ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံၿပိဳင္ပြဲ ဆုေၾကးမ်ား ယခင္ႏွစ္ထက္ တိုးျမႇင့္ထား

ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံၿပိဳင္ပြဲ ဆုေၾကးမ်ား ယခင္ႏွစ္ထက္ တိုးျမႇင့္ထား
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၌ က်င္းပမည့္ တန္ေဆာင္တိုင္ပြဲေတာ္တြင္ မီးပံုးပ်ံဆုေၾကးမ်ားကို ယခင္ႏွစ္ထက္ တိုးျမႇင့္ခ်ီးျမွင့္သြားမည္ျဖစ္ေၾကာင္း တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရး ဆပ္ေကာ္မတီထံမွ သိရသည္။

“ညမီးႀကီးကို ပထမဆုကေနဆု ငါးဆုကို က်ပ္ေငြငါးသိန္းစီ တိုးျမႇင့္ေပးထားပါတယ္။ မႏွစ္က ပထမဆုကို က်ပ္သိန္း( ၆၀) ဆိုေတာ့ ဒီႏွစ္ငါးသိန္းထပ္တိုးေတာ့ (၆၅) သိန္းရရွိမွာျဖစ္ပါတယ္။ ဒုတိယဆုက (၄၅) သိန္း၊ ဒီႏွစ္က သိန္း (၅၀) ျဖစ္သြားမယ္။ ပထမဆုနဲ႔ ဒုတိယဆုက (၁၅) သိန္းျခားတယ္။ ညမီးႀကီး တစ္မ်ဳိးထဲ (၅) သိန္းတိုးတာပါ။ စိန္နားပန္ေတြလည္း အနည္းငယ္စီ ဆုေၾကးေငြတိုးထားေပးပါတယ္။ အရုပ္ေတြက်ေတာ့ ငါးေသာင္း၊ တစ္သိန္းစီေတာ့ တိုးထားေပးပါတယ္။ အကုန္လံုးေတာ့ မတိုးပါဘူး။ ညမီးႀကီး ဂုဏ္ျပဳဆုကေတာ့ မႏွစ္က ငါးသိန္းေပးတယ္။ ဒီႏွစ္က သံုးသိန္းတိုးေပးေတာ့ ရွစ္သိန္း ရရွိမွာျဖစ္ပါတယ္။ တန္ေဆာင္တိုင္ပြဲေတာ္ သီခ်င္းေတြကို ၿပိဳင္ပြဲလုပ္ၿပီး ဆုရတဲ့သီခ်င္းေတြကို အသံုးျပဳ သြားမွာပါ။ သီခ်င္းကေတာ့ တစ္ႏွစ္တပုဒ္ ေျပာင္းပါတယ္။ ဆုေတြလည္း တိုးျမႇင့္ေပးထားပါတယ္” ဟု ရွမ္းျပည္နယ္ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရးဦးစီးေကာ္မတီ၀င္ ပြဲက်င္းပေရး ဆပ္ေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ေဒါက္တာသန္း၀င္းက ေျပာသည္။

ပြဲေတာ္တြင္ ၀င္ေရာက္ယွဥ္ၿပဳိင္ရမည့္ မီးပုံးပ်ံအမ်ိဳးအစားမ်ားမွာ မီးပုံးေလးမ်ားျဖင့္ အလွဆင္ထားသည့္ စိန္နားပန္မီးပုံး၊ ယမ္းအလွမ်ားျဖင့္ ယွဥ္ၿပဳိင္ရသည့္ ညမီးႀကီးမီးပုံးႏွင့္ ေန႔ခင္းတြင္ လႊတ္တင္ရသည့္ ေန႔လႊတ္အရုပ္မီးပုံးဟူ၍ သုံးမ်ိဳးျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တုိင္ပြဲေတာ္အား ေအာက္တိုဘာလ (၂၆) ရက္ေန႔မွ ႏိုဝင္ဘာလ (၃) ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ႏိုဝင္ဘာလ (၄)ရက္ေန႔တြင္ ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ မီးပံုးပ်ံၿပိဳင္ပြဲတြင္ ညမီးႀကီး (၈၈ )လံုး၊ စိန္နားပန္ (၃၉ )လံုးႏွင့္ ေန႔လႊတ္အရုပ္ ( ၂၆၆ )တို႔ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ယမန္ႏွစ္က ညမီးႀကီး ( ၈၀ )လံုး၊ စိန္နားပန္ (၃၆ )လံုးႏွင့္ ေန႔လႊတ္အရုပ္ ( ၂၈၇ )တို႔ ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဆုကြေးများကို ယခင်နှစ်ထက် တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။

“ညမီးကြီးကို ပထမဆုကနေဆု ငါးဆုကို ကျပ်ငွေငါးသိန်းစီ တိုးမြှင့်ပေးထားပါတယ်။ မနှစ်က ပထမဆုကို ကျပ်သိန်း( ၆၀) ဆိုတော့ ဒီနှစ်ငါးသိန်းထပ်တိုးတော့ (၆၅) သိန်းရရှိမှာဖြစ်ပါတယ်။ ဒုတိယဆုက (၄၅) သိန်း၊ ဒီနှစ်က သိန်း (၅၀) ဖြစ်သွားမယ်။ ပထမဆုနဲ့ ဒုတိယဆုက (၁၅) သိန်းခြားတယ်။ ညမီးကြီး တစ်မျိုးထဲ (၅) သိန်းတိုးတာပါ။ စိန်နားပန်တွေလည်း အနည်းငယ်စီ ဆုကြေးငွေတိုးထားပေးပါတယ်။ အရုပ်တွေကျတော့ ငါးသောင်း၊ တစ်သိန်းစီတော့ တိုးထားပေးပါတယ်။ အကုန်လုံးတော့ မတိုးပါဘူး။ ညမီးကြီး ဂုဏ်ပြုဆုကတော့ မနှစ်က ငါးသိန်းပေးတယ်။ ဒီနှစ်က သုံးသိန်းတိုးပေးတော့ ရှစ်သိန်း ရရှိမှာဖြစ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော် သီချင်းတွေကို ပြိုင်ပွဲလုပ်ပြီး ဆုရတဲ့သီချင်းတွေကို အသုံးပြု သွားမှာပါ။ သီချင်းကတော့ တစ်နှစ်တပုဒ် ပြောင်းပါတယ်။ ဆုတွေလည်း တိုးမြှင့်ပေးထားပါတယ်” ဟု ရှမ်းပြည်နယ်တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲကျင်းပရေးဦးစီးကော်မတီဝင် ပွဲကျင်းပရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် မီးပုံးပျံအမျိုးအစားများမှာ မီးပုံးလေးများဖြင့် အလှဆင်ထားသည့် စိန်နားပန်မီးပုံး၊ ယမ်းအလှများဖြင့် ယှဉ်ပြိုင်ရသည့် ညမီးကြီးမီးပုံးနှင့် နေ့ခင်းတွင် လွှတ်တင်ရသည့် နေ့လွှတ်အရုပ်မီးပုံးဟူ၍ သုံးမျိုးဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး (၈၈ )လုံး၊ စိန်နားပန် (၃၉ )လုံးနှင့် နေ့လွှတ်အရုပ် ( ၂၆၆ )တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယမန်နှစ်က ညမီးကြီး ( ၈၀ )လုံး၊ စိန်နားပန် (၃၆ )လုံးနှင့် နေ့လွှတ်အရုပ် ( ၂၈၇ )တို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~