မေကြးတိုင္းအတြင္း ေက်ာက္မီးေသြးကုမၸဏီမ်ား အခြန္တိမ္းေရွာင္မႈကိုစည္းၾကပ္လုိက္ၿပီးေနာက္ လုပ္ကိုင္ခြင့္ေမ်ာစာမ်ားထုတ္ေပးရန္ၾကန္႔ၾကာမႈကိုေျဖရွင္းေပးရန္ တုိင္းေဒသႀကီးအစိုးရ စီစဥ္ေန

မေကြးတိုင္းအတြင္း ေက်ာက္မီးေသြးကုမၸဏီမ်ား အခြန္တိမ္းေရွာင္မႈကိုစည္းၾကပ္လုိက္ၿပီးေနာက္ လုပ္ကိုင္ခြင့္ေမ်ာစာမ်ားထုတ္ေပးရန္ၾကန္႔ၾကာမႈကိုေျဖရွင္းေပးရန္ တုိင္းေဒသႀကီးအစိုးရ စီစဥ္ေန
အောက်တိုဘာ 12, 2017
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေက်ာက္မီးေသြးလုပ္ကြက္မ်ား လုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားအခြန္တိမ္းေရွာင္ျခင္းအား ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွစ၍ စည္းၾကပ္လုိက္ၿပီးေနာက္ လုပ္ကိုင္ခြင့္(ေမ်ာစာ)အတြက္ ေစာင့္ဆုိင္းရသည့္ အခ်ိန္ၾကာျမင့္မႈကို ေလွ်ာ့ခ်ႏုိင္ရန္  လုပ္ငန္းတစ္ခုခ်င္းေလွ်ာက္ထားျခင္းထက္ ေက်ာက္မီးေသြးလုပ္ငန္းရွင္မ်ားအသင္းမွ စုေပါင္းထုတ္ေပးရန္ေတာင္းဆိုထားမႈကို တိုင္းေဒသႀကီးအစိုးရအဖြဲ႔က ေျဖေလွ်ာ့ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

 “ေမ်ာရရိွဖို႔ အဆင္႔ဆင္႔သြားရတဲ႔အတြက္ အခ်ိန္ေလလြင္႔မႈျဖစ္ပြားေနတာေၾကာင္႔ လုပ္ငန္းရွင္ေတြဘက္က က်သင္႔အခြန္ေငြေတြကို အေက်ေပးသြင္းၿပီး ေမ်ာကို တစ္ေစာင္ခ်င္းထုတ္မေနရေအာင္ ေက်ာက္မီးေသြး လုပ္ငန္းရွင္မ်ားအသင္းက ေမ်ာေတြကိုရယူၿပီး သူတို႔ကတစ္ဆင္႔ ထုတ္ေပးႏိုင္ခြင္႔ျပဳဖို႔ ကၽြန္ေတာ့္ဆီ တင္ျပလာပါတယ္။ ဒါကို တိုင္း အစိုးရအဖဲြ႔ကို ဆက္လက္တင္ျပခဲ႔တာေၾကာင္႔ အစည္းအေဝးဆံုးျဖတ္ခ်က္နဲ႔ လိုက္ေလ်ာေပးမယ္႔အေျခအေနမွာရိွေနပါၿပီ”ဟု သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊လွ်ပ္စစ္ႏွင္႔စြမ္းအင္ ဝန္ ႀကီး ဦးျမင္႔ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရိွ မင္းလွ၊ မင္းဘူး၊ ေပါက္ႏွင္႔ ေဆာၿမိဳ႕နယ္တို႔ရိွ ေက်ာက္မီးေသြး လုပ္ကြက္ေပါင္း (၄၀)တြင္ စုစုေပါင္း လုပ္ကြက္ဧရိယာ (၄၅၀၀)ေက်ာ္ရိွေနၿပီး ယခင္အစိုးရလက္ထက္က အဆိုပါလုပ္ငန္းမ်ားမွ တုိင္းေဒသႀကီးဖြံ႕ၿဖိဳးေရးရန္ပံုေငြသို႔ ေပးသြင္းျခင္းမရိွသျဖင့္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ ေက်ာက္မီးေသြးတစ္တန္လွ်င္ သယ္ယူခြင့္ က်ပ္သံုးေထာင္ႏႈန္း စတင္ေကာက္ခံေနျခင္းျဖစ္ေၾကာင္း တုိင္းေဒသႀကီး အစိုးရအဖြဲ႔ထံမွ သိရသည္။

