တာခ်ီလိတ္ ရွမ္းရိုးမကြင္းတြင္ ေဖ်ာ္ေျဖမည့္ ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရး ရန္ပံုေငြ ပြဲလက္မွတ္္မ်ား စတင္ေရာင္းခ်

တာခ်ီလိတ္ ရွမ္းရိုးမကြင္းတြင္ ေဖ်ာ္ေျဖမည့္ ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရး ရန္ပံုေငြ ပြဲလက္မွတ္္မ်ား စတင္ေရာင္းခ်
အောက်တိုဘာ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ေအာက္တိုဘာလ (၁၀)ရက္ေန႔၌ ေဖ်ာ္ေျဖမည့္ ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရးရန္ပံုေငြပြဲအတြက္ လက္မွတ္မ်ားကို ေအာက္တိုဘာလ (၇)ရက္ေန႔မွ စ၍ တစ္ေစာင္လွ်င္ ဘတ္(၂၀၀)ျဖင့္ ဝယ္ယူႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔(ေအာက္တိုဘာ ၇ )ကစၿပီး ဗယ္လင္တုိင္း(ကေဖးႏွင့္အေအးဆိုင္)မွာ စၿပီး ေရာင္းေပးေနပါၿပီ။ (၁၀)ရက္ေန႔မွာေတာ့ မနက္ကတည္းက ရွမ္းရိုးမကြင္း ခ်စ္စြမ္းသာ ဇာတ္သဘင္မွာလည္း ေရာင္းခ် ေပးသြားမွာပါ။ အဲဒီေန႔မွာေတာ့ ခါတိုင္းညေတြထက္ ေစာေစာေဖ်ာ္ေျဖသြားဖို႔ရိွတယ္။ ခ်စ္စြမ္းသာ အျပင္ သွ်န္ထြန္း(ျမန္မာစာ)နဲ႔ တာခ်ီလိတ္က ဝါသနာရွင္ေတြပူးေပါင္းၿပီး "တာခ်ီလိတ္က ႀကိဳဆိုပါတယ္" သီခ်င္းကိုလည္း သီဆိုသြားဖို႔ရိွတယ္။ ေနာက္ ေဂ်ညီညီကလည္း ေဖ်ာ္ေျဖမွာပါ”ဟု တာခ်ီလိတ္မွ ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီဖြဲ႔စည္းၿပီး ရခုိင္ျပည္နယ္ ပဋိပကၡေဒသမွ လူထုႏွင့္ ႏုိင္ငံ့ဝန္ထမ္းမ်ားအား ကူညီေထာက္ပံ့ခဲ့ျခင္းျဖစ္ၿပီး ရခုိင္ျပည္နယ္ နယ္စပ္ၿခံစည္းရိုး ကာရံေရးအတြက္ ရန္ပံုေငြ ဆက္လက္ရွာေဖြေနျခင္းျဖစ္သည္။

ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီသည္ ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရးရန္ပံုေငြမ်ားအား လက္ခံၿပီး ဘဏ္စာရင္းဖြင့္လွစ္အပ္ႏွံထားရာ ေအာက္တိုဘာလ (၇)ရက္ေန႔အထိ စုစုေပါင္း က်ပ္ (၂၃၉)သိန္းရိွေၾကာင္း သိရသည္။

အဆိုပါေကာ္မတီသည္ တာခ်ီလိတ္မွ ျပည္သူမ်ား၏ ကူညီေထာက္ပံ့မႈရန္ပံုေငြမ်ားကို ရခိုင္ျပည္နယ္ အစိုးရမွတစ္ဆင့္ ရခိုင္ျပည္သူမ်ားထံ က်ပ္သိန္း (၁၀၀)ႏွင့္ က်ပ္ (၁၀,၂၂၈,၅၀၀)တန္ဖိုးရိွ စားနပ္ရိကၡာမ်ား ကူညီေပးခဲ့သည့္အျပင္ ရွမ္းျပည္နယ္အစိုးရမွတစ္ဆင့္ က်ပ္သိန္း (၅၀)ကိုလည္း လွဴဒါန္းခဲ့ျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၁၀)ရက်နေ့၌ ဖျော်ဖြေမည့် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးရန်ပုံငွေပွဲအတွက် လက်မှတ်များကို အောက်တိုဘာလ (၇)ရက်နေ့မှ စ၍ တစ်စောင်လျှင် ဘတ်(၂၀၀)ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့(အောက်တိုဘာ ၇ )ကစပြီး ဗယ်လင်တိုင်း(ကဖေးနှင့်အအေးဆိုင်)မှာ စပြီး ရောင်းပေးနေပါပြီ။ (၁၀)ရက်နေ့မှာတော့ မနက်ကတည်းက ရှမ်းရိုးမကွင်း ချစ်စွမ်းသာ ဇာတ်သဘင်မှာလည်း ရောင်းချ ပေးသွားမှာပါ။ အဲဒီနေ့မှာတော့ ခါတိုင်းညတွေထက် စောစောဖျော်ဖြေသွားဖို့ရှိတယ်။ ချစ်စွမ်းသာ အပြင် သျှန်ထွန်း(မြန်မာစာ)နဲ့ တာချီလိတ်က ဝါသနာရှင်တွေပူးပေါင်းပြီး "တာချီလိတ်က ကြိုဆိုပါတယ်" သီချင်းကိုလည်း သီဆိုသွားဖို့ရှိတယ်။ နောက် ဂျေညီညီကလည်း ဖျော်ဖြေမှာပါ”ဟု တာချီလိတ်မှ ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ပဋိပက္ခဒေသမှ လူထုနှင့် နိုင်ငံ့ဝန်ထမ်းများအား ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုး ကာရံရေးအတွက် ရန်ပုံငွေ ဆက်လက်ရှာဖွေနခြေင်းဖြစ်သည်။

ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီသည် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးရန်ပုံငွေများအား လက်ခံပြီး ဘဏ်စာရင်းဖွင့်လှစ်အပ်နှံထားရာ အောက်တိုဘာလ (၇)ရက်နေ့အထိ စုစုပေါင်း ကျပ် (၂၃၉)သိန်းရှိကြောင်း သိရသည်။

အဆိုပါကော်မတီသည် တာချီလိတ်မှ ပြည်သူများ၏ ကူညီထောက်ပံ့မှုရန်ပုံငွေများကို ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် ရခိုင်ပြည်သူများထံ ကျပ်သိန်း (၁၀၀)နှင့် ကျပ် (၁၀,၂၂၈,၅၀၀)တန်ဖိုးရှိ စားနပ်ရိက္ခါများ ကူညီပေးခဲ့သည့်အပြင် ရှမ်းပြည်နယ်အစိုးရမှတစ်ဆင့် ကျပ်သိန်း (၅၀)ကိုလည်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~