တာခ်ီလိတ္ သီတင္းကၽြတ္ ဝကၤပါပြဲေတာ္မွ ဘုရားဆင္းတုေတာ္ ကံစမ္းမဲ (၄)ဆုေရြးခ်ယ္၊ ဘုရားမဲေပါက္သူမ်ား ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ သြားေရာက္ ပင့္ေဆာင္ႏိုင္

တာခ်ီလိတ္ သီတင္းကၽြတ္ ဝကၤပါပြဲေတာ္မွ ဘုရားဆင္းတုေတာ္ ကံစမ္းမဲ (၄)ဆုေရြးခ်ယ္၊ ဘုရားမဲေပါက္သူမ်ား ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ သြားေရာက္ ပင့္ေဆာင္ႏိုင္
အောက်တိုဘာ 6, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌  ပထမအႀကိမ္ က်င္းပျပဳလုပ္သည့္ သီတင္းကၽြတ္ပြဲေတာ္တြင္ ထည့္သြင္း က်င္းပသည့္ ၀ကၤပါအတြင္းသို႔ ဝင္ေရာက္ဆင္ႏႊဲသူမ်ားအား ဘုရားဆင္းတုေတာ္ ကံစမ္းမဲ လက္မွတ္မ်ား ေပးေ၀ထားရွိရာ ေအာက္တိုဘာလ (၆)ရက္ေန႔ ညပိုင္းက မဲႏႈိက္ေပးရာတြင္ ကံစမ္းမဲေပါက္သူမ်ား အေနျဖင့္ ဆင္းတုေတာ္မ်ားအား ကံစမ္းမဲ လက္မွတ္မ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ ေမဖလား၀ါးကြင္းအတြင္းရွိ  ေရႊမဟာကိုယ္မဟာ အထက္တန္းေက်ာင္းတြင္ သြားေရာက္ ပင့္ေဆာင္ႏုိင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ကံစမ္းမဲအား မူလေၾကညာထားသည့္ ဘုရားဆင္းတုေတာ္ (၃)ဆူအျပင္ အထူးကံစမ္းမဲ အျဖစ္ တစ္ဆူ ထပ္တိုးၿပီး ဆင္းတုေတာ္(၄)ဆူအတြက္ ကံစမ္းမဲေလးခု ေရြးခ်ယ္ေပးခဲ့ရာ အထူးဆုအျဖစ္ (၀၃၂) အဝါ၊ ပထမဆုအျဖစ္ (၈၆၉) အနီ၊ ဒုတိယဆုအျဖစ္ (၁၉၁) အနီ ႏွင့္ တတိယဆုအျဖစ္ (၉၈၉) အဝါတို႔ျဖစ္ေၾကာင္း သိရသည္။

ကံစမ္းမဲ ေဖာက္ေပးသည့္ ေၾကးသြန္းဆင္းတုေတာ္(၄)ဆူအား   ျမန္မာႏိုင္ငံသဘင္ ပညာရွင္မ်ား အစည္းအရံုး (တာခ်ီလိတ္ၿမိဳ႕နယ္)၏ နာယက  ဦးေအာင္ၿဖဳိးရွိန္(သူရိယသကၤန္းတိုက္)က လွဴဒါန္းေပးျခင္း ျဖစ္ေၾကာင္း သိရၿပီး ဝကၤပါပဲြအတြင္း ဝင္ေရာက္သူမ်ားကို ကံစမ္းမဲလက္မွတ္မ်ား ႀကိဳတင္ေပးအပ္ခဲ့ျခင္းျဖစ္ရာမွ ေအာက္တိုဘာလ(၆)ရက္ေန႔ ညပိုင္းတြင္ မဲႏႈိက္ေပးခဲ့ၾကျခင္း ျဖစ္သည္။

"မူလက ဥာဏ္ေတာ္ (၁၀)လက္မရွိတဲ့ ဘုရားဆင္းတုေတာ္(၃)ဆူကို လွဴဒါန္းေပးဖို႔ စီစဥ္ခဲ့ေပမဲ့လည္း သဒၶါေပါက္လို႔ အထူးဆုအေနနဲ႔ ဥာဏ္ေတာ္ (၁၈)လက္မ ရွိတဲ့ ဘုရားဆင္းတုေတာ္ကို ထပ္တိုး လွဴဒါန္းျဖစ္ခဲ့တာပါ၊ မဲေပါက္သူေတြက ဘယ္သူ ဘယ္၀ါ ဆိုတာေတာ့ မသိရေပမဲ့ မဲစာရြက္မွာ နံပါတ္ေတြပါ ပါတယ္။ ေပါက္မဲနံပါတ္ပါတဲ့ မဲစာရြက္နဲ႔အတူ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ သြားေရာက္ ပင့္ယူႏိုင္ပါတယ္"ဟု ဘုရားဆင္းတုေတာ္မ်ားအား လွဴဒါန္းေပးသူ  ျမန္မာႏိုင္ငံသဘင္ ပညာရွင္မ်ားအစည္းအရံုး (တာခ်ီလိတ္ၿမိဳ႕နယ္)၏ နာယက  ဦးေအာင္ၿဖဳိးရွိန္(သူရိယသကၤန္းတိုက္)က ေျပာသည္။

