မိုင္းျဖတ္တြင္ ေဒသတြင္း လူေနမႈ အခ်က္အလက္မ်ား မွန္ကန္စြာ သိေစေရးအတြက္ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္မ်ား အသိပညာေပး

မိုင္းျဖတ္တြင္ ေဒသတြင္း လူေနမႈ အခ်က္အလက္မ်ား မွန္ကန္စြာ သိေစေရးအတြက္ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္မ်ား အသိပညာေပး
အောက်တိုဘာ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ လူေနမႈ ေဒသအေျခအေနမ်ားႏွင့္ ေဒသအခ်က္အလက္မ်ားအား သိရွိေစရန္အတြက္ (၂)ရက္တာ က်င္းပျပဳလုပ္မည့္ ၿမိဳ႕နယ္အဆင့္ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္မ်ား အသိပညာေပးပြဲကို ေအာက္တိုဘာလ(၁၆)ရက္ေန႔ နံနက္ပိုင္းကစတင္၍ မိုင္းျဖတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရွိ အစည္းအေ၀းခန္းမတြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

“အဓိက ရည္ရြယ္ခ်က္ကေတာ့ ကိုယ့္ၿမိဳ႕ ကိုယ့္ေဒသမွာ လူဦးေရ ဘယ္ေလာက္ရွိခဲ့တယ္၊ ဘယ္လို ေနထိုင္ လုပ္ကိုင္ စားေသာက္ေနတယ္၊ လူမႈေရး၊ စီးပြားေရး၊ အခ်က္အလက္ေတြကို မွန္မွန္ကန္ကန္ မသိခဲ့တဲ့အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိေစလိုတဲ့ ရည္ရြယ္ခ်က္ ျဖစ္ပါတယ္ ” ဟု က်ဳိင္းတံုခ႐ိုင္မွ ဒုတိယခ႐ိုင္ဦးစီးမွဴး လ/ထၫႊန္ၾကား ေရးမွဴး ဦးလွ၀င္းေမာင္ (သင္တန္းအထူးနည္းျပ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖြင့္ပြဲ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း၊ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန၊ ျပည္သူ႔အင္အားဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမွဴး ေဒၚယဥ္ယဥ္ႀကိဳင္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေခတၱဒုတိယျပည္ နယ္ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္း၊ တာခ်ီလိတ္ခ႐ုိင္ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ က်ဳိင္းတံုခ႐ိုင္၊ ဒုခ႐ိုင္မွဴး လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးလွ၀င္းေမာင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား မိုင္းျဖတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစီးအရာရွိ ဦးျမင့္ေဌး ႏွင့္ ၀န္ထမ္းမ်ား၊ ဒါန-ေရွ႕ေဆာင္ျမန္မာျပည္တြင္း အရပ္ဖက္ အဖြဲ႔အစည္း မွ ဦးစိုင္း၀င္းေအာင္ (Trainner and Editor ) ႏွင့္ ေဆြးေႏြးပြဲတြင္ တက္ေရာက္ေဆြးေႏြးမည့္ သူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။

ၿမိဳ႕နယ္အဆင့္ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္မ်ား အသိပညာေပးပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၇)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူနေမှု ဒေသအခြေအနေများနှင့် ဒေသအချက်အလက်များအား သိရှိစေရန်အတွက် (၂)ရက်တာ ကျင်းပပြုလုပ်မည့် မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးပွဲကို အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းကစတင်၍ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်မြို့ ကိုယ့်ဒေသမှာ လူဦးရေ ဘယ်လောက်ရှိခဲ့တယ်၊ ဘယ်လို နေထိုင် လုပ်ကိုင် စားသောက်နေတယ်၊ လူမှုရေး၊ စီးပွားရေး၊ အချက်အလက်တွေကို မှန်မှန်ကန်ကန် မသိခဲ့တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ် ” ဟု ကျိုင်းတုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူး လ/ထညွှန်ကြား ရေးမှူး ဦးလှဝင်းမောင် (သင်တန်းအထူးနည်းပြ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖွင့်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခေတ္တဒုတိယပြည် နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ တာချီလိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ကျိုင်းတုံခရိုင်၊ ဒုခရိုင်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းမောင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ဌေး နှင့် ဝန်ထမ်းများ၊ ဒါန-ရှေ့ဆောင်မြန်မာပြည်တွင်း အရပ်ဖက် အဖွဲ့အစည်း မှ ဦးစိုင်းဝင်းအောင် (Trainner and Editor ) နှင့် ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးမည့် သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~