ယခုႏွစ္မွစ၍ တိုင္းအတြင္း တူးေဖာ္လုပ္ကိုင္ေနၾကသည္႔ လုပ္ငန္းရွင္အားလံုး ျပည္ေထာင္စုအစိုးရသို႔ ကုန္သြယ္ခြန္အျဖစ္ တစ္တန္လွ်င္ က်ပ္ (၂၀၀၀)၊ လုပ္ငန္းခြန္အျဖစ္ က်ပ္(၅၀၀)၊ စုစုေပါင္း က်ပ္ (၂၅၀၀)ႏွင့္ တိုင္းေဒသ ႀကီးအစိုးရအေနျဖင့္ အေျခခံဥပေဒ တိုးခ်ဲ႕ဇယား(၅)၊ ပုဒ္မ ၃၀ ျဖင္႔ ထိုက္သင္႔သည္႔အခြန္ကို ေကာက္ ခံခြင္႔ရိွေၾကာင္း ျပဌာန္းခ်က္အရ တစ္တန္လွ်င္ က်ပ္(၃၀၀၀)ႏႈန္းျဖင့္ ေကာက္ခံရန္ ဆံုးျဖတ္ခဲ႔ျခင္းျဖစ္ေၾကာင္းသိရသည္။

မေကြးတုိင္းေဒသႀကီးအတြင္း ေက်ာက္မီးေသြးလုပ္ကြက္မ်ား လုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားအနက္ စိန္ျခည္လင္းကုမၸဏီတစ္ခုသာ ျပည္ေထာင္စုအစိုးရသို႔ ေပးသြင္းရမည္႔အခြန္ေငြကို အေျပအေက်ေပးသြင္းခဲ႔ၿပီး က်န္ကုမၸဏီမ်ား ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္ စသည္တို႔တြင္ မွတ္ပံုတင္ ထားသည္႔ကုမၸဏီမ်ားျဖစ္သည္ဟုဆိုကာ အခြန္တိမ္းေရွာင္မႈမ်ားရိွခဲ႔သျဖင္႔ ယခုႏွစ္မွစ၍ တိုင္းအတြင္း တူးေဖာ္ သည္႔ ကုမၸဏီျဖစ္ပါက ျပည္ေထာင္စုအစိုးရထံေပးသြင္းရမည္႔အခြန္ေငြႏွင္႔ တိုင္းအစိုးရထံေပးသြင္းရမည္႔ အခြန္ေငြကို တစ္ပါတည္းေကာက္ခံရန္ စီစဥ္ခဲ႔ျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းအတွင်း ကျောက်မီးသွေးကုမ္ပဏီများ အခွန်တိမ်းရှောင်မှုကိုစည်းကြပ်လိုက်ပြီးနောက် လုပ်ကိုင်ခွင့်မျောစာများထုတ်ပေးရန်ကြန့်ကြာမှုကိုဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရ စီစဉ်နေ
***********
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မီးသွေးလုပ်ကွက်များ လုပ်ကိုင်နေသည့် ကုမ္ပဏီများအခွန်တိမ်းရှောင်ခြင်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ စည်းကြပ်လိုက်ပြီးနောက် လုပ်ကိုင်ခွင့်(မျောစာ)အတွက် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်ရန်  လုပ်ငန်းတစ်ခုချင်းလျှောက်ထားခြင်းထက် ကျောက်မီးသွေးလုပ်ငန်းရှင်များအသင်းမှ စုပေါင်းထုတ်ပေးရန်တောင်းဆိုထားမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 “မျောရရှိဖို့ အဆင့်ဆင့်သွားရတဲ့အတွက် အချိန်လေလွင့်မှုဖြစ်ပွားနေတာကြောင့် လုပ်ငန်းရှင်တွေဘက်က