သဘာဝေဘးအသိပညာေပးအခမ္းအနား လားရိႈးတြင္ ပထမဆံုး စတင္က်င္းပ

သဘာဝေဘးအသိပညာေပးအခမ္းအနား လားရိႈးတြင္ ပထမဆံုး စတင္က်င္းပ
အောက်တိုဘာ 13, 2017
By 🌸
ျပည္သူမ်ားအား သဘာဝေဘးအႏၱရာယ္ကာကြယ္ေရးနည္းဥပေဒအေၾကာင္း ရွင္းလင္းျခင္းႏွင့္ အသိပညာေပးျခင္းအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာ သဘာဝေဘးအႏၱရာယ္ ေလ်ာ့ပါးေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ပထမဆံုးအႀကိမ္အျဖစ္ ေအာက္တိုဘာလ (၁၃) ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံမွာ ၂၀၀၀ ခုႏွစ္ကတည္းက ႏွစ္စဥ္က်င္းပခဲ့တာျဖစ္ပါတယ္။ ရွမ္းေျမာက္ လားရႈိးၿမိဳ႕မွာေတာ့ ဒီႏွစ္မွ ပထမဦးဆံုး ျပဳလုပ္တာျဖစ္ပါတယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ သဘာဝေဘးဒဏ္ကာကြယ္ေရး နည္းဥပေဒ ေတြကို ဒီျပပြဲကိုတက္ေရာက္လာသူေတြကို ရွင္းလင္းေျပာျပေပးတယ္။ အားလံုးပူးေပါင္းေဆာင္ရြက္မွ သဘာဝေဘးဆိုတာ ႀကိဳတင္ကာကြယ္လို႔ရမွာျဖစ္တယ္ဆိုတာကို အသိပညာေပးတာ ျဖစ္ပါတယ္”ဟု လားရိႈးခရိုင္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သဘာဝေဘးအႏၱရာယ္ ေလ်ာ့ပါးေရးေန႔အား ကုလသမဂၢ၏ သဘာဝေဘးအႏၱရာယ္ေလ်ာ့ခ်ေရး မဟာဗ်ဴဟာ ( UNISDR ) အဖြဲ႔မွ သတ္မွတ္ထားျခင္းျဖစ္ၿပီး တစ္ကမၻာလံုးအတိုင္းအတာျဖင့္ ႏွစ္စဥ္ တစ္ႏွစ္တာေဆာင္ပုဒ္ မ်ားျဖင့္ က်င္းပေနျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ အတြက္ ေဆာင္ပုဒ္မွာ ( Home Save Home ) ထိေတြ႔ ေဘးဒဏ္ ေလ်ွာ့ခ်မွ လံုၿခံဳစိတ္ခ်တို႔ဘဝ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆာင္ပုဒ္ေခါင္းစဥ္ျဖင့္ လားရႈိးၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားတြင္ က်င္းပခဲ့သည့္ ပန္းခ်ီ၊ ပန္းပုႏွင့္ စာစီစာကုံးၿပိဳင္ပြဲမ်ားမွ ဆုရသူမ်ားကိုလည္း ယေန႔အခမ္းအနားတြင္ ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားအတြက္ ယူနီဆက္ဖ္၊ Relieve International၊ ေမတၱာ၊ Save The Children  အဖြဲ႔အစည္းမ်ားႏွင့္ လားရိႈးၿမိဳ႕ရွိ ဌာနဆိုင္ရာမ်ား ပူးေပါင္းေဆာင္ရြက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
သဘာဝဘေးအသိပညာပေးအခမ်းအနား လားရှိုးတွင် ပထမဆုံး စတင်ကျင်းပ
**********
ပြည်သူများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနည်းဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် အသိပညာပေးခြင်းအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့က ကျင်းပကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက် လားရှိုးမြို့မှာတော့ ဒီနှစ်မှ ပထမဦးဆုံး ပြုလုပ်တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သဘာဝဘေးဒဏ်ကာကွယ်ရေး နည်းဥပဒေ တွေကို ဒီပြပွဲကိုတက်ရောက်လာသူတွေကို ရှင်းလင်းပြောပြပေးတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှ သဘာဝဘေးဆိုတာ ကြိုတင်ကာကွယ်လို့ရမှာဖြစ်တယ်ဆိုတာကို အသိပညာပေးတာ ဖြစ်ပါတယ်”ဟု လားရှိုးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့အား ကုလသမဂ္ဂ၏ သဘာဝဘေးအန္တရာယ်လျော့ချရေး မဟာဗျူဟာ ( UNISDR ) အဖွဲ့မှ သတ်မှတ်ထားခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ် တစ်နှစ်တာဆောင်ပုဒ် များဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် အတွက် ဆောင်ပုဒ်မှာ ( Home Save Home ) ထိတွေ့ ဘေးဒဏ် လျှော့ချမှ လုံခြုံစိတ်ချတို့ဘဝ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့သည့် ပန်းချီ၊ ပန်းပုနှင့် စာစီစာကုံးပြိုင်ပွဲများမှ ဆုရသူများကိုလည်း ယနေ့အခမ်းအနားတွင် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအတွက် ယူနီဆက်ဖ်၊ Relieve International၊ မေတ္တာ၊ Save The Children  အဖွဲ့အစည်းများနှင့် လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~