တာခ်ီလိတ္၌ ၿမဳိ႕နယ္အဆင့္သန္းေခါင္စာရင္းဆုိင္ရာ အခ်က္အလက္မ်ား အသိပညာေပးေဆြးေႏြးပြဲ ႏွစ္ရက္ၾကာက်င္းပမည္

တာခ်ီလိတ္၌ ၿမဳိ႕နယ္အဆင့္သန္းေခါင္စာရင္းဆုိင္ရာ အခ်က္အလက္မ်ား အသိပညာေပးေဆြးေႏြးပြဲ ႏွစ္ရက္ၾကာက်င္းပမည္
အောက်တိုဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္္ၿမဳိ႕၌   ၿမဳိ႕နယ္အဆင့္သန္းေခါင္စာရင္းဆုိင္ရာ အခ်က္အလက္မ်ား အသိပညာေပးျခင္းအား  ေအာက္တုိဘာလ (၁၉) ရက္ေန႔မွစ၍ ႏွစ္ရက္ၾကာ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟုိခမ္းရပ္ကြက္ရွိ ေအာင္ျမတ္ခန္းမ၌ က်င္းပေနသည့္ ႏွစ္ရက္တာေဆြးေႏြးပြဲအတြင္း ၂၀၁၄ခုႏွစ္၊ လူဦးေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္ စာရင္းမွ ေကာက္ယူရရွိသည့္ အခ်က္အလက္မ်ား၊  ရွမ္းျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)ႏွင့္ တာခ်ီလိတ္ၿမဳိ႕နယ္ရွိ လူဦးေရစာရင္း၊ ၿမဳိ႕ျပႏွင့္ ေက်းလက္ေနထုိင္မႈ အေျခအေနမ်ား ၊ သန္းေခါင္ စာရင္းေနာက္ခံ အေၾကာင္းအရာမ်ား၊ လူဦးေရဆုိင္ရာ အခ်က္အလက္မ်ား၊ ကုိးကြယ္သည့္ ဘာသာဆုိင္ရာ အခ်က္အလက္မ်ား၊ ပညာေရးဆုိင္ရာ အခ်က္အလက္မ်ား၊ စီးပြားေရးဆုိင္ရာ အခ်က္အလက္မ်ား၊ မသန္စြမ္းမႈဆုိင္ရာ အေၾကာင္းအရာမ်ား၊ ေမြးဖြားျခင္းႏွင့္ ေသဆုံးျခင္း အေၾကာင္းအရာမ်ား၊ အိမ္အေၾကာင္းအရာႏွင့္ အိမ္အသုံးအေဆာင္ ပစၥည္းဆုိင္ရာမ်ား၊ ကုိင္ေဆာင္သည့္ လက္မွတ္အမ်ိဳးအစားမ်ား အေၾကာင္းကို အသိပညာေပး ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရွင္းလင္းပြဲတြင္ တာခ်ီလိတ္ခရုိင္ႏွင့္ၿမဳိ႕နယ္ ဌာနဆုိင္ရာမ်ား၊ တပ္ရင္းတပ္ဖဲြ႕မ်ား၊ လူမႈေရးအသင္း အဖဲြ႕မ်ား၊ တုိင္းရင္းသား ယဥ္ေက်းမႈအဖဲြ႕မ်ား၊ ၾကက္ေျခနီအဖြဲ႔၊ မီးသတ္တပ္ဖဲြ႕၀င္မ်ား၊  ႏုိင္ငံေရးပါတီမ်ား၊ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္အတူ အမ်ဳိးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ဦးစုိင္းလံုစံခတ္၊ ျပည္နယ္လႊတ္ ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္၊ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္သန္းေခါင္စာရင္းေကာ္မတီ ဥကၠ႒ ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန၊ တာခ်ီလိတ္ခရုိင္ဦးစီးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန၊ ျပည္သူ႔အင္အား ဦးစီးဌာန၊ ေနျပည္ေတာ္ရံုးခ်ဳပ္မွ ဒုတိယညႊန္ၾကားေရးမွဴး ေဒၚယဥ္ယဥ္ႀကဳိင္၊ ဒုတိယျပည္နယ္ဦးစီးမွဴး၊ က်ဳိင္းတံုမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္း၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွ၀င္းေမာင္၊ ရန္ကုန္ၿမဳိ႕ အေျခစုိက္ ဒါနေရွ႕ေဆာင္ျမန္မာ အဖဲြ႕အစည္းမွ သင္တန္းနည္းျပႏွင့္ အမႈေဆာင္အယ္ဒီတာ ဦးစုိင္း၀င္းေအာင္တို႔ တက္ေရာက္ေဆြးေႏြးၾကၿပီး စုစုေပါင္း တက္ေရာက္သူ ( ၁၁၅)ဦး ရိွေၾကာင္း သိရသည္။

သတင္း #ေဝယံလင္း
ဓါတ္ပံု #ေအာင္ေက်ာ္ဝင္းစိန္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်၌ မြို့နယ်အဆင့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးဆွေးနွေးပွဲ နှစ်ရက်ကြာကျင်းပမည်
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ််မြို့၌   မြို့နယ်အဆင့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးခြင်းအား  အောက်တိုဘာလ (၁၉) ရက်နေ့မှစ၍ နှစ်ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပနေသည့် နှစ်ရက်တာဆွေးနွေးပွဲအတွင်း ၂၀၁၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းမှ ကောက်ယူရရှိသည့် အချက်အလက်များ၊  ရှမ်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် တာချီလိတ်မြို့နယ်ရှိ လူဦးရေစာရင်း၊ မြို့ပြနှင့် ကျေးလက်နေထိုင်မှု အခြေအနေများ ၊ သန်းခေါင် စာရင်းနောက်ခံ အကြောင်းအရာများ၊ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ မသန်စွမ်းမှုဆိုင်ရာ အကြောင်းအရာများ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အကြောင်းအရာများ၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင် ပစ္စည်းဆိုင်ရာများ၊ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစားများ အကြောင်းကို အသိပညာပေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် တာချီလိတ်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  နိုင်ငံရေးပါတီများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းမောင်၊ ရန်ကုန်မြို့ အခြေစိုက် ဒါနရှေ့ဆောင်မြန်မာ အဖွဲ့အစည်းမှ သင်တန်းနည်းပြနှင့် အမှုဆောင်အယ်ဒီတာ ဦးစိုင်းဝင်းအောင်တို့ တက်ရောက်ဆွေးနွေးကြပြီး စုစုပေါင်း တက်ရောက်သူ ( ၁၁၅)ဦးရှိကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~