တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထိုင္းနိုင္ငံသားႏွင့္ ေခၚေဆာင္လာသည့္ ျမန္မာႏုိင္ငံသားတို႔အား အေရးယူထား

တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထိုင္းနိုင္ငံသားႏွင့္ ေခၚေဆာင္လာသည့္ ျမန္မာႏုိင္ငံသားတို႔အား အေရးယူထား
အောက်တိုဘာ 21, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းနုိင္ငံသားတစ္ဦးႏွင့္ ၎အား ေခၚေဆာင္လာသည့္ ျမန္မာႏုိင္ငံသားတို႔အား ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ ေဟာင္လိတ္မီးပြိဳင့္လမ္းဆုံ၌ ေလယာဥ္ကြင္းဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းဘက္သို႔ အိုက္ရွဲန္ဆိုသူ ေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ထိုင္းနိုင္ငံသား Bass မွာ နယ္စပ္ေခ်ာင္းမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရျခင္းျဖစ္သည္ဟု သိရသည္။

၎သည္ တာခ်ီလိတ္ၿမိဳ႕တြင္ လာေရာက္လည္ပတ္ရန္ ထိုင္းနိုင္ငံ မယ္ဆိုင္ၿမိဳ႕မွတစ္ဆင့္ နယ္စပ္ေခ်ာင္းအား ျဖတ္သန္းကာ ျမန္မာနိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

ထိုင္းႏုိင္ငံသား Bass အား ေအာက္တိုဘာလ (၂၀) ရက္ေန႔တြင္ တာခ်ီလိတ္ ၿမိဳ႕မရဲစခန္း၌ (ပ)၂၁၀/၂၀၁၇၊လဝကအက္ ၁၃(၁)ျဖင့္လည္းေကာင္း၊  ျမန္မာႏုိင္ငံသား အိုက္ရွဲန္တို႔အား (ပ)၂၁၁/ ၂၀၁၇၊ လဝကအက္ ၁၃(၅)ျဖင့္ လည္းေကာင္း အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားနှင့် ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားတို့အား အရေးယူထား
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးနှင့် ၎င်းအား ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားတို့အား အောက်တိုဘာလ (၂၀)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့မရဲတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ လေယာဉ်ကွင်းဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ အိုက်ရှဲန်ဆိုသူ မောင်းနှင်သည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသား Bass မှာ နယ်စပ်ချောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းသည် တာချီလိတ်မြို့တွင် လာရောက်လည်ပတ်ရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် နယ်စပ်ချောင်းအား ဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ထိုင်းနိုင်ငံသား Bass အား အောက်တိုဘာလ (၂၀) ရက်နေ့တွင် တာချီလိတ် မြို့မရဲစခန်း၌ (ပ)၂၁၀/၂၀၁၇၊လဝကအက် ၁၃(၁)ဖြင့်လည်းကောင်း၊  မြန်မာနိုင်ငံသား အိုက်ရှဲန်တို့အား (ပ)၂၁၁/ ၂၀၁၇၊ လဝကအက် ၁၃(၅)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~