တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုျပည္သူ႔စစ္ဂိတ္ေရွ႕တြင္ အမ်ဳိးသား(၂)ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုျပည္သူ႔စစ္ဂိတ္ေရွ႕တြင္ အမ်ဳိးသား(၂)ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံုေက်းရြာရွိ ျပည္သူ႔စစ္ စခန္းေရွ႕တြင္ ဆိုင္ကယ္ေမာင္းလာသူ ႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၃)ရက္ေန႔ ည(၉း၄၅)နာရီ၀န္းက်င္အခ်ိန္က လြယ္စီတံုေက်းရြာရွိ ျပည္သူ႔စစ္ စခန္းေရွ႕တြင္ ပိတ္ဆို႔စစ္ေဆးရွာေဖြစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေလာ္က်ဴးေမာင္းႏွင္ၿပီး လီဂ်ာ လိုက္ပါလာသည့္ နံပါတ္မပါသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားအား ေတြ႕ရွိသိမ္းဆည္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ ဆိုင္ကယ္ေမာင္းသူ ေလာ္က်ဴး ၀တ္ဆင္ထားသည့္ Liverpool စာတမ္းပါ အေႏြးထည္ အက်ႌႏွင့္၀ဲဘက္လက္ဖ်ံၾကားတြင္ သို၀ွက္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၃၃၀)ျပားအား ေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ဆိုင္ကယ္အေနာက္တြင္ လိုက္ပါလာသည့္ လီဂ်ားထံမွ ဆက္လက္ရွာေဖြရာ ၎၏ ေဘးလြယ္အိတ္အတြင္းမွ ၀ါးဖတ္ျဖင့္ ပတ္ထားၿပီး အေလးခ်ိန္ (၁၀၀)ဂရမ္ခန္႔ရွိသည့္ ဘိန္းစိမ္းမ်ား ႏွင့္ ၀ါးရိုးတပ္ ဘိန္းရွဴေျပာင္း(၁)ခုတို႔အား ထပ္မံ၍ ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာရှိ ပြည်သူ့စစ် စခန်းရှေ့တွင် ဆိုင်ကယ်မောင်းလာသူ နှစ်ဦးထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ ည(၉း၄၅)နာရီဝန်းကျင်အချိန်က လွယ်စီတုံကျေးရွာရှိ ပြည်သူ့စစ် စခန်းရှေ့တွင် ပိတ်ဆို့စစ်ဆေးရှာဖွေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ လော်ကျူးမောင်းနှင်ပြီး လီဂျာ လိုက်ပါလာသည့် နံပါတ်မပါသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများအား တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် ဆိုင်ကယ်မောင်းသူ လော်ကျူး ဝတ်ဆင်ထားသည့် Liverpool စာတမ်းပါ အနွေးထည် အင်္ကျီနှင့်ဝဲဘက်လက်ဖျံကြားတွင် သိုဝှက်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၃၃၀)ပြားအား တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသည့် လီဂျားထံမှ ဆက်လက်ရှာဖွေရာ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ ဝါးဖတ်ဖြင့် ပတ်ထားပြီး အလေးချိန် (၁၀၀)ဂရမ်ခန့်ရှိသည့် ဘိန်းစိမ်းများ နှင့် ဝါးရိုးတပ် ဘိန်းရှူပြောင်း(၁)ခုတို့အား ထပ်မံ၍ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~