အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်း
အောကျတိုဘာ 2, 2017
By Tachileik News Agency
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အောက်တိုဘာလ (၂)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သွေးလှူဘဏ်တွင် စုပေါင်း သွေးလှူဒါန်းကြသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆို ဂုဏ်ပြုသည့် အနဖြေင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အောက်တိုဘာလ (၂)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သွေးလှူဘဏ်တွင် စုပေါင်း သွေးလှူဒါန်းကြသည်။
"အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ ဌာနကနပြေီးတော့ သွေးလာရောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ ဒါမျိုးစုပေါင်း သွေးလှူဒါန်းတာတွေ မလုပ်ခဲ့ဖူးပါဘူး။ ဒီနေ့က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စုစုပေါင်း (၁၅)ဦး လာရောက်လှူဒါန်းခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်သွေးလိုအပ်ချက်မှာ သွေး(၁၀)လုံးခန့် ရှိနေသည့် အတွက် သွေးလှူဒါန်းလိုသည့် မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လှုပ်ရှားမှုများ ဆောင်ရွက်နေရာ အောက်တိုဘာလ (၁)ရက်နေ့ကလည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးရှိ ရှေးဟောင်း လွယ်ယွန်းခမ်းစေတီတော်တွင် လုပ်အားဒါနပြုခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~