ကံထူးရွင္မ်ားအား  ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး (တာခ်ီလိတ္ၿမိဳ႕နယ္)၏ နာယက ဦးေအာင္ၿဖဳိးရွိန္၊ ဥကၠဌ ဦးခင္ေမာင္ျမင့္၊ ဒုတိယဥကၠဌ ဦးရဲထြန္းသိန္း(ကိုသားႀကီး)၊ အတြင္းေရးမွဴး ဦးမင္းမင္းထြန္း၊ ျပန္ၾကားေရးမွဴး ဦးေရႊလွ၀င္း အပါအ၀င္ ေရႊလာဘ္ေငြလာဘ္သဘင္မွ ဇာတ္မင္းသား ခ်စ္စြမ္းသာတို႔မွ မဲႏႈိက္ေရြးခ်ယ္ေပးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်တွင် ထည့်သွင်း ကျင်းပသည့် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ဆင်နွှဲသူများအား ဘုရားဆင်းတုတော် ကံစမ်းမဲ လက်မှတ်များ ပေးေဝထားရှိရာ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက မဲနှိုက်ပေးရာတွင် ကံစမ်းမဲပေါက်သူများ အနဖြေင့် ဆင်းတုတော်များအား ကံစမ်းမဲ လက်မှတ်များနှင့်အတူ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်းအတွင်းရှိ ရွှေမဟာကိုယ်မဟာ အထက်တန်းကျောင်းတွင် သွားရောက် ပင့်ဆောင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲအား မူလကြေညာထားသည့် ဘုရားဆင်းတုတော် (၃)ဆူအပြင် အထူးကံစမ်းမဲ အဖြစ် တစ်ဆူ ထပ်တိုးပြီး ဆင်းတုတော်(၄)ဆူအတွက် ကံစမ်းမဲလေးခု ရွေးချယ်ပေးခဲ့ရာ အထူးဆုအဖြစ် (ဝ၃၂) အဝါ၊ ပထမဆုအဖြစ် (၈၆၉) အနီ၊ ဒုတိယဆုအဖြစ် (၁၉၁) အနီ နှင့် တတိယဆုအဖြစ် (၉၈၉) အဝါတို့ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲ ဖောက်ပေးသည့် ကြေးသွန်းဆင်းတုတော်(၄)ဆူအား မြန်မာနိုင်ငံသဘင် ပညာရှင်များ အစည်းအရုံး (တာချီလိတ်မြို့နယ်)၏ နာယက ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်)က လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရပြီး ဝင်္ကပါပွဲအတွင်း ဝင်ရောက်သူများကို ကံစမ်းမဲလက်မှတ်များ ကြိုတင်ပေးအပ်ခဲ့ခြင်းဖြစ်ရာမှ အောက်တိုဘာလ(၆)ရက်နေ့ ညပိုင်းတွင် မဲနှိုက်ပေးခဲ့ကြခြင်း ဖြစ်သည်။

"မူလက ဉာဏ်တော် (၁၀)လက်မရှိတဲ့ ဘုရားဆင်းတုတော်(၃)ဆူကို လှူဒါန်းပေးဖို့ စီစဉ်ခဲ့ပေမဲ့လည်း သဒ္ဓာပေါက်လို့ အထူးဆုအနေနဲ့ ဉာဏ်တော် (၁၈)လက်မ ရှိတဲ့ ဘုရားဆင်းတုတော်ကို ထပ်တိုး လှူဒါန်းဖြစ်ခဲ့တာပါ၊ မဲပေါက်သူတွေက ဘယ်သူ ဘယ်ဝါ ဆိုတာတော့ မသိရပေမဲ့ မဲစာရွက်မှာ နံပါတ်တွေပါ ပါတယ်။ ပေါက်မဲနံပါတ်ပါတဲ့ မဲစာရွက်နဲ့အတူ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ သွားရောက် ပင့်ယူနိုင်ပါတယ်"ဟု ဘုရားဆင်းတုတော်များအား လှူဒါန်းပေးသူ မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (တာချီလိတ်မြို့နယ်)၏ နာယက ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်)က ပြောသည်။

ကံထူးရှင်များအား မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (တာချီလိတ်မြို့နယ်)၏ နာယက ဦးအောင်ဖြိုးရှိန်၊ ဥက္ကဌ ဦးခင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဦးရဲထွန်းသိန်း(ကိုသားကြီး)၊ အတွင်းရေးမှူး ဦးမင်းမင်းထွန်း၊ ပြန်ကြားရေးမှူး ဦးရွှေလှဝင်း အပါအဝင် ရွှေလာဘ်ငွေလာဘ်သဘင်မှ ဇာတ်မင်းသား ချစ်စွမ်းသာတို့မှ မဲနှိုက်ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~