ရွမ္းျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ရဲစခန္းအခ်ဳပ္ခန္းမ်ားအား ၾကည့္ရႈစစ္ေဆး

ရွမ္းျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ရဲစခန္းအခ်ဳပ္ခန္းမ်ားအား ၾကည့္ရႈစစ္ေဆး
အောက်တိုဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ မိုင္းျဖတ္၊ မိုင္းဆတ္တို႔မွ အခ်ဳပ္ခန္းမ်ားအား စစ္ေဆးၿပီးေနာက္ ေအာက္တိုဘာလ (၆)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းရိွ အခ်ဳပ္ခန္းအား စစ္ေဆးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္ သည္ တာ၀န္ရွိသူမ်ားႏွင့္အတူ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒပုဒ္မ- ၆၈ အရ တာခ်ီလိတ္ၿမဳိ႕မရဲစခန္းရွိ အခ်ဳပ္ခန္းမွ အခ်ဳပ္သားမ်ားႏွင့္ေတြ႕ဆံုေမးျမန္းၿပီး ေနရာထုိင္ခင္း သက္သာေခ်ာင္ခ်ိအေျခအေန၊ သန္႔ရွင္းမႈအေျခအေန ၊ အစားအေသာက္အေျခအေန၊ ေဆးကုသခြင့္အေျခအေနတို႔ကို ၾကည့္ရႈစစ္ေဆးကာ ဥပေဒအရ ရသင့္ရထုိက္သည္မ်ား ရရွိေရး စီစဥ္ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ယင္းအျပင္ အမႈစစ္ေဆးရာတြင္ ၾကန္႔ၾကာမႈမရွိေစေရး သက္ဆုိင္ရာ တရားသူႀကီးမ်ားက ေဆာင္ရြက္ၾကရန္ႏွင့္ အခ်ဳပ္ခန္းမ်ားတြင္ ေတြ႕ရွိရေသာ လုိအပ္ခ်က္မ်ားအား သက္ဆုိင္ရာ ရဲစခန္းမွဴးမ်ားက ေဆာင္ရြက္ေပးၾကရန္လည္း မွာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္သည္ ေအာက္တုိဘာလ (၃) ရက္ေန႔က မုိင္းျဖတ္ၿမဳိ႕မ ရဲစခန္းမွ အခ်ဳပ္ခန္းႏွင့္ ေအာက္တုိဘာလ (၄) ရက္ေန႔တြင္ မုိင္းဆတ္ၿမဳိ႕မရဲစခန္းမွ အခ်ဳပ္ခန္းတို႔အား ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

သတင္း #ေ၀ယံလင္း
ဓါတ္ပံု #ယာေဆး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး
**********
ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မိုင်းဖြတ်၊ မိုင်းဆတ်တို့မှ အချုပ်ခန်းများအား စစ်ဆေးပြီးနောက် အောက်တိုဘာလ (၆)ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းအား စစ်ဆေးကြောင်း သိရသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ- ၆၈ အရ တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းမှ အချုပ်သားများနှင့်တွေ့ဆုံမေးမြန်းပြီး နေရာထိုင်ခင်း သက်သာချောင်ချိအခြေအနေ၊ သန့်ရှင်းမှုအခြေအနေ ၊ အစားအသောက်အခြေအနေ၊ ဆေးကုသခွင့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ဥပဒေအရ ရသင့်ရထိုက်သည်များ ရရှိရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာ တရားသူကြီးများက ဆောင်ရွက်ကြရန်နှင့် အချုပ်ခန်းများတွင် တွေ့ရှိရသော လိုအပ်ချက်များအား သက်ဆိုင်ရာ ရဲစခန်းမှူးများက ဆောင်ရွက်ပေးကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည် အောက်တိုဘာလ (၃) ရက်နေ့က မိုင်းဖြတ်မြို့မ ရဲစခန်းမှ အချုပ်ခန်းနှင့် အောက်တိုဘာလ (၄) ရက်နေ့တွင် မိုင်းဆတ်မြို့မရဲစခန်းမှ အချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~