ျမန္မာႏုိင္ငံလူဦးေရတြင္ အမ်ိဳးသမီးက အမ်ိဳးသားဦးေရထက္ ႏွစ္သန္းေက်ာ္ပိုမ်ား

ျမန္မာႏုိင္ငံလူဦးေရတြင္ အမ်ိဳးသမီးက အမ်ိဳးသားဦးေရထက္ ႏွစ္သန္းေက်ာ္ပိုမ်ား
အောက်တိုဘာ 9, 2017
By 🌸
၂၀၁၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို အေျခခံ၍ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၁) ရက္ေန႔တြင္ရွိေသာ ျမန္မာႏိုင္ငံ၏ ခန္႔မွန္းလူဦးေရစာရင္းမွာ(၅၃)သန္းေက်ာ္ရိွေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္သူ႔အင္အားဦးစီးဌာနက ထုတ္ျပန္လိုက္သည္။

တစ္ႏုိင္ငံလံုးလူဦးေရစုစုေပါင္း (၅၃၃၈၇၉၄၈)ရိွသည့္အနက္ အမ်ိဳးသားဦးေရမွာ (၂၅)သန္းေက်ာ္ရိွၿပီး အမ်ိဳးသမီးဦးေရမွာ (၂၇)သန္းေက်ာ္ရိွေၾကာင္းသိရၿပီး လူဦးေရအမ်ားဆံုးမွာ လူဦးေရ (၇၉၃၆၆၃၇)ရိွသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒုတိယအမ်ားဆံုးမွာ လူဦးေရ (၆၃၈၉၃၉၁)ရိွသည့္ မႏၱေလးတုိင္းေဒသႀကီး၊ တတိယအမ်ားဆံုးမွာ လူဦးေရ (၆၂၇၁၀၇၀)ရိွသည့္ ဧရာဝတီတုိင္းေဒသႀကီးႏွင့္ စတုတၳအမ်ားဆံုးမွာ လူဦးေရ (၆၁၈၈၆၈၉)ရိွသည့္ ရွမ္းျပည္နယ္ျဖစ္ေၾကာင္း သိရသည္။

လူဦးေရအနည္းဆံုးမွာ လူဦးေရ (၃၁၀၂၁၃)ဦးရိွသည့္ ကယားျပည္နယ္ျဖစ္ၿပီး ဒုတိယေျမာက္အနည္းဆံုးမွာ လူဦးေရ (၅၀၈၃၅၉)ဦးရိွသည့္ ခ်င္းျပည္နယ္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံလူဦးရေတွင် အမျိုးသမီးက အမျိုးသားဦးရေထက် နှစ်သန်းကျော်ပိုများ
**********
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းမှာ(၅၃)သန်းကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးလူဦးရေစုစုပေါင်း (၅၃၃၈၇၉၄၈)ရှိသည့်အနက် အမျိုးသားဦးရေမှာ (၂၅)သန်းကျော်ရှိပြီး အမျိုးသမီးဦးရေမှာ (၂၇)သန်းကျော်ရှိကြောင်းသိရပြီး လူဦးရေအများဆုံးမှာ လူဦးရေ (၇၉၃၆၆၃၇)ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယအများဆုံးမှာ လူဦးရေ (၆၃၈၉၃၉၁)ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ တတိယအများဆုံးမှာ လူဦးရေ (၆၂၇၁၀၇၀)ရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် စတုတ္ထအများဆုံးမှာ လူဦးရေ (၆၁၈၈၆၈၉)ရှိသည့် ရှမ်းပြည်နယ်ဖြစ်ကြောင်း သိရသည်။

လူဦးရေအနည်းဆုံးမှာ လူဦးရေ (၃၁၀၂၁၃)ဦးရှိသည့် ကယားပြည်နယ်ဖြစ်ပြီး ဒုတိယမြောက်အနည်းဆုံးမှာ လူဦးရေ (၅၀၈၃၅၉)ဦးရှိသည့် ချင်းပြည်နယ်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~