သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတားေပၚ ျဖတ္သန္းမႈအား ေအာက္တိုဘာလ(၁၂)ရက္ေန႔အထိ ေခတၱယာယီ ပိတ္ထားမည္

သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတားေပၚ ျဖတ္သန္းမႈအား ေအာက္တိုဘာလ(၁၂)ရက္ေန႔အထိ ေခတၱယာယီ ပိတ္ထားမည္
အောက်တိုဘာ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္အတြင္း မိုးသည္းထန္စြာ ရြာသြန္းသည့္အတြက္ တာဆန္းႀကိဳး တံတားအား ေအာက္တိုဘာလ(၁၁)ရက္ေန႔မွစ၍ ေအာက္တိုဘာလ(၁၂)ရက္ေန႔အထိ သြားလာမႈ ေခတၱယာယီ ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

တာဆန္း - မိုင္းတံု - မိုင္းဆတ္လမ္းရွိ တာဆန္းႀကိဳးတံတား၏ မိုင္းတံုဘက္ျခမ္း ႀကိဳးဆိုင္းအုတ္ခံုအား ထိန္းထားသည့္ ေက်ာက္စီေျမနံရံသည္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၁)ရက္ေန႔ နံနက္(၄)နာရီ၀န္းက်င္ အခ်ိန္က မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ရသည့္ အတြက္ သက္ဆိုင္ရာ ဌာနမ်ားမွ ရွင္းလင္း ဖယ္ရွားခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တံတားမွာ မ်က္ျမင္အရ ပ်က္စီးမႈ မရွိေသာ္လည္း သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတား၏ ႀကံ႕ခိုင္မႈကို တံတားအထူးအဖြဲ႔(၁၂)မွ ျပန္လည္စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိသည့္ အတြက္ ေအာက္တိုဘာလ(၁၁)ရက္ေန႔မွ စ၍ ေအာက္တိုဘာလ(၁၂)ရက္ေန႔အထိ သြားလာမႈအား ေခတၱယာယီပိတ္ထားမည္ျဖစ္ေၾကာင္း သက္ဆိုင္ရာက အသိေပးထားရွိသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် တာဆန်းကြိုး တံတားအား အောက်တိုဘာလ(၁၁)ရက်နေ့မှစ၍ အောက်တိုဘာလ(၁၂)ရက်နေ့အထိ သွားလာမှု ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

တာဆန်း - မိုင်းတုံ - မိုင်းဆတ်လမ်းရှိ တာဆန်းကြိုးတံတား၏ မိုင်းတုံဘက်ခြမ်း ကြိုးဆိုင်းအုတ်ခုံအား ထိန်းထားသည့် ကျောက်စီမြေနံရံသည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင် အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့ရသည့် အတွက် သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်း ဖယ်ရှားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တံတားမှာ မျက်မြင်အရ ပျက်စီးမှု မရှိသော်လည်း သံလွင်မြစ်ကူး တာဆန်းကြိုးတံတား၏ ကြံ့ခိုင်မှုကို တံတားအထူးအဖွဲ့(၁၂)မှ ပြန်လည်စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည့် အတွက် အောက်တိုဘာလ(၁၁)ရက်နေ့မှ စ၍ အောက်တိုဘာလ(၁၂)ရက်နေ့အထိ သွားလာမှုအား ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားရှိသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~