာက္တိုဘာလ (၁၉) ရက္ေန႔တြင္ ဗဟန္းၿမိဳ႕နယ္ဥပေဒ႐ုံး၏ အႀကံျပဳခ်က္အရ ဗဟန္းၿမိဳ႕မ ရဲစခန္းတြင္ (ပ)၄၅၅/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈(လိမ္လည္မႈ/အတု ျပဳလုပ္မႈ) ျဖင့္အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်သို့ လာအိုနိုင်ငံမှ တရားမဝင် ဝင်လာပြီး ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် နိုင်ငံခြားသားအား အမှုဖွင့်စစ်ဆေးနေ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာအိုနိုင်ငံမှနေ၍ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံသားစိစစ်ရေးကဒ်အတုနှင့်အတူ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားတစ်ဦးအား အောက်တိုဘာလ (၁၉)ရက်နေ့တွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နိုု်င်ငံသားကိုGUINEENSE ဟုဖေါ်ပြထားသည့်  Zheng Zuchao သည် လာအိုနိုင်ငံမှနေ၍ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခဲ့ပြီး PP No. 2082 ဖြင့် တာချီလိတ်လေဆိပ်မှ ရန်ကုန်မြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဗဟန်းမြို့နယ် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး (ရန်ကုန်)သို့ ကျိုင်းကျူးကျော်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စု လူဦးရေစာရင်းအတုတို့ဖြင့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဗဟန်းမြို့မရဲစခန်းတွင်  (ပ)၄၁၉/၂၀၁၇ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာလ (၁၉) ရက်နေ့တွင် ဗဟန်းမြို့နယ်ဥပဒေရုံး၏ အကြံပြုချက်အရ ဗဟန်းမြို့မ ရဲစခန်းတွင် (ပ)၄၅၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု/အတု ပြုလုပ်မှု) ဖြင့်အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~