တာခ်ီလိတ္ မိုင္းကိုးေဆးျဖတ္စခန္းသို႔ စားနပ္ရိကၡာမ်ား ေထာက္ပံ့

တာခ်ီလိတ္ မိုင္းကိုးေဆးျဖတ္စခန္းသို႔ စားနပ္ရိကၡာမ်ား ေထာက္ပံ့
အောက်တိုဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စု ရန္ကုန္ရြာတြင္ ျပည္သူ႔စစ္အဖြဲ႔မွ ဦးက်ေလာဖြင့္လွစ္ထားသည့္ ျပန္လည္ထူေထာင္ေရး ေဆးျဖတ္စခန္းသို႔ စားနပ္ရိကၡာမ်ားကို စစ္ဗ်ဴဟာအဖြဲ႔ အေျခခ်(တာခ်ီလိတ္)၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ခရိုင္ရဲတပ္ဖြဲ႔တို႔က ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ ေထာက္ပံ့လွဴဒါန္းေၾကာင္း သိရသည္။

“ဦးက်ေလာတုိ႔ဖြင့္လွစ္ထားတဲ့ ေဆးျဖတ္စခန္းရဲ႕ အေျခအေနကို ၾကည့္ဖို႔နဲ႔ လိုအပ္တာေတြ လုပ္ေဆာင္ေပးႏုိင္ဖို႔ပါ။ ေဒသအသီးသီးက လာေရာက္ေဆးျဖတ္ေနသူေတြနဲ႔ ေတြ႕ၿပီး သူတို႔အေျခအေနကို ေမးျမန္း၊ အားေပးခဲ့တာပါ”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

တာခ်ီလိတ္ စစ္ဗ်ဴဟာမႈး ဗိုလ္မႈးႀကီးေအးမင္းဦး၊ ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ဦးတင္ဝင္းေရႊႏွင့္ ခ႐ိုင္ရဲတပ္ဖြဲ႕မႈး ဒုတိယရဲမႈးႀကီးထိန္ဝင္းတို႔က ေဆးျဖတ္စခန္းမွ လူနာမ်ားအတြက္ လိုအပ္သည္မ်ား ပံ့ပိုးကူညီေပးခဲ့ေၾကာင္း သိရသည္။

“သူတို႔ေတြအေနနဲ႔ ေဆးျဖတ္ျပန္လည္ထူေထာင္ၿပီး ဥပေဒနဲ႔အေရးယူခံရတဲ့အေျခအေနကေန ကင္းေဝးေအာင္ ေနၾကဖို႔ အားေပးတုိက္တြန္းခဲ့ပါတယ္။ လက္ရိွအေျခအေနမွာ ျမင္ခဲ့ရတာကေတာ့ အေျခအေနေကာင္းတာ ေတြ႕ရပါတယ္”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္းက ေျပာသည္။

ရပ္ရြာအေျချပဳ  မိုင္းကိုးေဆးျဖတ္စခန္းတြင္ မူူးယစ္ေဆးျဖတ္လိုသူမ်ားအေနျဖင့္ သံုးလစာအတြက္ တစ္ဦးလွ်င္ ဘတ္ (၂၀၀၀)ႏွင့္ ဆန္ႏွစ္ပံုးကို စားစရိတ္အျဖစ္ေပးရၿပီး စားစရိတ္ေပးရန္အခက္အခဲရိွသည့္ ေဆးျဖတ္လိုသူမ်ားအတြက္ ေဒသတြင္းမွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအသင္းက ကူညီပံ့ပိုးမႈမ်ား လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

ဓါတ္ပံု #တာခ်ီလိတ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် မိုင်းကိုးဆေးဖြတ်စခန်းသို့ စားနပ်ရိက္ခာများ ထောက်ပံ့
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ရွာတွင် ပြည်သူ့စစ်အဖွဲ့မှ ဦးကျလောဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေး ဆေးဖြတ်စခန်းသို့ စားနပ်ရိက္ခာများကို စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်)၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင်ရဲတပ်ဖွဲ့တို့က အောက်တိုဘာလ (၁၉)ရက်နေ့တွင် ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။

“ဦးကျလောတို့ဖွင့်လှစ်ထားတဲ့ ဆေးဖြတ်စခန်းရဲ့ အခြေအနေကို ကြည့်ဖို့နဲ့ လိုအပ်တာတွေ လုပ်ဆောင်ပေးနိုင်ဖို့ပါ။ ဒေသအသီးသီးက လာရောက်ဆေးဖြတ်နေသူတွေနဲ့ တွေ့ပြီး သူတို့အခြေအနေကို မေးမြန်း၊ အားပေးခဲ့တာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ် စစ်ဗျူဟာမှုး ဗိုလ်မှုးကြီးအေးမင်းဦး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေနှင့် ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးထိန်ဝင်းတို့က ဆေးဖြတ်စခန်းမှ လူနာများအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

“သူတို့တွေအနေနဲ့ ဆေးဖြတ်ပြန်လည်ထူထောင်ပြီး ဥပဒေနဲ့အရေးယူခံရတဲ့အခြေအနေကနေ ကင်းဝေးအောင် နေကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ မြင်ခဲ့ရတာကတော့ အခြေအနေကောင်းတာ တွေ့ရပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောသည်။

ရပ်ရွာအခြေပြု  မိုင်းကိုးဆေးဖြတ်စခန်းတွင် မူူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် သုံးလစာအတွက် တစ်ဦးလျှင် ဘတ် (၂၀၀၀)နှင့် ဆန်နှစ်ပုံးကို စားစရိတ်အဖြစ်ပေးရပြီး စားစရိတ်ပေးရန်အခက်အခဲရှိသည့် ဆေးဖြတ်လိုသူများအတွက် ဒေသတွင်းမှ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်းက ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဓါတ်ပုံ #တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~