တာခ်ီလိတ္ - တာေလသြားလမ္းတြင္ ကားႏွင့္ဆိုင္ကယ္တိုက္မိရာမွ တစ္ဦးေသဆံုးကာ ကားေမာင္းသူမွာ ထြက္ေျပးေန

တာခ်ီလိတ္ - တာေလသြားလမ္းတြင္ ကားႏွင့္ဆိုင္ကယ္တိုက္မိရာမွ တစ္ဦးေသဆံုးကာ ကားေမာင္းသူမွာ ထြက္ေျပးေန
အောက်တိုဘာ 27, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ တာခ်ီလိတ္ - တာေလ သြားလမ္း စခန္းသာရြာ ႏွင့္ ပန္ေတာင္းရြာၾကားတြင္ ေမာ္ေတာ္ကားႏွင့္ ဆိုင္ကယ္တိုက္မႈ ျဖစ္ပြားၿပီး အမ်ဳိးသားတစ္ဦး ေသဆံုးကာ ေမာ္ေတာ္ကားေမာင္းသူမွာ ထြက္ေျပးလြတ္ေျမာက္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၇)ရက္ေန႔ ေန႔လယ္ပိုင္းက ျဖစ္ပြားျခင္း ျဖစ္ေၾကာင္းႏွင့္ ယာဥ္အမွတ္ SHN-5G-1404 တပ္ဆင္ထားသည့္ ေမာ္ေတာ္ကားႏွင့္ ဦးစံျမင့္ႏွင့္ ဦးအားေလာင္တို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ တိုက္မိျခင္းျဖစ္ၿပီး ယာဥ္တိုက္မႈ ျဖစ္ၿပီးေနာက္ ေမာ္ေတာ္ကားေမာင္းသူမွာ ထြက္ေျပးသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ေမာ္ေတာ္ဆိုင္ကယ္တြင္ ပါလာသူ ႏွစ္ဦးအနက္ အသက္(၄၅)ႏွစ္၀န္းက်င္ရွိ ဦးစံျမင့္သည္ ဘယ္ဘက္ေပါင္ႏွင့္ဘယ္ဘက္လက္ေမာင္းက်ဳိးသြားေၾကာင္း ႏွင့္ အသက္(၅၂)၀န္းက်င္ရွိ ဦးအားေလာင္ ဆိုသူမွာ ေနရာ၌ပင္ ပြဲခ်င္းျပီး ေသဆံုးသြားေၾကာင္း သိရသည္။

ဆက္လက္၍ ဘယ္ဘက္ေပါင္ႏွင့္ဘယ္ဘက္လက္ေမာင္းက်ဳိးသြားသူ အသက္(၄၅)ႏွစ္၀န္းက်င္ရွိ ဦးစံျမင့္အား တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ေသဆံုးသူ ႏွင့္ ဒဏ္ရာရသူ ႏွစ္ဦးမွာ တာေလၿမိဳ႕ နားေယာင္းေက်းရြာအုပ္စု၊ ေဟြခိုက္ေက်းရြာတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း ႏွင့္ ယာဥ္တိုက္မႈ ျဖစ္ပြားရာေနရာသို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေရာက္ရွိကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္

ဓာတ္ပုံ- slai slai


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် တာချီလိတ် - တာလေ သွားလမ်း စခန်းသာရွာ နှင့် ပန်တောင်းရွာကြားတွင် မော်တော်ကားနှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ မော်တော်ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ယာဉ်အမှတ် SHN-5G-1404 တပ်ဆင်ထားသည့် မော်တော်ကားနှင့် ဦးစံမြင့်နှင့် ဦးအားလောင်တို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် တိုက်မိခြင်းဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပြီးနောက် မော်တော်ကားမောင်းသူမှာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ်တွင် ပါလာသူ နှစ်ဦးအနက် အသက်(၄၅)နှစ်ဝန်းကျင်ရှိ ဦးစံမြင့်သည် ဘယ်ဘက်ပေါင်နှင့်ဘယ်ဘက်လက်မောင်းကျိုးသွားကြောင်း နှင့် အသက်(၅၂)ဝန်းကျင်ရှိ ဦးအားလောင် ဆိုသူမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဆက်လက်၍ ဘယ်ဘက်ပေါင်နှင့်ဘယ်ဘက်လက်မောင်းကျိုးသွားသူ အသက်(၄၅)နှစ်ဝန်းကျင်ရှိ ဦးစံမြင့်အား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသူ နှင့် ဒဏ်ရာရသူ နှစ်ဦးမှာ တာလမြေို့ နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း နှင့် ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ- slai slai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~