သံလြင္သစၥာအဖြဲ႔၏ ေတာင္သူအေထာက္အကူျပဳစီမံခ်က္ကို က်ိဳင္းတံုႏွင့္ ရွမ္းေတာင္ ၅ ၿမိဳ႕နယ္တြင္ တိုးခ်ဲ႕ေဆာင္ရြက္မည္

သံလြင္သစၥာအဖြဲ႔၏ ေတာင္သူအေထာက္အကူျပဳစီမံခ်က္ကို က်ိဳင္းတံုႏွင့္ ရွမ္းေတာင္ ၅ ၿမိဳ႕နယ္တြင္ တိုးခ်ဲ႕ေဆာင္ရြက္မည္
အောက်တိုဘာ 21, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္မ်ားတြင္ ေတာင္သူအေထာက္အကူျပဳ ေဆာင္ရြက္ေနသည့္ သံလြင္သစၥာအဖြဲ႔၏ တတိယစီမံခ်က္ကာလတစ္ႏွစ္ခဲြတြင္ က်ိဳင္းတံုႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း (၅)ၿမိဳ႕နယ္အထိ တိုးခ်ဲ႕ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေျခစိုက္သည့္ အဆိုပါအဖြဲ႔၏ တတိယစီမံခ်က္ကာလ အေၾကာင္းကို ေအာက္တိုဘာလ (၂၀)ရက္ေန႔က ခရိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္ ဆက္စပ္ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ ဟိုတယ္တာခ်ီလိတ္တြင္ ေတြ႔ဆံုရွင္းလင္းတင္ျပခဲ့ျခင္းျဖစ္သည္။

 “သံလြင္သစၥာအဖြဲ႔ရဲ႕ ေရွ႕ဆက္လုပ္မယ့္လုပ္ငန္းစဥ္ေတြ အသိေပးရွင္းလင္းျခင္းနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ တာခ်ီလိတ္ဝန္းက်င္မွာ သဘာဝပတ္ဝန္းက်င္ ဘာေၾကာင့္ပ်က္စီးေနလဲဆိုတာ မီးေမာင္းထိုးျပတဲ့ မူဝါဒေရးရာ စာေစာင္ကိုလည္း ျဖန္႔ေဝေပးတာပါ။ ကၽြန္ေတာ္တို႔ တတိယစီမံခ်က္ကာလမွာ က်ိဳင္းတံုၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ေတာင္ပိုင္း (၅)ၿမိဳ႕နယ္ကို တိုးခ်ဲ႕ထားပါတယ္”ဟု သံလြင္သစၥာအဖြဲ႔ တည္ေထာင္သူႏွင့္ ဒါရိုက္တာျဖစ္သူ ဦးတင္ျမင့္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိိုပါအဖြဲ႕သည္ တာခ်ီလိတ္ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္မ်ားတြင္ လယ္ယာေျမမွတ္ပံုတင္ ပံုစံ(၇)မရေသးသည့္ ေတာင္သူလယ္သမားမ်ား လယ္ယာေျမမွတ္ပံုတင္လုပ္ေဆာင္ေစရန္၊ အျငင္းပြားလယ္ယာေျမမ်ား ကူညီေျဖရွင္းေပးရန္၊ ေတာင္သူမ်ားႏွင့္ သက္ဆုိင္သည့္ ဥပေဒမ်ား အသိပညာေပးရန္ႏွင့္ အစုအဖြဲ႔ပိုင္သစ္ေတာ ထူေထာင္ေပးရန္ လုပ္ေဆာင္ခ်က္မ်ားအား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သံလြင္သစၥာအဖြဲ႕သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္မ်ားတြင္ ၂၀၁၅ ခုႏွစ္က (၉)လၾကာ စီမံခ်က္၊ ၂၀၁၆ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အထိ တစ္ႏွစ္စီမံခ်က္မ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ တတိယစီမံခ်က္အျဖစ္ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၁၉ ခုႏွစ္ မတ္လအထိ တစ္ႏွစ္ခြဲကာလကို တာခ်ီလိတ္ႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္မ်ားအျပင္ ့ က်ိဳင္းတံုၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းရိွ ၿမိဳ႕နယ္(၅)ခုျဖစ္သည့္ ေတာင္ႀကီး၊လိြဳင္လင္၊ မိုးနဲ၊ ေညာင္ေရႊႏွင့္ ကေလာတို႔အထိ တိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိိရသည္။