ကျသင့်အခွန်ငွေတွေကို အကျေပေးသွင်းပြီး မျောကို တစ်စောင်ချင်းထုတ်မနေရအောင် ကျောက်မီးသွေး လုပ်ငန်းရှင်များအသင်းက မျောတွေကိုရယူပြီး သူတို့ကတစ်ဆင့် ထုတ်ပေးနိုင်ခွင့်ပြုဖို့ ကျွန်တော့်ဆီ တင်ပြလာပါတယ်။ ဒါကို တိုင်း အစိုးရအဖွဲ့ကို ဆက်လက်တင်ပြခဲ့တာကြောင့် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လိုက်လျောပေးမယ့်အခြေအနေမှာရှိနေပါပြီ”ဟု သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင် ဝန် ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းလှ၊ မင်းဘူး၊ ပေါက်နှင့် ဆောမြို့နယ်တို့ရှိ ကျောက်မီးသွေး လုပ်ကွက်ပေါင်း (၄၀)တွင် စုစုပေါင်း လုပ်ကွက်ဧရိယာ (၄၅၀၀)ကျော်ရှိနေပြီး ယခင်အစိုးရလက်ထက်က အဆိုပါလုပ်ငန်းများမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေသို့ ပေးသွင်းခြင်းမရှိသဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ကျောက်မီးသွေးတစ်တန်လျှင် သယ်ယူခွင့် ကျပ်သုံးထောင်နှုန်း စတင်ကောက်ခံနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယခုနှစ်မှစ၍ တိုင်းအတွင်း တူးဖော်လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်အားလုံး ပြည်ထောင်စုအစိုးရသို့ ကုန်သွယ်ခွန်အဖြစ် တစ်တန်လျှင် ကျပ် (၂၀၀၀)၊ လုပ်ငန်းခွန်အဖြစ် ကျပ်(၅၀၀)၊ စုစုပေါင်း ကျပ် (၂၅၀၀)နှင့် တိုင်းဒေသ ကြီးအစိုးရအနေဖြင့် အခြေခံဥပဒေ တိုးချဲ့ဇယား(၅)၊ ပုဒ်မ ၃၀ ဖြင့် ထိုက်သင့်သည့်အခွန်ကို ကောက် ခံခွင့်ရှိကြောင်း ပြဌာန်းချက်အရ တစ်တန်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးလုပ်ကွက်များ လုပ်ကိုင်နေသည့် ကုမ္ပဏီများအနက် စိန်ခြည်လင်းကုမ္ပဏီတစ်ခုသာ ပြည်ထောင်စုအစိုးရသို့ ပေးသွင်းရမည့်အခွန်ငွေကို အပြေအကျေပေးသွင်းခဲ့ပြီး ကျန်ကုမ္ပဏီများ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသည်တို့တွင် မှတ်ပုံတင် ထားသည့်ကုမ္ပဏီများဖြစ်သည်ဟုဆိုကာ အခွန်တိမ်းရှောင်မှုများရှိခဲ့သဖြင့် ယခုနှစ်မှစ၍ တိုင်းအတွင်း တူးဖော် သည့် ကုမ္ပဏီဖြစ်ပါက ပြည်ထောင်စုအစိုးရထံပေးသွင်းရမည့်အခွန်ငွေနှင့် တိုင်းအစိုးရထံပေးသွင်းရမည့် အခွန်ငွေကို တစ်ပါတည်းကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~