တာခ်ီလိတ္ဓါတ္ပံုအသင္းရံုးဖြင့္လွစ္လိုက္ၿပီးေနာက္ ရန္ပံုေငြအတြက္ ရိုက္ကူးေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္

တာခ်ီလိတ္ဓါတ္ပံုအသင္းရံုးဖြင့္လွစ္လိုက္ၿပီးေနာက္ ရန္ပံုေငြအတြက္ ရိုက္ကူးေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္
အောက်တိုဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဓါတ္ပံု လုပ္ငန္း လုပ္ကိုင္ေနသူမ်ားႏွင့္ ဓါတ္ပံု ၀ါသနာရွင္မ်ားျဖင့္ စုေပါင္းဖြဲ႔စည္းလိုက္သည့္ တာခ်ီလိတ္ဓါတ္ပံုအသင္း၏ ရံုးအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ (၂)ရက္ေန႔က စတင္ဖြင့္လွစ္လိုက္ၿပီး  ရန္ပံုေငြအတြက္ ရိုက္ကူးေရး လုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“အလွဴေတြ၊ မဂၤလာေဆာင္ေတြျဖစ္ျဖစ္ ဓာတ္ပံုရိုက္ကူးခ်င္တာေတြကို အသင္းအေနနဲ႔ ရိုက္ကူးေရး လုပ္ငန္းေတြလည္း လုပ္ပါမယ္။ အသင္းရန္ပံုေငြ အတြက္ပါ။ ေနာက္ပိုင္းမွာ အသင္းသားေတြအတြက္ ဓာတ္ပံုပညာရွင္ေတြေခၚၿပီး သင္တန္းဖြင့္လွစ္တာေတြ လုပ္ေဆာင္သြားမွာပါ။ အသင္းဝင္ခ်င္လို႔ရိွရင္ ျမန္မာႏုိင္ငံသား စိစစ္ေရးကတ္ျဖစ္ေစ၊ FRC ျဖစ္ေစရိွတယ္ဆိုရင္ရပါတယ္။ ဝင္ေၾကးက ဘတ္(၅၀၀) လစဥ္က တစ္လကို က်ပ္(၃၀၀၀)သတ္မွတ္ထားပါတယ္။ ဝင္ေၾကးနဲ႔ လစဥ္ေၾကးေတြက ေနာက္ပိုင္း သင္တန္းေတြ စီစဥ္ရာမွာ သံုးစြဲဖို႔ အတြက္ပါ။ အသင္းဝင္ျဖစ္ဖို႔ ေဒသကန္႔သတ္ခ်က္မရိွပါဘူး”ဟု တာခ်ီလိတ္ဓာတ္ပံုအသင္း နာယက ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာက္တိုဘာလ (၂)ရက္ေန႔တြင္ ဖြင့္လွစ္လိုက္သည့္ အဆိုပါ ရံုးဖြင့္ပြဲသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ဖိတ္ၾကားထားသူမ်ားမွ တက္ေရာက္အားေပးခဲ့ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂)ရက္ေန႔ နံနက္ပိုင္းက အဆိုပါ အသင္းအား စတင္ဖြဲ႔စည္းခဲ့ၿပီး အသင္း၏ လုပ္ငန္းမ်ားအား (၁၅)ဦး ပါဝင္သည့္ ေကာ္မတီျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ေကာ္မတီတြင္ အလုပ္အမႈေဆာင္ (၁၁)ဦးႏွင့္ နာယက (၄)ဦး ပါဝင္ ဖြဲ႔စည္းထားေၾကာင္း ႏွင့္ ရံုးစတင္ ဖြင့္လွစ္သည့္ေန႔တြင္ အသင္း၀င္ စုစုေပါင္း (၃၀)ရွိၿပီျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ဓါတ္ပံုအသင္းရံုးအား တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႀကီးေဘး အမွတ္(၅/၁၃)တြင္ ဖြင့္လွစ္ထားရွိရာ ဧည့္ခံပြဲမ်ားႏွင့္ မွတ္တမ္းပံုမ်ား ရိုက္လိုသူမ်ားအေနျဖင့္ အဆိုပါ ရံုးသို႔ လာေရာက္ကာ အႀကံဥာဏ္ရယူႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္မွ ဓါတ္ပံု၀ါသနာရွင္မ်ား အေနျဖင့္ မည္သူမဆို တာခ်ီလိတ္ဓါတ္ပံုအသင္းသို႔ အသင္း၀င္ အျဖစ္ ၀င္ေရာက္လိုပါက အဆိုပါ ရံုးသို႔ ျဖစ္ေစ၊ ဦးေအာင္ေက်ာ္၀င္းစိန္ ( 09250857449 )၊ ဦးေအးကို
