က်ိဳင္းတံုၿမိဳ႕အဝင္တြင္ ဖမ္းဆီးရမိသည့္ တာခ်ီလိတ္ပို႔မည့္ မူးယစ္ေဆးမ်ား သယ္ေဆာင္ခိုင္းသူ အမ်ိဳးသမီးအား ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕အဝင္တြင္ ဖမ္းဆီးရမိသည့္ တာခ်ီလိတ္ပို႔မည့္ မူးယစ္ေဆးမ်ား သယ္ေဆာင္ခိုင္းသူ အမ်ိဳးသမီးအား ဖမ္းဆီးရမိ
အောက်တိုဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေတာင္ႀကီးမွ က်ိဳင္းတံုၿမိဳ႕အဝင္ ဘီးခြန္ေကာက္စခန္းတြင္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိသည့္ ICE အျဖဴေရာင္ပံုေဆာင္ခဲ (၂၅၀)ကီလိုမွာ တာခ်ီလိတ္သို႔ ပို႔ေဆာင္ရန္ျဖစ္ေၾကာင္းႏွင့္ သယ္ေဆာင္ခိုင္းသည့္ အမ်ိဳးသမီးအား ဆက္လက္ေဖၚထုတ္ ဖမ္းဆီး ႏို္င္ခဲ့ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႔ဝင္မ်ား၊ စရဖ(တသခ)မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ သက္ဆိုင္ရာမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ က်ိဳင္းတံုၿမိဳ႕အဝင္ ဘီးခြန္ေကာက္စခန္းတြင္  မိုင္းပ်င္းၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ ေမာင္းႏွင္လာသည့္ ကားအား ရပ္တန္႔စစ္ေဆးရာ ကားအတြင္းမွ ICE အျဖဴေရာင္ပံုေဆာင္ခဲတစ္ကီလိုစီပါဝင္သည့္ အိတ္ေပါင္း (၂၅၀) စုစုေပါင္းအေလးခ်ိန္ (၂၅၀)ကီလိုဂရမ္အား ေအာက္တိုဘာလ (၂၅)ရက္ေန႔က စစ္ေဆးေတြ႔ရိွရသည့္အမႈမွ ကြင္းဆက္အား ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားအား တုံတာၿမိဳ႕ေနသူ နန္းရွဲန္က တာခ်ီလိတ္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးရန္ သယ္ေဆာင္ခေငြက်ပ္ သိန္း (၃၀)ျဖင့္ သယ္ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရ၍ ပူးေပါင္းအဖြဲ႕သည္ ေဒၚနန္းရွဲန္အား ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ပင္ ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး သယ္ေဆာင္ေပးသည့္ ျမဝင္းႏွင့္ သယ္ေဆာင္ခုိင္းသည့္ နန္းရွဲန္တို႔အား က်ိဳင္းတုံၿမိဳ႕မ ရဲစခန္း မယ(ပ) ၁၃၀/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒ ပုဒ္မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တောင်ကြီးမှ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိသည့် ICE အဖြူရောင်ပုံဆောင်ခဲ (၂၅၀)ကီလိုမှာ တာချီလိတ်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်းနှင့် သယ်ဆောင်ခိုင်းသည့် အမျိုးသမီးအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး နို်င်ခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ စရဖ(တသခ)မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် မိုင်းပျင်းမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသည့် ကားအား ရပ်တန့်စစ်ဆေးရာ ကားအတွင်းမှ ICE အဖြူရောင်ပုံဆောင်ခဲတစ်ကီလိုစီပါဝင်သည့် အိတ်ပေါင်း (၂၅၀) စုစုပေါင်းအလေးချိန် (၂၅၀)ကီလိုဂရမ်အား အောက်တိုဘာလ (၂၅)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့်အမှုမှ ကွင်းဆက်အား ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများအား တုံတာမြို့နေသူ နန်းရှဲန်က တာချီလိတ်မြို့သို့ ပို့ဆောင်ပေးရန် သယ်ဆောင်ခငွေကျပ် သိန်း (၃၀)ဖြင့် သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရ၍ ပူးပေါင်းအဖွဲ့သည် ဒေါ်နန်းရှဲန်အား အောက်တိုဘာလ (၂၅)ရက်နေ့တွင်ပင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်ပေးသည့် မြဝင်းနှင့် သယ်ဆောင်ခိုင်းသည့် နန်းရှဲန်တို့အား ကျိုင်းတုံမြို့မ ရဲစခန်း မယ(ပ) ၁၃၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~