ကယားျပည္နယ္ ဟိုစဲရြာ၌ GSM/3G စခန္း(၁)ခု ၂၀၁၈- ၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း တိုးခ်ဲ႕ဖြင့္လွစ္ေပးမည္

ကယားျပည္နယ္ ဟိုစဲရြာ၌ GSM/3G စခန္း(၁)ခု ၂၀၁၈- ၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း တိုးခ်ဲ႕ဖြင့္လွစ္ေပးမည္
အောက်တိုဘာ 25, 2017
By Tachileik News Agency

ကယားျပည္နယ္ မယ္စဲ့ၿမိဳ႕နယ္အတြင္း ဆက္သြယ္မႈ ပိုမိုေကာင္းမြန္ေစရန္ ဟိုစဲရြာ၌ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ျမန္မာ့ ဆက္သြယ္ေရးလုပ္ငန္းမွ တာဝါတိုင္(၁)တိုင္ ထပ္မံ တိုးခ်ဲ႕တည္ေဆာက္၍ GSM/3G စခန္းဖြင့္လွစ္ၿပီး မိုဘိုင္းလ္ တယ္လီဖုန္းဆက္သြယ္ေရး ဝန္ေဆာင္မႈမ်ားေပးႏိုင္ရန္ လ်ာထားေၾကာင္း သိရသည္။

“ မယ္စဲ့ၿမိဳ႕နယ္အတြင္း ဆက္သြယ္မႈ ပိုမိုေကာင္းမြန္ေစရန္ ဟိုစဲရြာ၌ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာဝါတိုင္(၁)တိုင္ ထပ္မံ တိုးခ်ဲ႕တည္ေဆာက္၍ GSM/3G စခန္းဖြင့္လွစ္ၿပီး မိုဘိုင္းလ္တယ္လီဖုန္းဆက္သြယ္ေရး ဝန္ေဆာင္မႈေပးႏိုင္ရန္ လ်ာထား ေဆာင္ရြက္လ်က္ရွိပါတယ္" ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒုတိယ ဝန္ႀကီး ဦးေက်ာ္မ်ိဳးက ေျပာၾကားသည္။

ေအာက္တိုဘာလ (၂၅) ရက္ေန႔တြင္က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ မယ္စဲ့ မဲဆႏၵနယ္မွ ဦးသန္းလင္းလင္းက မယ္စဲ့ၿမိဳ႕နယ္တြင္ MPT တာဝါတိုင္ ထပ္မံတိုးခ်ဲ႕တပ္ဆင္ေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းအား ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒုတိယ ဝန္ႀကီး ဦးေက်ာ္မ်ိဳးက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ကယားျပည္နယ္အတြင္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း၊ တယ္လီေနာျမန္မာလီမိတက္ႏွင့္ ေအာ္ရီဒူးျမန္မာလီမိတက္တို႔မွ GSM/3G စခန္းမ်ား တည္ေဆာက္ဖြင့္လွစ္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် မယ်စဲ့မြို့နယ်အတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန် ဟိုစဲရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်(၁)တိုင် ထပ်မံ တိုးချဲ့တည်ဆောက်၍ GSM/3G စခန်းဖွင့်လှစ်ပြီး မိုဘိုင်းလ် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပေးနိုင်ရန် လျာထားကြောင်း သိရသည်။

“ မယ်စဲ့မြို့နယ်အတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန် ဟိုစဲရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်(၁)တိုင် ထပ်မံ တိုးချဲ့တည်ဆောက်၍ GSM/3G စခန်းဖွင့်လှစ်ပြီး မိုဘိုင်းလ်တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိပါတယ်" ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းက မယ်စဲ့မြို့နယ်တွင် MPT တာဝါတိုင် ထပ်မံတိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာလီမိတက်နှင့် အော်ရီဒူးမြန်မာလီမိတက်တို့မှ GSM/3G စခန်းများ တည်ဆောက်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~