က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ကန္ရြာတြင္ ေရျပည့္ေနသည့္အုတ္က်င္းအတြင္း ကေလးႏွစ္ဦး ေရနစ္ေသဆံုး

က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ကန္ရြာတြင္ ေရျပည့္ေနသည့္အုတ္က်င္းအတြင္း ကေလးႏွစ္ဦး ေရနစ္ေသဆံုး
အောက်တိုဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ မိုင္းလပ္အုပ္စု၊ ေနာင္ကန္ေက်းရြာတြင္ ေရျပည့္ေနသည့္ အုတ္က်င္းအတြင္း ေရဆင္းကူးသည့္ကေလးႏွစ္ဦး ေအာက္တိုဘာလ(၆)ရက္ ေန႔က ေရနစ္ေသဆုံးသြားေၾကာင္း သိရသည္။

"အရင္တုန္းကေတာ့ အဲဒီမွာ ကန္မေတြ ့မိဘူးဗ်။ အုတ္ဖိုက အုတ္ဖုတ္ဖို႔အတြက္ ေျမတူးထားတဲ့ေနရာမွာ မိုးေတြရြာေတာ့ ကန္လိုျဖစ္ေနတာပါ။ အဲဒီေနရာက (၁၀)ေပေလာက္ေတာ့ ရိွတယ္။ အဲဒီထဲကို ကေလးႏွစ္ေယာက္ ေရဆင္းကူးတာကေန ေရနစ္သြားတာပါ"ဟု ႏွလုံးလွပိုင္ရွင္မ်ားအသင္းမွ ဥကၠဌ ဦးေက်ာ္သူေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

ေရနစ္ေသဆံုးသည့္ကေလးႏွစ္ဦးမွာ အသက္(၅)ႏွစ္အရြယ္ႏွင့္ (၆)ႏွစ္အရြယ္ ေယာက်္ားေလးမ်ားျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ထင္တာကေတာ့ ႏွစ္ေယာက္လုံး တစ္ၿပိဳင္တည္း ေရနစ္ေသတာ မဟုတ္ေလာက္ဘူးဗ်။ ဘာလို ့လဲဆိုေတာ့ အေလာင္းျပန္ေပၚတဲ့အခ်ိန္ေတြက မတူၾကဘူး။ ကၽြန္ေတာ္တို႔ေရာက္ေတာ့ အငယ္တစ္ေယာက္ရဲ ႔အေလာင္းပဲေပၚေသးတယ္။ အေပၚမွာက ဖိနပ္ႏွစ္ရံနဲ ့ အ၀တ္ႏွစ္စုံေတြ ့ေတာ့ ေနာက္တစ္ေယာက္ က်န္အုံးမယ္ဆိုၿပီး ဆက္ရွာၾကတာပါ"ဟု မ်က္ျမင္ေတြ ့ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕မရဲစခန္းက စစ္ေဆးမႈမ်ား ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓာတ္ပုံ #နွလုံးလွပိုင္ရွင္မ်ားအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ် နောင်ကန်ရွာတွင် ရေပြည့်နေသည့်အုတ်ကျင်းအတွင်း ကလေးနှစ်ဦး ရေနစ်သေဆုံး
**********
ရှမ်းပြည်နယ် (အရှေ ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းလပ်အုပ်စု၊ နောင်ကန်ကျေးရွာတွင် ရေပြည့်နေသည့် အုတ်ကျင်းအတွင်း ရေဆင်းကူးသည့်ကလေးနှစ်ဦး အောက်တိုဘာလ(၆)ရက် နေ့က ရေနစ်သေဆုံးသွားကြောင်း သိရသည်။

"အရင်တုန်းကတော့ အဲဒီမှာ ကန်မတွေ ့မိဘူးဗျ။ အုတ်ဖိုက အုတ်ဖုတ်ဖို့အတွက် မြေတူးထားတဲ့နေရာမှာ မိုးတွေရွာတော့ ကန်လိုဖြစ်နေတာပါ။ အဲဒီနေရာက (၁၀)ပေလောက်တော့ ရှိတယ်။ အဲဒီထဲကို ကလေးနှစ်ယောက် ရေဆင်းကူးတာကနေ ရေနစ်သွားတာပါ"ဟု နှလုံးလှပိုင်ရှင်များအသင်းမှ ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို ့ ပြောသည်။

ရေနစ်သေဆုံးသည့်ကလေးနှစ်ဦးမှာ အသက်(၅)နှစ်အရွယ်နှင့် (၆)နှစ်အရွယ် ယောကျ်ားလေးများဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ထင်တာကတော့ နှစ်ယောက်လုံး တစ်ပြိုင်တည်း ရေနစ်သေတာ မဟုတ်လောက်ဘူးဗျ။ ဘာလို ့လဲဆိုတော့ အလောင်းပြန်ပေါ်တဲ့အချိန်တွေက မတူကြဘူး။ ကျွန်တော်တို့ရောက်တော့ အငယ်တစ်ယောက်ရဲ ့အလောင်းပဲပေါ်သေးတယ်။ အပေါ်မှာက ဖိနပ်နှစ်ရံနဲ ့ အဝတ်နှစ်စုံတွေ ့တော့ နောက်တစ်ယောက် ကျန်အုံးမယ်ဆိုပြီး ဆက်ရှာကြတာပါ"ဟု မျက်မြင်တွေ ့ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို ့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းက စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ #နှလုံးလှပိုင်ရှင်များအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~