တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်မှ စာသင်သာမဏေများ မြို့(၅)မြို့သို့ ကြွရောက် စာမေးပွဲဖြေဆိုမည်ဖြစ်၍ လမ်းစရိတ်အလှူငွေများ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်မှ စာသင်သာမဏေများ မြို့(၅)မြို့သို့ ကြွရောက် စာမေးပွဲဖြေဆိုမည်ဖြစ်၍ လမ်းစရိတ်အလှူငွေများ မည်သူမဆို ပါဝင်လှူဒါန်းနိုင်
အောက်တိုဘာ 2, 2017
By Tachileik News Agency



အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပညာရေးနှင့် ခရီးစရိတ်န၀ကမ္မအတွက် တာချီလိတ်မြို့ရှိ စေတနာရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက (၅.၁၁.၂၀၁၇)ရက်နေ့ မတိုင်မီ အချိန်ထိ အဆိုပါ ကျောင်းတိုက်သို့ သွားရောက်၍ဖြစ်စေ၊ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှတစ်ဆင့် ဖြစ်စေ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


ဆရာတော်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ "မဟာဂန္ဓာရုံ သဒ္ဓမ္မဝိဟာရ သာမဏေကျော် စာသင်တိုက်"မှ စာချဆရာတော် အပါအဝင် စာသင် သာမဏေ စုစုပေါင်း (၂၃)ပါး တို့သည် မြို့(၅)မြို့ရှိ စာဖြေဌာန(၅)နေရာသို့ ကြွရောက်၍ စာမေးပွဲဖြေဆိုရမည်ဖြစ်သည့်အတွက် ခရီးစရိတ်အဖြစ် နဝကမ္မအလှူငွေများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

"မဟာဂန္ဓာရုံ သဒ္ဓမ္မဝိဟာရ သာမဏေကျော် စာသင်တိုက်"မှ ကြီးကြပ်ရေးနာယကစာချဆရာတော် (၆)ပါး နှင့် စာသင်သားရှင်သာမဏေ(၁၇)ပါး စုစုပေါင်း (၂၃)ပါးသည် ရန်ကုန်မြို့၊ မော်လမြိုင်ကျွန်းမြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် တံတားဦးမြို့ရှိ စာဖြေဌာန(၅)ဌာနတို့၌ ကျင်းပမည့် သကျသီဟသာမဏေကျော် စာမေးပွဲသို့ ကြွရောက် ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပညာရေးနှင့် ခရီးစရိတ်နဝကမ္မအတွက် တာချီလိတ်မြို့ရှိ စေတနာရှင်များ အနဖြေင့် ပါဝင်လှူဒါန်းလိုပါက (၅.၁၁.၂၀၁၇)ရက်နေ့ မတိုင်မီ အချိန်ထိ အဆိုပါ ကျောင်းတိုက်သို့ သွားရောက်၍ဖြစ်စေ၊ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှတစ်ဆင့် ဖြစ်စေ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ကြီးကြပ်ရေးနာယကစာချဆရာတော် (၆)ပါး နှင့် စာသင်သားရှင်သာမဏေ(၁၇)ပါး စုစုပေါင်း (၂၃)ပါးတို့သည် ကျောင်းတိုက်မှ မော်တော်ယာဉ်များဖြင့် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၈)နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်
မဟာဂန္ဓာရုံ သဒ္ဓမ္မဝိဟာရ သာမဏေကျော် စာသင်တိုက်
မြန်မာဖုန်း - 09428215335၊ 09250474345၊
ထိုင်းဖုန်း - 0835665751၊ 0846161406 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~