အဖြဲ႔၏လုပ္ငန္းစီမံခ်က္မ်ားအတြက္ NAMATI အဖြဲ႔ထံမွ နည္းပညာႏွင့္ ဘ႑ာေငြ အေထာက္အပံ့ အကူအညီရယူၿပီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာနမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
သံလွင်သစ္စာအဖွဲ့၏ တောင်သူအထောက်အကူပြုစီမံချက်ကို ကျိုင်းတုံနှင့် ရှမ်းတောင် ၅ မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်မည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့နယ်များတွင် တောင်သူအထောက်အကူပြု ဆောင်ရွက်နေသည့် သံလွင်သစ္စာအဖွဲ့၏ တတိယစီမံချက်ကာလတစ်နှစ်ခွဲတွင် ကျိုင်းတုံနှင့် ရှမ်းပြည်နယ်တောင်ပိုင်း (၅)မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်သည့် အဆိုပါအဖွဲ့၏ တတိယစီမံချက်ကာလ အကြောင်းကို အောက်တိုဘာလ (၂၀)ရက်နေ့က ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆက်စပ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဟိုတယ်တာချီလိတ်တွင် တွေ့ဆုံရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

 “သံလွင်သစ္စာအဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေ အသိပေးရှင်းလင်းခြင်းနဲ့ ကျွန်တော်တို့ရဲ့ တာချီလိတ်ဝန်းကျင်မှာ သဘာဝပတ်ဝန်းကျင် ဘာကြောင့်ပျက်စီးနေလဲဆိုတာ မီးမောင်းထိုးပြတဲ့ မူဝါဒရေးရာ စာစောင်ကိုလည်း ဖြန့်ဝေပေးတာပါ။ ကျွန်တော်တို့ တတိယစီမံချက်ကာလမှာ ကျိုင်းတုံမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း (၅)မြို့နယ်ကို တိုးချဲ့ထားပါတယ်”ဟု သံလွင်သစ္စာအဖွဲ့ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိိုပါအဖွဲ့သည် တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်များတွင် လယ်ယာမြေမှတ်ပုံတင် ပုံစံ(၇)မရသေးသည့် တောင်သူလယ်သမားများ လယ်ယာမြေမှတ်ပုံတင်လုပ်ဆောင်စေရန်၊ အငြင်းပွားလယ်ယာမြေများ ကူညီဖြေရှင်းပေးရန်၊ တောင်သူများနှင့် သက်ဆိုင်သည့် ဥပဒေများ အသိပညာပေးရန်နှင့် အစုအဖွဲ့ပိုင်သစ်တော ထူထောင်ပေးရန် လုပ်ဆောင်ချက်များအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်သစ္စာအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်များတွင် ၂၀၁၅ ခုနှစ်က (၉)လကြာ စီမံချက်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်စီမံချက်များ လုပ်ဆောင်ခဲ့ပြီးနောက် တတိယစီမံချက်အဖြစ် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ တစ်နှစ်ခွဲကာလကို တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်များအပြင် ့ ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်(၅)ခုဖြစ်သည့် တောင်ကြီး၊လွိုင်လင်၊ မိုးနဲ၊ ညောင်ရွှေနှင့် ကလောတို့အထိ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိိရသည်။

အဖွဲ့၏လုပ်ငန်းစီမံချက်များအတွက် NAMATI အဖွဲ့ထံမှ နည်းပညာနှင့် ဘဏ္ဍာငွေ အထောက်အပံ့ အကူအညီရယူပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~