( 09251149266 ) ႏွင့္ ဦးမင္းေအာင္ ( 09251149485 )သို႔ထံ ဆက္သြယ္၍ျဖစ္ေစ အေသးစိတ္ ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓာတ္ပံု - တာခ်ီလိတ္ဓါတ္ပံုအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဓာတ်ပုံ လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဓာတ်ပုံ ဝါသနာရှင်များဖြင့် စုပေါင်းဖွဲ့စည်းလိုက်သည့် တာချီလိတ်ဓာတ်ပုံအသင်း၏ ရုံးအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီး ရန်ပုံငွေအတွက် ရိုက်ကူးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အလှူတွေ၊ မင်္ဂလာဆောင်တွဖြေစ်ဖြစ် ဓာတ်ပုံရိုက်ကူးချင်တာတွေကို အသင်းအနေနဲ့ ရိုက်ကူးရေး လုပ်ငန်းတွေလည်း လုပ်ပါမယ်။ အသင်းရန်ပုံငွေ အတွက်ပါ။ နောက်ပိုင်းမှာ အသင်းသားတွေအတွက် ဓာတ်ပုံပညာရှင်တွေခေါ်ပြီး သင်တန်းဖွင့်လှစ်တာတွေ လုပ်ဆောင်သွားမှာပါ။ အသင်းဝင်ချင်လို့ရှိရင် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ဖြစ်စေ၊ FRC ဖြစ်စေရှိတယ်ဆိုရင်ရပါတယ်။ ဝင်ကြေးက ဘတ်(၅၀၀) လစဉ်က တစ်လကို ကျပ်(၃၀၀၀)သတ်မှတ်ထားပါတယ်။ ဝင်ကြေးနဲ့ လစဉ်ကြေးတွေက နောက်ပိုင်း သင်တန်းတွေ စီစဉ်ရာမှာ သုံးစွဲဖို့ အတွက်ပါ။ အသင်းဝင်ဖြစ်ဖို့ ဒေသကန့်သတ်ချက်မရှိပါဘူး”ဟု တာချီလိတ်ဓာတ်ပုံအသင်း နာယက ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောက်တိုဘာလ (၂)ရက်နေ့တွင် ဖွင့်လှစ်လိုက်သည့် အဆိုပါ ရုံးဖွင့်ပွဲသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဖိတ်ကြားထားသူများမှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက အဆိုပါ အသင်းအား စတင်ဖွဲ့စည်းခဲ့ပြီး အသင်း၏ လုပ်ငန်းများအား (၁၅)ဦး ပါဝင်သည့် ကော်မတီဖြင့် လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကော်မတီတွင် အလုပ်အမှုဆောင် (၁၁)ဦးနှင့် နာယက (၄)ဦး ပါဝင် ဖွဲ့စည်းထားကြောင်း နှင့် ရုံးစတင် ဖွင့်လှစ်သည့်နေ့တွင် အသင်းဝင် စုစုပေါင်း (၃၀)ရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဓာတ်ပုံအသင်းရုံးအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး အမှတ်(၅/၁၃)တွင် ဖွင့်လှစ်ထားရှိရာ ဧည့်ခံပွဲများနှင့် မှတ်တမ်းပုံများ ရိုက်လိုသူများအနဖြေင့် အဆိုပါ ရုံးသို့ လာရောက်ကာ အကြံဉာဏ်ရယူနိုင်ကြောင်း သိရသည်။

တာချီလိတ်မှ ဓာတ်ပုံဝါသနာရှင်များ အနဖြေင့် မည်သူမဆို တာချီလိတ်ဓာတ်ပုံအသင်းသို့ အသင်းဝင် အဖြစ် ဝင်ရောက်လိုပါက အဆိုပါ ရုံးသို့ ဖြစ်စေ၊ ဦးအောင်ကျော်ဝင်းစိန် ( 09250857449 )၊ ဦးအေးကို
( 09251149266 ) နှင့် ဦးမင်းအောင် ( 09251149485 )သို့ထံ ဆက်သွယ်၍ဖြစ်စေ အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - တာချီလိတ်ဓာတ်ပုံအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~